တစ်ပြည်ထောင်နိုင်ငံ
ဒေသအားလုံးကိုဗဟိုအစိုးရဖြင့်အုပ်ချုပ်မှု From Wikipedia, the free encyclopedia
Remove ads
တစ်ပြည်ထောင်နိုင်ငံ သို့မဟုတ် ပြည်ထောင်စုနိုင်ငံတွင် နိုင်ငံဗဟိုအစိုးရသည် တစ်ခုတည်းသော အချုပ်အခြာအာဏာရှိသော အဖွဲ့အစည်းတစ်ခုအဖြစ် အုပ်ချုပ်သည်။ ဗဟိုအစိုးရသည် အုပ်ချုပ်ရေးဌာနခွဲများ၊ ပြည်နယ်များကို ဖန်တီးနိုင်သလိုဖျက်သိမ်းနိုင်သည်။[၁] အဆိုပါပြည်နယ်များသည် ဗဟိုအစိုးရမှ လွှဲအပ်ရန် ရွေးချယ်သော အာဏာများကိုသာ ကျင့်သုံးသည်။ နိုင်ငံရေးအာဏာ ကို devolution (ဗဟိုမှ အာဏာကို လက်အောက်အဖွဲ့အစည်းများသို့ ခွဲဝေပေးခြင်း) မှတဆင့် ဒေသဆိုင်ရာ သို့မဟုတ် ဒေသန္တရအစိုးရ ကို ဥပဒေ ဖြင့် လွှဲအပ်သော်လည်း၊ ဗဟိုအစိုးရသည် ၎င်းတို့ ဗဟိုအစိုးရသို့ အာဏာလွှဲပြောင်းကျရောက်သော အစိုးရ (devolved governments) တို့၏ လုပ်ဆောင်ချက်များကို ဖျက်သိမ်းခြင်း သို့မဟုတ် ၎င်းတို့၏ အာဏာများကို ကန့်သတ်ခြင်း သို့မဟုတ် ချဲ့ထွင်နိုင်သည်။

တစ်ပြည်ထောင်နိုင်ငံများ
တစ်ပြည်ထောင်နိုင်ငံများသည် 'ဖက်ဒရယ်ပြည်ထောင်စု' ဟုလည်းလူသိများသော ဖက်ဒရေးရှင်းနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ ကမ္ဘာ့ အချုပ်အခြာအာဏာပိုင်နိုင်ငံများ (ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ) တွင် အများစုသည် တစ်ပြည်ထောင်စနစ်ဖြင့် အစိုးရဖြစ်သည်။[၂]
မြန်မာနိုင်ငံသည် လွတ်လပ်ရေးရကတည်းက တစ်ပြည်ထောင်စနစ်အား ကျင့်သုံးခဲ့သည့်နိုင်ငံဖြစ်သည်။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads