တင်ဦးလွင်

From Wikipedia, the free encyclopedia

Remove ads

ဦးတင်ဦးလွင်(၁၉၅၆ဖွား) သည် မြန်မာ့နိုင်ငံရေးသမား နှင့် သံအမတ်ကြီးဟောင်း ဖြစ်သည်။သူသည် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီးအဖြစ်လည်းကောင်း[]နေပြည်တော်ကောင်စီနယ်မြေဥက္ကဋ္ဌ အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။[] လက်ရှိတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်နေသည်။[]

အချက်တိုများ တင်ဦးလွင်, သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ကြီး ...
Remove ads

ပညာရေး

သူသည် စစ်တက္ကသိုလ် အပါတ်စဉ်(၁၉)ဆင်း ဖြစ်သည်။ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် အပါတ်စဉ်တူသည်။[] ကာကွယ်ရေးတက္ကသိုလ် မှ မဟာဘွဲ့လည်း ရရှိသည်။

သံအမတ်ကြီးဘဝ

ဦးတင်ဦးလွင်သည် တပ်မတော်တွင် ဗိုလ်မှူးချုပ်အဆင့်အထိ နှစ်ပေါင်း ၃၀ကျော် တာဝန်ထမ်းဆောင်ရင်း အချိန်ကုန်ဆုံးခဲ့သည်။ယင်းနောက် နိုင်ငံခြားရေးဝန်ကြီးဌာန သို့ ၂၀၀၄ နောက်ပိုင်းတွင် ပြောင်းရွှေ့လာကာ သီရိလင်္ကာနိုင်ငံ ဆိုင်ရာမြန်မာသံအမတ်ကြီး[]တောင်အာဖရိကဆိုင်ရာ မြန်မာသံအမတ်ကြီး[]စင်ကာပူနိုင်ငံဆိုင်ရာ သံအမတ်ကြီး[] အစရှိသည့် သံအမတ်ကြီးတာဝန်များထမ်းဆောင်သည်။

နိုင်ငံရေးဘဝ

သူ့ကို သံအမတ်ကြီးအဖြစ် မှ နိုင်ငံခြားရေးဝန်ကြီးဌာန ၏ ဒုတိယဝန်ကြီး အဖြစ် ၂၀၁၃ ဩဂုတ် ၁၄ရက်တွင် ဦးသိန်းစိန် အစိုးရ က ခန့်အပ်ခံရသည်။[] []

ထိုတာဝန်ကို ဦးသိန်းစိန် အစိုးရ သက်တမ်းပြည့် သည်အထိ တာဝန်ထမ်းဆောင်သည်။ယင်းနောက် အထွေထွေရွေးကောက်ပွဲ ၂၀၁၅အထွေထွေရွေးကောက်ပွဲ ၂၀၂၀ တို့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြုကာ ဝင်ပြိုင်သည်။[၁၀] ၂ကြိမ်စလုံးရွေးကောက်မခံရပေ။ထိုကာလတစ်လျှောက်လုံး ပါတီတွင် ပါတီဗဟိုကော်မတီဝင်အဖြစ် ထမ်းဆောင်သည်။ အထူးသဖြင့် ပါတီ၏နိုင်ငံခြားရေးရာတွင် တာဝန်ယူရသည်။

ဝန်ကြီးဘဝ

သူ့ကို စစ်အာဏာသိမ်းပြီး တစ်နှစ်ကျော်အကြာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နေပြည်တော်ကောင်စီဥက္ကဋ္ဌ အဖြစ် တာဝန်ပေးသည်။ [၁၁] ယင်းနောက် ၂၀၂၃ ဩဂုတ် ၃ရက် တွင် သာသာနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အဖြစ်ခန့်အပ်သည်။

မိသားစုဘဝ

အိမ်ထောင်သည်တစ်ဦးဖြစ်သည်။

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads