တပ်မတော်နေ့
တပ်မတော်အား တည်ထောင်ခဲ့သည့် နှစ်ပတ်လည်ဆိုင်ရာ အထိမ်းအမှတ်နေ့ထူးနေ့မြတ် From Wikipedia, the free encyclopedia
Remove ads
တပ်မတော်နေ့ (ယခင်အမည် တော်လှန်ရေးနေ့) သည် နှစ်စဉ် မတ်လ(၂၇)ရက်နေ့တွင် ကျရောက်သော မြန်မာနိုင်ငံ၏ အားလပ်ရက်တစ်ရက် ဖြစ်သည်။ တပ်မတော်၏ ကနဦးဖွဲ့တည်လာရာ သမိုင်းကြောင်းတွင် ဖက်ဆစ်ဂျပန်အား တစ်ပြည်လုံးအတိုင်းအတာနှင့် ပါဝင်ဆင်နွဲခဲ့ကြသော တော်လှန်ရေးသမားများအား ဂုဏ်ပြုသောအားဖြင့် ဖက်ဆစ်တော်လှန်ရေး အတိအလင်းစတင်ရန်သတ်မှတ်ရက်စွဲ ၁၉၄၅ ခု မတ်လ ၂၇ အား ရည်မှန်းကာ တော်လှန်ရေးနေ့ကို သတ်မှတ်ကျင်းပလာခဲ့သည်။


ဤ ဆောင်းပါးသည် စိစစ်အတည်ပြုနိုင်ရန်အတွက် နောက်ထပ်ကိုးကားချက်များ လိုအပ်နေသည်။ |
၁၉၄၅၊ မတ်လ ၃ ရက်နေ့တွင် ဖွဲ့စည်းသော ဖက်စစ်တိုက်ဖျက်ရေးနှင့်ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ကြီး (ဖတပလ)တွင် တပ်မတော်သားကိုယ်စားလှယ် ၃ ဦး၊ ပြည်သူ့အရေးတော်ပုံပါတီကိုယ်စားလှယ် ၃ ဦး၊ ဗမာပြည်ကွန်မြူနစ်ပါတီကိုယ်စားလှယ် ၃ ဦးတို့ ပါဝင်သည်။ ထို့ကြောင့် ဖက်ဆစ်ကို တော်လှန်ရာတွင် တပ်မတော်တစ်ခုတည်း မဟုတ်ချေ။
လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း မတ်လ ၂၇ ရက်နေ့ရောက်တိုင်း ဂုဏ်ပြုကျင်းပလာမြဲဖြစ်သော တော်လှန်ရေးနေ့ကို ၁၉၅၅ ခုနှစ်အရောက်တွင် ဗိုလ်ချုပ်ကြီးနေဝင်းက တပ်မတော်နေ့ဟု ပြောင်းလဲသတ်မှတ်ကျင်းပခဲ့သည်။[၁][၂]

ဖက်ဆစ်ကိုတော်လှန်ရာတွင် စစ်တပ်တစ်ခုတည်းတိုက်ထုတ်ခဲ့ခြင်းမဟုတ်ဘဲ ရဟန်းရှင်လူပြည်သူအပေါင်းမှ စုပေါင်း တိုက်ထုတ်သည့် သမိုင်းကို မှေးမှိန်စေရန်နှင့် စစ်တပ်၏ အခန်းကဏ္ဍကို ပိုမိုအလေးသာစေရန် ယခင် သတ်မှတ်ထားသော "တော်လှန်ရေးနေ့" မှ တပ်မတော်နေ့ဟု စစ်အစိုးရက ပြောင်းလဲ သတ်မှတ်ခဲ့သည်ဟု ဆိုကြသည်။[၃][၄]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads