တပ်မတော် (လေ)
မြန်မာ့လေကြောင်းစစ်ဆင်ရေးဌာနခွဲ From Wikipedia, the free encyclopedia
Remove ads
တပ်မတော် (လေ)သည် မြန်မာ့တပ်မတော်၏ ဝေဟင် တိုက်ခိုက်ရေး အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ယင်းကို ပြည်တွင်းပုန်ကန်မှု တန်ပြန်တိုက်ခိုက်ရေးအတွက် အဓိက အသုံးပြုခဲ့ပြီး ၂၀၀၈ ခုနှစ် မေလက နာဂစ်မုန်တိုင်း တိုက်ခတ်မှုဖြစ်စဉ်အပြီးတွင် ကယ်ဆယ်ရေး တာဝန်များအတွက်ပါ အသုံးချလာခဲ့သည်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုမှစ၍ မြန်မာ့လေတပ်မှ လေယာဉ်များကို ကျေးရွာများကိုလေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ရာတွင်တွင် အသုံးပြုလာခဲ့သည်။[၂]
Remove ads
ကိုလိုနီခေတ် ၁၉၄၀ ဇွန်လတွင် ဗြိတိသျှတို့က ဗမာ့အပျော်တမ်းလေတပ်ယူနစ် (Burma Volunteer Air Unit) ကို ဖွဲ့စည်းပေးခဲ့ပြီး ၁၉၄၁ မတ်လခန့်တွင် ဗမာ့အပျော်တမ်းလေတပ် (Burma Volunteer Air Force) ဟူ၍အမည်ပြောင်းလဲခဲ့သည်။ မြန်မာနိုင်ငံကို ဂျပန်တို့ဝင်ရောက်လာသည့် ၁၉၄၂ ၌ အင်္ဂလိပ်တို့တပ်ဆုတ်သွားသောအခါ အဆိုပါလေတပ်သည်လည်း ပါသွားခဲ့ရုံသာမက အခြားလေတပ်ယူနစ်အဖြစ်လည်း ပြောင်းလဲဖွဲ့စည်းခြင်းကိုခံခဲ့ရသည်။[၃][၄] ၁၉၄၅ ခုနှစ် မြန်မာနိုင်ငံသို့ အင်္ဂလိပ်တို့ပြန်ရောက်ပြီးနောက် မြန်မာနိုင်ငံအတွက် လေတပ်ပြန်လည်ဖွဲ့စည်းပေးရေးများကို ဆောင်ရွက်ရာမှ ၁၉၄၇ ဒီဇင်ဘာတွင် "ဗမာ့လေတပ်မတော်" (Burma Air Force) အဖြစ်ဖွဲ့စည်းခဲ့သည်။ ၁၉၅၅ တွင် တပ်မတော် (ကြည်း၊ ရေ၊ လေ) ပေါင်းစည်းရေးမူအရ တပ်မတော် (လေ) ဟုအမည်ပြောင်းလဲခဲ့သည်။[၅]
Remove ads
သမိုင်းကြောင်း
လွတ်လပ်ရေးရပြီးစခေတ် (၁၉၄၈-၂၁၀၂)
တပ်မတော်(လေ)ကို မြန်မာနိုင်ငံ ဗြိတိသျှတို့၏ လက်အောက်တွင် ရှိနေဆဲကာလ ၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့တွင် စတင် ဖွဲ့စည်းခဲ့သည်။ ၁၉၄၈ ခုနှစ်တွင် စစ်သည် ရာဂဏန်း အနည်းငယ်နှင့်အတူ Airspeed Oxfords အစင်း ၄၀၊ de Havilland Tiger Moths အစင်း ၁၆ စင်း၊ Austers ၄ စင်းနှင့် Supermarine Spitfire ၃စင်းတို့ ပါဝင်သည် လေတပ်ဖွဲ့သစ်အား လွှဲပြောင်း ရယူခဲ့သည်။ စတင်ဖွဲ့စည်းချိန်မှစ၍ တပ်မတော် (လေ) ၏ အဓိကတာဝန်သည် ပြည်တွင်းပုန်ကန်မှု တန်ပြန်စစ်ဆင်ရေးများတွင် သယ်ယူပို့ဆောင်ရေး၊ ထောက်ပံ့ရေးနှင့် တပ်မတော် (ကြည်း) အား အနီးကပ်လေကြောင်း အထောက်အကူပေးရေးတို့ ဖြစ်သည်။[၆]
နိုင်ငံ၏ ပင်မလေတပ်အခြေစိုက်စခန်းဖြစ်သည့် မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်ကို ၁၉၅၀ ဇွန်လ ၁၆ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး အမှတ် ၁ လေယာဉ်အုပ်၊ လက်နက်ကိရိယာများ ထိန်းသိမ်းရေး တပ်ဖွဲ့နှင့် ဗမာ့လေတပ်မတော် - ဗဟိုဌာနချုပ်နှင့် ပျံသန်းမှု သင်တန်းကျောင်းတို့ကို ဤအခြေစိုက်စခန်း၏ လက်အောက်တွင် ထားရှိသည်။ လအနည်းငယ် ကြာပြီးနောက် ၁၉၅၀ ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် Douglas Dakota ၉ စင်း ပါဝင်သည့် အမှတ် ၂ လေယာဉ်အုပ်ကို သယ်ယူပို့ဆောင်ရေး လေယဉ်အုပ်အဖြစ် ဖွဲ့စည်းခဲ့ပြန်သည်။ ၁၉၅၃ ခုနှစ်တွင် မင်္ဂလာဒုံ လေတပ် အခြေစိုက်စခန်း လက်အောက်တွင် အဆင့်မြင့် ပျံသန်းရေး တပ်ဖွဲ့ကို de Havilland Vampire T55s လေယာဉ်များဖြင့် ထပ်မံဖွဲ့စည်းလိုက်ကာ ၁၉၅၃ ခုနှစ် အကုန်ပိုင်းတွင် ဗမာ့လေတပ်၌ မင်္ဂလာဒုံ၊ မှော်ဘီနှင့် ြမန်မာနိုင်ငံ အလယ်ပိုင်း မိတ္ထီလာတို့တွင် အဓိက အခြေချ လေတပ်စခန်းကြီး သုံးခု ရှိလာခဲ့သည်။[၆]
၁၉၅၃ ခုနှစ်တွင် မြန်မာလေတပ်သည် အစ္စရေးမှ Supermarine Spitfire အစင်း ၃၀ နှင့် ယူနိုက်တက်ကင်းဒမ်းမှ Supermarine Spitfire အစင်း ၂၀ တို့ကို ဝယ်ယူခဲ့ပြီး ၁၉၅၄ ခုနှစ်တွင်မူ ယူနိုက်တက်ကင်းဒမ်းမှ Hunting Provost T-53 အစင်း ၄၀ နှင့် de Havilland Vampire Mark T55s ၈ စင်းတို့ကို ဝယ်ယူခဲ့ပြန်သည်။ ၁၉၅၅ ခုနှစ် နှောင်းပိုင်းတွင် ဗမာ့လေတပ်မတော်သည် မင်္ဂလာဒုံတွင် ပြုပြင်ထိန်းသိမ်းရေး လေတပ်စခန်း တစ်ခု၊ အမှတ် ၅၀၁ လေယာဉ်အုပ်စု (မှော်ဘီလေတပ်စခန်း) နှင့် အမှတ် ၅၀၂ လေယာဉ်အုပ်စု (မင်္ဂလာဒုံ လေတပ်စခန်း) တို့ကို ထပ်မံ ဖွဲ့စည်းခဲ့သည်။ ၁၉၅၆ တွင် မြန်မာ့လေတပ်သည် အမေရိကန်နိုင်ငံ မှ Cessna 180 ၁၀ စင်း ကို ဝယ်ယူခဲ့ပြန်သည်။ ယင်းနှစ်တွင်ပင် Kawasaki Bell 47Gs ခြောက်စင်းဖြင့် ပထမဆုံး ရဟတ်ယာဉ် တပ်ဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ နောက်တစ်နှစ်အကြာတွင် မြန်မာ့လေတပ်သည် ယူနိုက်တက်ကင်းဒမ်းမှ Hawker Sea Fury လေယာဉ် ၂၁ စင်းနှင့် ကနေဒါမှ de Havilland Canada DHC-3 Otters ကိုးစင်းကို ဝယ်ယူခဲ့သည်။ ၁၉၅၆ ခုနှစ် ဇွန်လ ၂၉ ရက်တွင် ဗိုလ်ဒေါ်လှသန်းက စက်မဲ့ဂလိုက်ဒါကို တစ်ဦးတည်း မောင်းနှင်ပြသခဲ့ခြင်းဖြင့် တပ်မတော် (လေ) ၏ အမျိုးသမီးများ သမိုင်းကဏ္ဍသစ်ကို ဖွင့်လှစ်ခဲ့သည်။[၇]
၁၉၅၈ ခုနှစ်တွင် အမေရိကန်နိုင်ငံမှ Kawasaki Bell 47G ခုနစ်စင်းနှင့် Vertol H-21 Shawnees ၁၂ စင်းတို့ကို ထပ်မံ ဝယ်ယူခဲ့သည်။ ငါးနှစ်ကြာပြီးနောက်တွင် အမှတ် ၅၁ လေယာဉ်အုပ် (de Havilland Canada DHC-3 Otter နှင့် Cessna 180 လေယာဉ်များ) နှင့် အမှတ် ၅၃ လေယာဉ်အုပ် (Bell 47G၊ Kaman HH-43 Huskies နှင့် Aerospatiale Alouettes ရဟတ်ယာဉ်များ) တို့ကို မိတ္ထီလာတွင် ထပ်မံ ဖွဲ့စည်းခဲ့သည်။[၆]
ခေတ်မီအစီအစဉ် (၁၉၉၀ - လက်ရှိ)
၁၉၉၀ ကာလများ
တပ်မတော် (လေ)အနေ နဲ့ ပတ်ဝန်းကျင်နိုင်ငံများနှင့် နှိုင်းယှဉ်လျှင် နည်းပညာမျိုးဆက်ကွာဟမှုများ ရှိနေရာမှ ၁၉၉၀ ပြည့် နှစ်ဝန်းကျင်တွင် ဒုတိယမျိုးဆက် ဂျက်တိုက်လေယာဉ်များ၊ ဘက်စုံသုံးစွမ်းရည်မြင့်မားသည့် ရဟတ်ယာဉ်များ စတင်အသုံးပြုလာခဲ့သည်။ ၁၉၉၁ ခုနှစ်တွင် လက်နက်တပ်ဆင်ထားသည့် Soko G-4 Super Galeb လေယာဉ်များကို မြန်မာ့တပ်မတော်က ယူဂိုစလားဗီးယားနိုင်ငံမှ ဝယ်ယူခဲ့သည်။[၈] ၁၉၉ဝ ကနေ ၂ဝဝဝ ပြည့်နှစ် ကြားထဲ F-7 အစင်း ၆ဝ ကျော်ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဆီက အသုတ်လိုက် အသုတ်လိုက် စတင် ဝယ်ယူခဲ့သည်။ ၃ဝ မမ စက်သေနတ် နှစ်လက်နဲ့ အတူ ဝေဟင်ထဲမှာ ပစ်ခတ်တိုက်ခတ် နိုင်တဲ့ ဒုံးကျည်တွေ တပ်ဆင်ထားတဲ့ F-7 တွေကို အဓိက အားဖြင့်တော့ ကြားဖြတ် တိုက်လေယာဉ် အဖြစ် အသုံးပြုခဲ့တာ ဖြစ်သည်။[၉]
၂ဝဝဝ ကာလများ
၂၀၀၁ ခုနှစ်တွင်စတုတ္ထမျိုးဆက်တိုက်လေယာဉ်များ စတင်အသုံးပြုလာနိုင်သည့် အတွက် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်း နိုင်ငံများကို အမီလိုက်နိုင်လာခဲ့သည်။ ၂၀၀၁ ခုနှစ်မှစပြီး တိုက်ပွဲဝင်နိုင်သည့် လေယာဉ်များတိုးတက်စေရေး၊ စွမ်းအားမြင့် လေယာဉ်များဖြစ်စေရေး၊ အရည်အချင်း ပြည့်ဝသည့် လေသူရဲများ၊ အင်ဂျင်နီယာများ၊ မြေပြင်တပ်ဖွဲ့ဝင်များ မွေးထုတ်ပေး နိုင်ရေးကိုလည်း အလေးထားဆောင်ရွက်လာသည်။[၁၀] အထူးသဖြင့် ရုရှား မှ Mi-24 နဲ့ Mi-17 ရဟတ်ယာဉ်တွေအပြင် MiG-29(အမ်အိုင်ဂျီ-၂၉) တိုက်လေယာဉ်၊ Pechora-2 လေကြောင်းကာကွယ်ရေးစနစ်တွေနဲ့ အခြားကိရိယာတွေ ဝယ်ယူခဲ့သည်။[၁၁]

၂ဝ၁ဝ ကာလများ
၁၉၉၀ ခုနှစ် မှစပြီး မြန်မာလေတပ်တွင် အများအားဖြင့် တရုတ်နှင့် ရုရှားတို့မှ တိုက်လေယာဉ်များကို အသုံးပြုသော်လည်း ၂ဝ၁၃ ခုနှစ်တွင် အီးယူ၏ ဒဏ်ခတ်မှု ရုပ်သိမ်းချိန်ကတည်းက စတင်ကာ ဥရောပလုပ် လေယာဉ်အုပ်စု ဝယ်ယူရရှိခဲ့သည်။ ဂျာမနီနိုင်ငံက Grob G120TP လေ့ကျင့်ရေး လေယာဉ် ၁၂ စင်းကို မြန်မာလေတပ်က ဝယ်ယူထားပြီး ၂ဝ၁၇ ခုနှစ်၊ ဧပြီလတွင် ဝယ်ယူရရှိခဲ့သည်။
၂၀၁၅ ခုနှစ်တွင် လေ့ကျင့်ရေးဂျက်တိုက်လေယာဉ် K-8 W၊ သယ်ယူပို့ဆောင်ရေးနှင့် လေကြောင်း ကင်းထောက်အတွက် အသုံးပြုသော ပြင်သစ်နိုင်ငံထုတ် ATR-42 နှင့် အမေရိကန်ထုတ် BEECH 1900 D လေယာဉ်များ တပ်တော်ဝင် အခမ်းအနားပြုလုပ်ခဲ့သည်။ K-8 W လေ့ကျင့်ရေးဂျက် တိုက်လေယာဉ်များသည် အပေါ့စားတိုက်ခိုက်ရေးတာဝန်များ ထမ်းဆောင်နိုင်ပြီး ခေတ်မီအဆင့်မြင့်ရှေ့တန်း ဂျက်တိုက်လေယာဉ်များ မောင်းနှင်မည့် လေသူရဲများကို ကြားခံလေ့ကျင့်ပေးနိုင်သော အပေါ့စားတိုက်ခိုက်ရေးအမောင်းသင် ဂျက်လေယာဉ်အမျိုးအစား ဖြစ်သည်။ K-8 W လေယာဉ်များကို တရုတ် CATIC ကုမ္ပဏီနှင့် မြန်မာကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးအရာရှိချုပ်ရုံးတို့ ပူးပေါင်း၍ မြန်မာနိုင်ငံအတွင်း တပ်ဆင်ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။[၁၂]
ထို့ပြင်၂၀၁၆ ခုနှစ်တွင် အဆင့်မြင့် လေ့ကျင့်ရေး လေယာဉ်အမျိုးအစားဖြစ်သည့် Yak-130 လေယာဉ် ၁၂ စီးကိုလည်း ရုရှားမှ မှာယူသည်။ ၂၀၁၇ ခုနှစ် ဒီဇင်ဘာတွင် တပ်မတော် (လေ) နှစ် (၇၀) ပြည့် နှစ်ပတ်လည်နေ့၌ Yak -130 အမျိုးအစား လေယာဉ် ၆ စီးအပြင် နယ်သာလန်နိုင်ငံထုတ် Fokker- 70 အမျိုးအစားလေယာဉ် ၂ စီးနှင့်၊ ATR 42-320 အမျိုးအစား လေယာဉ် ၂ စီး စုစုပေါင်း ၁၀ စီး ကို တပ်တော်ဝင်အဖြစ် ကြေညာခဲ့သည်။[၁၃]၂၀၁၈ ဒီဇင်ဘာတွင် တပ်မတော် (လေ) နှစ် (၇၁) ပြည့် နှစ်ပတ်လည်နေ့၌ တပ်မတော် (လေ) အတွက် JF-17 အမျိုးအစား တိုက်လေယာဉ်လေးစီး၊ ပြင်သစ်၏ အဲဘတ်စ်နှင့် အီတလီ၏ လီယိုနာဒိုကုမ္ပဏီတို့ ဖက်စပ်ထုတ်လုပ်သည့် ATR 72-500s လေယာဉ်နှစ်စီးနှင့် Airbus Helicopters က ထုတ်လုပ်သည့် AS365 ရဟတ်ယာဉ်တစ်စီးကို အင်အားဖြည့်တင်းခဲ့သည်။ JF-17 တစ်စီးကို အကြမ်းဖျင်းဒေါ်လာ ၂၈ သန်း ဖြစ်သည်။[၁၄] JF-17 တိုက်လေယာဉ် ၁၆ စီးအတွက် ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ သန်း ၅၆ဝ တန်ဖိုးရှိ ပါကစ္စတန်နှင့် စာချုပ်တစ်ခုအရ မြန်မာက ဝယ်ယူရရှိခဲ့သည်။ JF-17 ကို Pakistan Aeronautical Complex (PAC) ပါကစ္စတန်နှင့် တရုတ်၏ Chendu Aircraft Corporation တို့က ဖက်စပ်ထုတ်လုပ်ထားသည်။[၁၅] [၁၆] ၂၀၁၈ထိ တပ်မတော်ပိုင်လေယာဉ်၊ ရဟတ်ယာဉ်များတပ်တော်ဝင်ခြင်းအခမ်းအနားကို (၉)ကြိမ်ကျင်းပပြုလုပ်ခဲ့ပြီး ဖြစ်သည်။ ထို့ပြင် ၂၀၁၈ ဒီဇင်ဘာတွင် အိန္ဒိယက မြန်မာနိုင်ငံသို့ Kiran အမျိုးအစား နှစ်ယောက်စီး အမောင်းသင်ဂျက်လေယာဉ် ခြောက်စီး ပေးအပ်ရန် ဆုံးဖြတ်ခဲ့သည်။[၁၇]

မြန်မာနဲ့ ရုရှားတို့သည် Su-30 (ဆူခွိုင်း ၃၀) ဂျက်တိုက်လေယာဉ် ၆ စီးအတွက် သဘောတူညီချက်ကို ၂၀၁၈ ခုနှစ်က လက်မှတ်ရေးထိုးခဲ့ကြသည်။ အဆိုပါလေယာဉ်များသည် ရာသီမရွေး တိုက်ပွဲဝင်နိုင်သည့် အင်ဂျင်နှစ်လုံးတပ် Su-30 ဘက်စုံသုံး တိုက်လေယာဉ် အမျိုးအစားဖြစ်ကာ တစ်စီးလျှင် အမေရိကန်ဒေါ်လာ ၃၅ သန်းကျော် တန်ဖိုးရှိမည်ဟု ခန့်မှန်းကြသည်။[၁၈] Su-30 တိုက်လေယာဉ်များသည် အခြားစတုတ္ထမျိုးဆက် တိုက်လေယာဉ်များထက် သာလွန်မှုရှိသော စတုတ္ထမျိုးဆက်လွန် တိုက်လေယာဉ်များဖြစ်ပြီး လေယာဉ်ဆီ အပြည့်ဖြည့်ပြီး ပျံသန်းလျှင် ကီလိုမီတာ ၃၀၀၀ (မိုင် ၁၈၆၀) အထိ ပျံသန်းနိုင်ခြင်းကြောင့် စစ်ဆင်နိုင်မှု အကွာအဝေး ကြီးမားသည်။[၁၉] တပ်မတော်(လေ)အတွက် ဆူခွိုင်း Su-30 တိုက်လေယာဉ်တွေကို ဝယ်ယူဖို့ ပြင်ဆင်ရာမှာ လေတပ် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် ကိုယ်တိုင် ရုရှားနိုင်ငံ မော်စကိုမြို့ ကူဘင်ကာ လေယာဉ်ကွင်းမှာ ၂၀၁၈ ခုနှစ် ဩဂုတ်လ ၁၇ ရက်က စမ်းသပ်မောင်းနှင်ပျံသန်းမှု လုပ်ခဲ့သည်။[၂၀] တပ်မတော် (လေ) တွင် အမျိုးသမီးအရာရှိအချို့ လေသူရဲလောင်းများအဖြစ် စတင်လေ့ကျင့်ဆောင်ရွက်နေသည်။[၂၁] ၂၀၁၈ ခုနှစ်တွင် အဆိုပါအမျိုးသမီးအရာရှိ လေသူရဲလောင်း ၆ ဦးက တဦးချင်း မောင်းနှင်ပျံသန်းမှု(Solo)ကို အောင်မြင်စွာပျံသန်းနိုင်ခဲ့ပြီး ဖြစ်သည်။[၂၂]
၂၀၁၉ ခုနှစ် ၇၂ နှစ်မြောက် တပ်မတော်(လေ)နေ့ တွင် JF-17 B ဘက်စုံသုံး တိုက်ခိုက်ရေး လေယာဉ် ၂ စင်း၊ Yak-130 အပေါ့စား တိုက်လေယာဉ် ၆ စင်းနှင့် MI-35 P တိုက်ခိုက်ရေး ရဟတ်ယာဉ် ၂ စီး စုစုပေါင်း လေယာဉ်၊ ရဟတ်ယာဉ် ၁၀ စင်း တပ်တော်ဝင်သည်။ တရုတ်- ပါကစ္စတန် ပူးတွဲထုတ်လုပ်သည့် JF-17 ဘက်စုံသုံး တိုက်လေယာဉ် အမျိုးအစား ပါဝင်ပြီး၊ ကြားဖြတ် တိုက်ခိုက်ရေးနှင့် အပေါ့စား ဗုံးကြဲလေယာဉ်များ အဖြစ်ပါ အသုံးပြုနိုင်ကြောင်း၊ အလားတူ ရုရှားလုပ် Yak – 130 မှာ အပေါ့စား တိုက်ခိုက် ရေးလေယာဉ် အဖြစ်သာမက လေ့ကျင့်ရေးတွင်လည်း အသုံးပြုနိုင်ကြောင်း သိရသည်။[၂၃]
၂ဝ၂ဝ ကာလများ
၂၀၂၀ ခုနစ် (၇၃) နှစ်မြောက် တပ်မတော်(လေ) နေ့တွင် G 120TP အခြေခံလေ့ကျင့်ရေး လေယာဉ် ၂ စင်း၊ Y-12 အမျိုးအစား သယ်ယူပို့ဆောင်ရေး လေယာဉ် ၂ စင်း၊ Beech 1900 အမျိုးအစား သယ်ယူပို့ဆောင်ရေး လေယာဉ် ၁ စင်း စုစုပေါင်းလေယာဉ် ၅ စင်း တပ်တော်ဝင်ခဲ့သည်။ [၂၄]
၂၀၂၁ (၇၄) နှစ်မြောက် တပ်မတော်(လေ) နှစ်ပတ်လည်နေ့၌ လေယာဉ်၊ ရဟတ်ယာဉ် တပ်တော်ဝင်ခြင်း အခမ်းအနား၌ Yak_130 လေယာဉ် K-8 အမောင်းသင် ဂျက်တိုက်လေယာဉ်၊ ATR-72600 အလက်စားသယ်ယူပို့ဆောင်ရေးလေယာဉ်၊ Y-12 လူနှင့် ကုန်ပစ္စည်းများသယ်ခြင်း ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်နိုင်သည့် လေယာဉ်၊ Eurocopter ရဟတ်ယာဉ် စသည်ဖြင့် တပ်တော်ဝင်ခဲ့ကြသည်။
၂ဝ၂၂ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုနှစ်ပတ်လည်နေ့အခမ်းအနားတွင် Su-30 SME စတုတ္ထမျိုးဆက်လွန်ဘက်စုံသုံး အကြီးစား တိုက်လေယာဉ်များ၊ FTC 2000 G ဘက်စုံသုံးအပေါ့စားတိုက်ခိုက်ရေးလေယာဉ်များ၊ Ka-28 ရေငုတ်သင်္ဘောတိုက်ဖျက်ရေး ရဟတ်ယာဉ်များ တပ်တော်ဝင်သည်။[၂၅]
၂၀၂၃ ခုနစ် (၇၆) နှစ်မြောက် တပ်မတော်(လေ) နှစ်ပတ်လည်နေ့ကို နေပြည်တော် အေလာလေတပ်ဌာနချုပ်၌ ကျင်းပခဲ့ပြီး Su-30 SME စတုတ္ထမျိုးဆက်လွန် ဘက်စုံသုံး အကြီးစားတိုက်လေယာဉ် ၂ စင်းတပ်တော်ဝင်ခဲ့သည်။
[၂၆]
Remove ads
လွတ်လပ်ရေးရပြီးနောက်ပိုင်း ကာကွယ်ရေးဦးစီးချုပ်(လေ)များ
- ဒုဗိုလ်မှူးကြီး စောရှီးရှိုး (လေ-၁၀၂၀) (၁၁-၁၂-၁၉၄၇ ခုနှစ် မှ ၈-၂-၁၉၄၉ ခုနှစ်)
- ဒုဗိုလ်မှူးကြီး သူရ အက်စ်ဂျေခင် (လေ-၁၀၀၉)(၁-၄-၁၉၄၉ ခုနှစ် မှ ၁၅-၆-၁၉၅၀ ခုနှစ်)
- ဗိုလ်မှူးချုပ် သူရ တော်မီတီကလစ် (လေ-၁၀၀၅)(၉-၂-၁၉၅၁ ခုနှစ် မှ ၂၆-၁၁-၁၉၆၃ ခုနှစ်)
- ဗိုလ်မှူးချုပ် သောင်းဒန် (လေ-၁၀၄၂)(၁၃-၁၂-၁၉၆၃ ခုနှစ် မှ ၇-၃-၁၉၇၄ ခုနှစ်)
- ဗိုလ်မှူးချုပ် သူရ စောဖြူ (လေ-၁၀၄၇)(၈-၃-၁၉၇၄ ခုနှစ် မှ ၁၈-၃-၁၉၈၀ ခုနှစ်)
- ဗိုလ်ချုပ် ကိုကြီး (လေ-၁၀၅၉)(၁၉-၃-၁၉၈၀ ခုနှစ် မှ ၃-၁၁-၁၉၈၅ ခုနှစ်)
- ဒုတိယဗိုလ်ချုပ်ကြီး တင်ထွန်း (လေ-၁၁၂၇)(၄-၁၁-၁၉၈၅ ခုနှစ် မှ ၅-၂-၁၉၉၂ ခုနှစ်)
- ဒုတိယဗိုလ်ချုပ်ကြီး သိန်းဝင်း (လေ-၁၁၉၃)(၆-၂-၁၉၉၂ ခုနှစ် မှ ၁၅-၆-၁၉၉၅ ခုနှစ်)
- ဒုတိယဗိုလ်ချုပ်ကြီး တင်ငွေ (လေ-၁၃၁၂)(၁၆-၆-၁၉၉၅ ခုနှစ် မှ ၁၄-၁၁-၁၉၉၇ ခုနှစ်)
- ဒုတိယဗိုလ်ချုပ်ကြီး ကျော်သန်း (လေ-၁၃၃၄)(စတသ-၁)(၁၅-၁၁-၁၉၉၇ ခုနှစ် မှ ၁၄-၆-၂၀၀၁ ခုနှစ်)
- ဗိုလ်ချုပ် မြင့်ဆွေ (လေ-၁၅၈၁)(စတသ-၁၁)(၁၃-၇-၂၀၀၁ ခုနှစ် မှ ၇-၃-၂၀၀၂ ခုနှစ်)
- ဗိုလ်ချုပ်ကြီး မြတ်ဟိန်း (လေ-၁၆၈၂)(စတသ-၁၇)(၈-၃-၂၀၀၂ ခုနှစ် မှ ၁၃-၂-၂၀၁၃ ခုနှစ်)
- ဗိုလ်ချုပ်ကြီး ခင်အောင်မြင့် (လေ-၁၇၅၄)(စတသ-၂၀)(၁၄-၂-၂၀၁၃ ခုနှစ် မှ ၂-၁-၂၀၁၈ ခုနှစ်)
- ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် (လေ-၁၉၂၅)(စတသ-၂၆)(၃-၁-၂၀၁၈ ခုနှစ် မှ ၉-၁-၂၀၂၂ ခုနှစ်)
- ဗိုလ်ချုပ်ကြီး ထွန်းအောင် (လေ-၁၉၈၂)(စတသ-၂၉)(၁၀-၁-၂၀၂၂ ခုနှစ် မှ ယနေ့အထိ)
Remove ads
တပ်မတော်(လေ)ထိပ်တန်းအရာရှိကြီးများ
(ဇွန်လ၊ ၂၀၂၄ ခုနှစ်)
- (လေ-၁၉၈၂) ဗိုလ်ချုပ်ကြီးထွန်းအောင် - ကာကွယ်ရေးဦးစီးချုပ်(လေ)
- (လေ-၂၀၈၀) ဒုတိယဗိုလ်ချုပ်ကြီးဇော်ဝင်းမြင့် - စစ်ဦးစီးအရာရှိချုပ်(လေ)
- (လေ- ) ဗိုလ်ချုပ်လှညွှန့် - အရှေ့ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်မှူး
- (လေ-၂၁၃၀) ဗိုလ်ချုပ်ထွန်းဝင်း - အနောက်ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်မှူး
- (လေ-၂၀၇၄) ဗိုလ်ချုပ်စိုးတင်လတ် - တောင်ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်မှူး
- (လေ-၂၀၇၉) ဗိုလ်ချုပ်ဝင်းမောင်သိန်း - လေကြောင်းအတတ်သင်လေတပ်စခန်းဌာနချုပ်မှူး
- (လေ- ) ဗိုလ်ချုပ်ကျော်ကျော် - လေယာဉ်ထုတ်လုပ်ရေးနှင့်ပြင်ဆင်ရေးဌာနချုပ်မှူး (မင်္ဂလာဒုံ)
- (လေ-၂၀၀၆) ဗိုလ်မှူးချုပ်ကျော်မိုးသက် - လေကြောင်းရန်ကာကွယ်ရေးအရာရှိချုပ်(လေ)
- (လေ-၁၉၆၂) ဗိုလ်မှူးချုပ်မြင့်သောင်း - မြေပြင်အတတ်သင်လေတပ်စခန်းမှူး
- (လေ-၂၁၀၁) ဗိုလ်မှူးချုပ်ကျော်သက်နိုင် - စစ်ဦးစီးဗိုလ်မှူးချုပ်(လေ)
- (လေ-၂၁၁၅) ဗိုလ်မှူးချုပ်ဇော်ဝင်းထွန်း - စစ်ဦးစီးစက်မှုလက်မှုအရာရှိချုပ်(လေ)
- (လေ-၂၂၈၈) ဗိုလ်မှူးချုပ်မြတ်မင်းသန်း - လေကြောင်းစစ်ဆင်ရေးသင်တန်းကျောင်း၊ ကျောင်းအုပ်ကြီး
လေတပ်စခန်းဌာနချုပ်မှူးများ
(ဇွန်လ၊ ၂၀၂၄ ခုနှစ်)
- (လေ-၂၀၈၂) ဗိုလ်မှူးချုပ်မောင်မောင်စိုး - မင်္ဂလာဒုံလေတပ်စခန်း
- (လေ-၂၁၇၃) ဗိုလ်မှူးချုပ်စွမ်းလှိုင်မင်း - တောင်ငူလေတပ်စခန်း
- (လေ-၂၁၈၉) ဗိုလ်မှူးချုပ်သိန်းထူး - မြစ်ကြီးနားလေတပ်စခန်း
- (လေ-၂၀၇၇) ဗိုလ်မှူးချုပ်မျိုးမင်းထွန်း - နမ့်စန်လေတပ်စခန်း
- (လေ-၂၂၅၈) ဗိုလ်မှူးချုပ်ရဲမျိုးသန့် - ပုသိမ်လေတပ်စခန်း
- (လေ-၂၂၂၃) ဗိုလ်မှူးချုပ်သန်းနိုင်ညွှန့် - မကွေးလေတပ်စခန်း
- (လေ-၂၁၁၉) ဗိုလ်မှူးချုပ်ဇော်မင်းဦး - မြိတ်လေတပ်စခန်း
- (လေ-၂၁၂၈) ဗိုလ်မှူးချုပ်သိန်းထွန်းဦး - ဟုမ္မလင်းလေတပ်စခန်း
Remove ads
ရာထူးအဆင့်များနှင့် အဆောင်အယောင်

ပြန်တမ်းဝင် အရာရှိများ
အခြားအဆင့်များ
Remove ads
ဖွဲ့စည်းပုံ
အုပ်ချုပ်ရေးနှင့် ထောက်ပံ့ရေးယူနစ်များ
- ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ)၊ ကာကွယ်ရေး ဝန်ကြီးဌာန (နေပြည်တော်)
- လေယာဉ်ထုတ်လုပ်ပြင်ဆင်ရေးဌာနချုပ် (မင်္ဂလာဒုံ/ မိတ္ထီလာ)
- မြေပြင်အတတ်သင်လေတပ်စခန်းဌာနချုပ် (မိတ္ထီလာ)
- လေကြောင်းအတတ်သင်လေတပ်စခန်းဌာနချုပ် (မိတ္ထီလာ ရှမ်းတဲ)
- လေတပ်စခန်းဌာနချုပ်များနှင့် လေတပ်စခန်းများ
လေတပ်စခန်းဌာနချုပ်များ
- မင်္ဂလာဒုံ လေတပ်စခန်းဌာနချုပ်။ (ယခင် အမှတ် ၅၀၂ လေတပ်စခန်း)
- ဧလာ လေတပ်စခန်းဌာနချုပ်။ (နေပြည်တော်လေတပ်စခန်းဌာနချုပ်)
- မိတ္ထီလာ လေတပ်စခန်းဌာနချုပ်။
- တောင်ငူ လေတပ်စခန်းဌာနချုပ်။
- မြိတ် လေတပ်စခန်းဌာနချုပ်။
- မြစ်ကြီးနား လေတပ်စခန်းဌာနချုပ်။ (ယခင် အမှတ် ၅၀၃ လေတပ်စခန်း)
- မကွေး လေတပ်စခန်းဌာနချုပ်။
- ပုသိမ် လေတပ်စခန်းဌာနချုပ်။
- ဟုမ္မလင်း လေတပ်စခန်းဌာနချုပ်။
- နမ့်စမ် လေတပ်စခန်းဌာနချုပ်။
- ကျောက်ထုလေတပ်စခန်းဌာနချုပ်။

လေတပ်စခန်းများ
- မှော်ဘီ လေတပ်စခန်း။ (ယခင် အမှတ် ၅၀၁ လေတပ်စခန်း)
- ကိုကိုးကျွန်း လေတပ်စခန်း။
- တံတားဦး လေတပ်စခန်း။
- နေပြည်တော် လေတပ်စခန်း။
လေကြောင်းရန်ကာကွယ်ရေး စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်များ
လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့သည် မြန်မာ့တပ်မတော်၏ စစ်လက်ရုံးတပ်ဖွဲ့တစ်ခုဖြစ်သည်။ ဖွဲ့စည်းပုံအရ တပ်မတော်(ကြည်း)၌ ပါဝင်သော်လည်း လုပ်ငန်းတာဝန်ပိုင်း၌ သဘောသဘာဝအရ တပ်မတော်(ရေ)၊ အထူးသဖြင့် တပ်မတော်(လေ)နှင့် ပို၍ဆက်စပ်မှုရှိလေသည်။ လက်ရှိ လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့၏ အရာရှိချုပ် တာဝန်ထမ်းဆောင်နေသူမှာ ဒုတိယဗိုလ်ချုပ်ကြီး တစ်ဦး ဖြစ်ပြီး ဒုတိယအရာရှိချုပ် တာဝန်ထမ်းဆောင်နေသူမှာ ဗိုလ်ချုပ်တစ်ဦး ဖြစ်သည်။ ထို့နောက် လက်ထောက် အရာရှိချုပ် (၃)ဦးရှိပြီး၊ ကြည်း/ ရေ/ လေ တပ်ဖွဲ့ အသီးသီးမှ ဗိုလ်မှူးချုပ် အဆင့်ရှိသူ တစ်ဦးစီကို ခန့်အပ်ထားသည်။
- အမှတ်(၁)လေကြောင်းရန်ကာကွယ်ရေး စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်
- အမှတ်(၂)လေကြောင်းရန်ကာကွယ်ရေး စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် - မြိတ်
- အမှတ်(၃)လေကြောင်းရန်ကာကွယ်ရေး စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် - လွိုင်လင်
- အမှတ်(၄)လေကြောင်းရန်ကာကွယ်ရေး စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် - သထုံ
- အမှတ်(၅)လေကြောင်းရန်ကာကွယ်ရေး စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် - မှော်ဘီ
- အမှတ်(၆)လေကြောင်းရန်ကာကွယ်ရေး စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်
- အမှတ်(၇)လေကြောင်းရန်ကာကွယ်ရေး စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် - ကျောက်ဆည်
- အမှတ်(၈)လေကြောင်းရန်ကာကွယ်ရေး စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် - နေပြည်တော်
- အမှတ်(၉)လေကြောင်းရန်ကာကွယ်ရေး စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် - ဆိပ်ဖြူမြို့
Remove ads
လက်ရှိအသုံးပြုနေသော စစ်လေယာဉ်များ




ရေဒါများ
မြန်မာလေတပ်တွင် သုံးဖက်မြင်စောင့်ကြည့်ရေး YLC-2 ရေဒါ၊ P-37 ကြိုတင်သတိပေးရေဒါစနစ်၊ JLP-40 ကာကွယ်ရေးရေဒါအပါအဝင် ရေဒါအများအပြားနှင့် ပေါင်းစပ်လေကြောင်းကာကွယ်ရေးရုံးနှင့်ချိတ်ဆက်ထားသည့် Galaxy EWR စနစ် တပ်ဆင်ထားသည်။[၆၈]
Remove ads
အမှတ်အသား


မြန်မာ့ စစ်လေယာဉ် တံဆိပ်(ဗဟိုတွင် အဝါရောင် အကွက်နှင့် အပြာရောင် အနားသတ်မျဉ်းများ ပါသော အဖြူရောင် တြိဂံ)ကို များသောအားဖြင့် နေရာ ခြောက်မျိုးတွင် ရေးဆွဲထားသည်။ တပ်မတော် (လေ) ၏ အမှတ်စဉ် မှတ်သားမှု စနစ်သည် တပ်ဖွဲ့နှင့် လေယာဉ်တစ်စင်းချင်းစီ၏ ကိုယ်ပိုင်အမှတ်တို့ကို ခွဲခြားပေးသည်ဟု သိရသော်လည်း အတည်ပြုနိုင်ခြင်း မရှိပါ။ ရှေးကျသော လေယာဉ် အများစုတွင် "UB" အက္ခရာနှင့်စပြီး ဗမာ ကိန်းဂဏန်းများပါသည့် အမှတ်စဉ်များကို တွေ့ရသည်။ တစ်ခါတစ်ရံ အမှတ်စဉ်များကို အဖြူရောင် အနားသတ်မျဉ်းများဖြင့် ရေးဆွဲတတ်သည်။ တိုက်ခိုက်ရေး လေယာဉ်များတွင်မူ ယေဘုယျအားဖြင့် အမှတ်စဉ် အနက်ရောင်များကို တွေ့နိုင်သည်။
Remove ads
၂၀၀၀ ပြည့်နှစ်နောက်ပိုင်း မတော်တဆမှုများ စာရင်း
မတော်တဆ နှင့် ထိခိုက်ပျက်စီးမှုများ
- ၂၀၁၆ တွင် Beechcraft 1900 လေယာဉ်တစ်စီး နှင့် Mi-2 ရဟတ်ယာဉ် ၁စီးပျက်ကျခဲ့သည်။[၆၉]
- ၇ ဇွန် ၂၀၁၇ တွင် တပ်မတော်(လေ)မှ စန်းရှီ ဝိုင်-၈ လေယာဉ်သည် မြိတ်မှ ရန်ကုန်သို့ ခရီးစဉ်၌ ပျက်ကျခဲ့သည်။
- ၂၀၁၇ ခုနှစ်၊ စက်တင်ဘာ ၅ အတွင်းကလည်း တပ်မတော်(လေ)မှ G-4 အမျိုးအစားလေယာဉ် တစ်စီးသည် ဧရာဝတီတိုင်းဒေသသကြီးအတွင်း ပျက်ကျသွားခဲ့ပြီး လေယာဉ်မှူးသေဆုံးသွားသည်။
- ၂၀၁၈ ဧပြီတွင် တောင်ငူလေတပ်စခန်းဌာနချုပ်မှ လေ့ကျင့်ပျံသန်းနေသည့် အက်ဖ်-၇ လေယာဉ်တစ်စီး ပျက်ကျသွားခဲ့ရာ လေယာဉ်မှူးသေဆုံးသွားသည်။[၇၀]
- ၂၀၁၈ အောက်တိုဘာလတွင် မကွေးလေတပ်စခန်းဌာနချုပ်မှ F-7 တိုက်လေယာဉ်နှစ်စီး ပျက်ကျသွားပြီး လေယာဉ်မှူးနှစ်ဦးနှင့် မြေပြင်ပေါ်မှ ကျောင်းသူတစ်ဦး သေဆုံးသွားသည်။[၇၁]
- ၂၀၂၁ ခုနှစ် မေလ ၃ ရက်နေ့တွင် ကချင်ပြည်နယ်၌ တပ်မတော်လေက လေကြောင်းပစ်ခတ်မှုများ ပြုလုပ်ခဲ့ရာတွင် ကချင်လွတ်မြောက်ရေးတပ်မတော်က မိုးမောက်မြို့အနီးတွင် ရဟတ်ယာဉ်တစ်စီးကို ပစ်ချနိုင်ခဲ့သည်။ မည်သည့်ရဟတ်ယာဉ်အမျိုးစားဖြစ်သည်ဆိုသည်နှင့် အသုံးပြုခဲ့သော ဝေဟင်ပစ်လက်နက်အမျိုးအစားတို့ကို တပ်မတော်လေနှင့် KIA တို့မှ ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိပေ။[၇၂]
- ၂၀၂၁ ခုနှစ် ဇွန်လ ၁၁ ရက်နေ့တွင် ပြင်ဦးလွင်မြို့ အနီးစခန်းလေဆိပ်သို့ ဆင်းသက်ရာတွင် Beechcraft 1900 အမျိုးအစား လေယာဉ်ပျက်ကျခဲ့ရာ ပျဉ်းမနား ဈေးကုန်းဆရာတော် ဒေါက်တာဘဒ္ဒန္တကဝသာရ အပါအဝင် ၁၂ ဦးသေဆုံးခဲ့သည်။[၇၃]
- ၂၀၂၁ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့တွင် မကွေးလေတပ်စခန်းဌာနချုပ်တွင် ပေါက်ကွဲမှုနှစ်ခု ဖြစ်ပွားခဲ့ရာ လေယာဉ်အချို့ ထိခိုက်မှုများ ရှိခဲ့သည်။ အဆိုပါ ပေါက်ကွဲမှုကို ဗိဿနိုးပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြုလုပ်ခဲ့သည် ကြေညာခဲ့သည်။[၇၄]
- ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ အုန်းတောကျေးရွာအနီးတွင် A-5 တိုက်လေယာဉ်တစ်စီး ပျက်ကျခဲ့ လေယာဉ်မှူးတစ်ဦး သေဆုံးခဲ့သည်။[၇၅][၇၆]
- ၂၀၂၂ ခုနှစ် မတ်လ ၂၉ ရက်နေ့တွင် Mi-17 အမျိုးအစား ရဟတ်ယာဉ်တစ်စင်းသည် ချင်းပြည်နယ်၊ ဟားခါးမြို့အနီးတွင် ပျက်ကျခဲ့ရာ လူငါးဦး ဒဏ်ရာရရှိခဲ့သည်။[၇၇]
- ၂၀၂၃ ခုနှစ် ဇွန်လ ၁၅ ရက်နေ့တွင် H120 လေကျင့်ရေးရဟတ်ယာဉ်တစ်စီးသည် စက်ချို့ယွင်းမှုကြောင့် လယ်ဝေးမြို့နယ် လယ်ဒါကြီးရွာ အနောက်တောင်ဘက် ငါးမိုင်ခန့်အကွာ၌ ပျက်ကျခဲ့ရာ လိုက်ပါလာသည့် ရဟတ်ယာဉ်မှူးနှင့် သင်တန်းသားတစ်ဦး သေဆုံးခဲ့သည်။[၇၈]
- ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် K-8W အမျိုးအစား လေ့ကျင့်ရေးလေယာဉ်တစ်စင်းသည် ကရင်နီပြည်နယ်၊ ဖရူဆိုမြို့အနီးတွင် ပျက်ကျခဲ့သည်။ ဒေသခံတော်လှန်ရေးအဖွဲ့က ပစ်ချခဲ့သည်ဟု ဆိုခဲ့ပြီး မြန်မာလေတပ်ကမူ စက်ချို့ယွင်းမှုကြောင့် ဖြစ်သည်ဟု ဆိုသည်။[၇၉]
- ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့တွင် ကချင်လွတ်မြောက်ရေးတပ်မတော်က Mi-17 ရဟတ်ယာဉ်အား ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အနီးတွင် FN-6 MANPAD ဖြင့် ပစ်ချခဲ့ရာ ရဟတ်ယာဉ်ပေါ်ပါရှိသော လူခုနစ်ဦးစလုံး သေဆုံးခဲ့သည်။[၈၀]
- ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ကချင်လွတ်မြောက်ရေးတပ်မတော်က FTC-2000G လေ့ကျင့်ရေး/တိုက်ခိုက်ရေးလေယာဉ်ကို ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဖတ်ကာရွာအနီးတွင် ပစ်ချခဲ့သည်။[၈၁]
- ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် တပ်မတော်လေ၏ Y-8 လေယာဉ်တစ်စင်းသည် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ Lengpui လေဆိပ်တွင် ပြေးလမ်းချော်ကာ ပျက်စီးခဲ့သည်။[၈၂]
- ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်က ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့အနီးတွင် တပ်မတော်လေ၏ Eurocopter AS365 ရဟတ်ယာဉ်တစ်စင်းကို ပစ်ချခဲ့ရာ ဗိုလ်မှူးချုပ်အေးမင်းနောင်၊ ဗိုလ်မှူးစိုးလွင်ထွန်း၊ ဗိုလ်မှူး တိုးဦးနှင့် အခြားနှစ်ဦးတို့ သေဆုံးခဲ့သည်။[၈၃]
- ၂၀၂၄ ခုနစ် ဖေဖော်ဝါရီလ ၂၉ ရက်နေ့တွင် တပ်မတော်(လေ) ၏တိုက်ခိုက်ရေးဂျက်လေယာဉ်အမျိုအစား MiG-29 သည်မကွေးတိုင်းဒေသကြီး စလင်းမြို့နယ်တွင် စက်ချို့ယွင်းပျက်ကျကာ ပိုင်းလော့နှစ်ဦးလေထီးဖြင့် လွတ်မြောက်ခဲ့သော်လည်း လေယာဉ်မှာမီးလောင်ပျက်စီးခဲ့သည်။ [၈၄]
- ၂၀၂၄ ခုနစ် ဩဂုတ်လ ၂ ရက်နေ့တွင် တပ်မတော်(လေ) ၏ Eurocopter AS365 Dauphin တစ်စင်း ရေဘေးသင့်ကယ်ဆယ်ရန် မှော်ဘီလေတပ်စခန်းမှထွက်ခွာစဉ် ပျက်ကျခဲ့သည်။ ထိုပျက်ကျမှုအတွင် တောင်ပိုင်းတိုင်း လေတပ်ကွပ်ကဲရေးမှူးချုပ် ဗိုလ်ချုပ် စိုးတင်လတ်နှင့် တွဲဘက်လေယာဉ်မှူး တို့သေဆုံးခဲ့သည်။ [၈၅]
Remove ads
အခြားလေ့လာရန်
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads