တစ်သောင်းကျပ်တန် ငွေစက္ကူ
မြန်မာကျပ်ငွေ From Wikipedia, the free encyclopedia
Remove ads
မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တစ်သောင်းကျပ်တန် ငွေစက္ကူ အမျိုးအစားသစ်ကို ၂၀၁၂ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့တွင် စတင် ထုတ်ဝေသည်။


၁၅×၇ စင်တီမီတာ
အပြာရောင်
ထိပ်ပိုင်းတွင် "မြန်မာနိုင်ငံတော် ဗဟိုဘဏ်" စာတမ်း ရိုက်နှိပ် ထားသည်။ အလယ်ပိုင်းတွင် ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် မြေပုံ၊ ၎င်းကို ဝန်းရံထားသော သပြေခက် နှစ်ခက်၊ မျက်နှာချင်းဆိုင် တည်ရှိနေသည့် မြန်မာ့ အနုပညာ လက်ရာ မြောက် ဆင်ဖြူတော် နှစ်စီးနှင့် ထိပ်တွင် ကြာဖြူတစ်ပွင့် ရိုက်နှိပ် ထားသည်။ ငွေစက္ကူ တန်ဖိုးကို ဖော်ပြထားသည့် မြန်မာ စာတန်း"တစ်သောင်းကျပ်" ကိုလည်း ရိုက်နှိပ် ထားသည်။ လက်ယာ ဘက်ပိုင်းတွင် မြန်မာ့ အနုပညာ လက်ရာမြောက် ကနုတ်ပန်းခက် များကို ရိုက်နှိပ် ထားသည်။ ထောင့်သုံးထောင့် တွင် ငွေစက္ကူ တန်ဖိုးကို ဂဏန်း များဖြင့် ရိုက်နှိပ် ထားသည်။ ငွေစက္ကူ တန်ဖိုးကို မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် ရိုက်နှိပ် ထားသည်။ လက်ဝဲဘက်ပိုင်းတွင် ကြာဖြူ ပွင့်ပုံ ရေစာ ပါရှိ ပါသည်။ ငွေစက္ကူတွင် လုံခြုံရေး ကြိုးတစ်ချောင်းကို ဒေါင်လိုက် ထည့်သွင်းထားသည်။
ထိပ်ပိုင်းတွင် "CENTRAL BANK OF MYANMAR" စာတန်းကို ရိုက်နှိပ်ထားပြီး ၎င်းစာတန်း၏ အောက်တွင် "TEN THOUSAND KYATS" ဟူသော စာတန်း ပါရှိသည်။ အလယ်ပိုင်းတွင် ရတနာပုံ မန္တလေး နန်းတော်၏ မြို့ရိုးနှင့် ကျုံးပုံကို ရိုက်နှိပ် ထားသည်။ ဘေးဘောင်များတွင် မြန်မာ့ အနုပညာ လက်ရာမြောက် ကနုတ် ပန်းခက်များကို ရိုက်နှိပ် ထားသည်။ ထောင့် သုံးထောင့်တွင် ငွေစက္ကူ၏ တန်ဖိုးကို ဂဏန်းများဖြင့် ရိုက်နှိပ် ထားသည်။ [၁]
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads