တဇ္ဈာနသုတ်
From Wikipedia, the free encyclopedia
Remove ads
(၂)သုတ် ရှိပါသည်။
[၁] ကာမစ္ဆန္ဒ, ဗျာပါဒ, ထိနမိဒ္ဓ, ဥဒ္ဓစ္စကုက္ကုစ္စ, ဝိစိကိစ္ဆာ-ဟူသော နီဝရဏငါးပါး နှင့် ကာမဂုဏ်၏အပြစ်ကို ဉာဏ်ပညာဖြင့် မှန်ကန်စွာ မသိမမြင်ခြင်းဟူသော တရား (၆)ပါးတို့ကို မပယ်မစွန့်နိုင်လျှင် ပဌမဈာန်ကိုရ၍နေခြင်းငှါ မဖြစ်နိုင်။ ထိုတရား (၆)ပါးတို့ကို ပယ်စွန့်နိုင်လျှင် ပဌမဈာန်ကိုရ၍နေခြင်းငှါ ဖြစ်ထိုက် ၏ဟု ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။
[၂] ကာမဝိတက်၊ ဗျာပါဒဝိတက်၊ ဝိဟိံသဝိတက်၊ ကာမသညာ၊ ဗျာပါဒသညာ၊ ဝိဟိံသသညာ ဟူသော တရား(၆)ပါးတို့ကို မပယ်မစွန့်နိုင်လျှင် ပဌမဈာန်ကိုရ၍ နေခြင်းငှါ မဖြစ်နိုင်။
ထိုတရား (၆)ပါးတို့ကို ပယ်စွန့်နိုင်သောသူသည် ပဌမဈာန်ကို ရ၍နေခြင်းငှါ ဖြစ်ထိုက်၏ဟု ရဟန်းတို့အား ဘုရားရှင်ဟောတော်မူသည့်သုတ်။ [၃]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads