တဏှုပ္ပါဒသုတ်
From Wikipedia, the free encyclopedia
Remove ads
(၂)သုတ် ရှိပါသည်။
[၁] သင်္ကန်း ဆွမ်း ကျောင်း အိပ်ရာနေရာ ထိုထိုဤဤ အလီလီသော ဆေး ပစ္စည်းဟူသော တဏှာဖြစ်ခြင်းအကြောင်းလေးပါးတို့ကို ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။
အဋ္ဌကထာ၌ ပစ္စည်းလေးပါးသည် တဏှာဖြစ်ခြင်းအကြောင်းဖြစ်ပုံ၊ တဏှာသည် သံသရာကျင်လည်သောသတ္တဝါ၏ အဖော်သဟဲဖြစ်ပုံအစရှိသည်ဖြင့် သိမှတ် ဖွယ်တို့ကို ဖွင့်ဆိုထားပါသည်။
ဋီကာ၌ ဘဝါဘဝအဖွင့် တဏှာဒုတိယအဖွင့်အစရှိသည်ဖြင့် ဖွင့်သင့်သောပုဒ်တို့ကို ဖွင့်ဆိုထားပါသည်။
[၂] အထက် (အံ၊၁၊၃၁၆။) ပါဠိတော်အတိုင်း ခုဇ္ဇုတ္တရာက သာမာဝတီအမှူးရှိ သော မိဖုရားငါးရာတို့အား ဟောကြားသည့်သုတ်။
အဋ္ဌကထာအဖွင့်လည်း (အံ၊ဋ္ဌ၊၂၊၂၅၆။) နှင့်များစွာတူညီပါသည်။ [၃]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads