တင်ထွန်းနိုင်
From Wikipedia, the free encyclopedia
Remove ads
ဦးတင်ထွန်းနိုင်သည် ရန်ကုန်တိုင်း ဆိပ်ကြီး ခနောင်တို မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားပြု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရွေးကောက်ခံ အမတ်ဖြစ်သည်။ မန္တလေးတိုင်း မြင်းခြံမြို့နယ် ဆီမီးခုံ ရွာ၌ ၁၉၇၁ ဇန်နဝါရီ ၃၀ ရက်တွင် မွေးဖွားသည်။ မန္တလေးစက်မှုတက္ကသိုလ်မှ အီလက်ထရွန်းနစ် အင်ဂျင်နီယာဘွဲ့ကို ရရှိခဲ့ပြီး ရန်ကုန် စီးပွားရေး တက္ကသိုလ်မှ စီမံခန့်ခွဲမှုပညာ မဟာဘွဲ့ကို ရရှိခဲ့သည်။ ၂၀၂၁ ခုနှစ် မတ်လ ၂ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီမှ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဆက်သွယ်ရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စသည့်ဝန်ကြီးဌာနများ၏ ခေတ္တပြည်ထောင်စုဝန်ကြီးအဖြစ် တရားဝင်ခန့်အပ်ခဲ့သည်။[၂][၃]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads