တပုဿသုတ်
From Wikipedia, the free encyclopedia
Remove ads
(၂)သုတ် ရှိပါသည်။
[၁] ရတနာသုံးပါး၌ သက်ဝင်ယုံကြည်မှု၊ အရိယသီလ၊ အရိယဉာဏ၊ အရိယဝိမုတ္တိ ဤတရားခြောက်မျိုးတို့နှင့် ပြည့်စုံသော တပုဿသူကြွယ်သည် မြတ်စွာဘုရား၌ ဆုံးဖြတ်ခြင်းသို့ရောက်၏။ အမြိုက်နိဗ္ဗာန်ကိုမြင်၏။ အမြိုက်နိဗ္ဗာန်ကို မျက်မှောက်ပြု၍နေ၏ဟု ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။
[၂] ဘုရားရှင် မလ္လနိုင်ငံ ဥရုဝေလကပ္ပနိဂုံးအနီး မဟာဝုန်တောအုပ်အတွင်း၌ နေ့သန့်တော်မူနေစဉ် တပုဿသူကြွယ်လျှောက်ထားသော လူတို့နှင့်မတူသော သာသနာ့ဝန်ထမ်း ရဟန်းတော်တို့၏ ထူးခြားချက်ကို အရှင်အာနန္ဒာက ဘုရားရှင်အား လျှောက်ထားပါသည်။
ဘုရားရှင်က ဤတပုဿသူကြွယ် လျှောက်ထားသောစကားသည် လျှောက်ထားသည့်အတိုင်း မှန်ပေ၏ဟု မိန့်ကြားတော်မူပြီး ကိုယ်တော်တိုင် အလောင်းတော်ဘဝမှ သဗ္ဗညုဘုရားရှင် ဖြစ်တော်မူသည်အထိ “နေက္ခမ္မသည် ကောင်း၏။ ဆိတ်ငြိမ်မှုသည် ကောင်း၏။”ဟု ရှုနေသော်လည်း ငါဘုရား၏စိတ်သည် နေက္ခမ္မ၌ မသက်ဝင် မကြည်လင် ကောင်းစွာမတည် နီဝရဏတို့မှ မကျွတ်လွတ်နိုင်ခြင်း အကြောင်းကို ဆင်ခြင်သည်ရှိသော် ကာမဂုဏ်တို့၌ အပြစ်မမြင်။ ထိုအပြစ်ကိုလည်း မလေ့လာ၊ ကာမမှထွက်မြောက်မှု နေက္ခမ္မ၏အကျိုးကိုလည်းမသိ၊ ထိုအကျိုးကိုလည်း မမှီဝဲဘူး၊ ထို့ကြောင့် “ထိုနေက္ခမ္မသည် ငြိမ်သက်၏”ဟု ရှုနေသော ငါဘုရား၏စိတ်သည် ထွက်မြောက်မှုနေက္ခမ္မ၌ မပြေးဝင် မကြည်လင် ကောင်းစွာမတည် လွတ်လွတ် မသက်ဝင် အစရှိသည်ဖြင့် အောက်အောက်သမာပတ်၏အပြစ်ကို သိမြင်ခြင်း အထက် အထက်သမာပတ်၏အကျိုးကို မှီဝဲခြင်း၊ အထက်အထက် သမာပတ်ကို ရရှိပုံတို့ကို တစ်ပါးစီ တစ်ပါးစီ ဘုရားရှင် ဟောကြားတော်မူသည့်သုတ်။
အဋ္ဌကထာ, ဋီကာတို့၌ ဖွင့်ဆိုချက်များ ရှိပါသည်။ [၃]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads