တယ်လီနော မြန်မာ

မြန်မာမိုဘိုင်းဆက်သွယ်ရေးကုမ္ပဏီ From Wikipedia, the free encyclopedia

တယ်လီနော မြန်မာ
Remove ads

တယ်လီနော မြန်မာ (အင်္ဂလိပ်: Telenor Myanmar) ကုမ္ပဏီသည် ၂၀၁၄ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ မြန်မာနိုင်ငံတွင် မိုဘိုင်းဝန်ဆောင်မှုပေးခဲ့သော နော်ဝေးနိုင်ငံ အခြေစိုက် ဆက်သွယ်ရေး ကုမ္ပဏီတစ်ခု ဖြစ်သည်။ မြန်မာနိုင်ငံတွင် ၂၇ ရက် စက်တင်ဘာ ၂၀၁၄ ခုနှစ်တွင် စတင်ဝန်ဆောင်မှု ပေးနိုင်ခဲ့သည်။[] အစိုးရသစ် တက်လာပြီးနောက်ပိုင်း ဆက်သွယ်ရေးလုပ်ငန်းအတွက် တင်ဒါခေါ်ယူခဲ့ရာ ပြည်ပကုမ္ပဏီနေရာ ၂ ခုအတွက် အူရီဒူး မြန်မာ နှင့်အတူ ရရှိခဲ့သည်။ ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှုပြီးနောက် တယ်လီနောမြန်မာအား လက်ဘနွန်အခြေစိုက် M1 Group သို့ ရောင်းချခဲ့သည်။[] လုပ်ထုံးလုပ်နည်း လုပ်ငန်းစဉ်များ ကြာရှည်စွာ ဆောင်ရွက်ခဲ့ပြီးနောက် အပြီးသတ်ရောင်းချမှုကို ၂၀၂၂ ခုနှစ် မတ်လ ၁၈ ရက်နေ့တွင် မြန်မာအာဏာပိုင်များက ခွင့်ပြုခဲ့သည်။ ၂၀၂၂ ခုနှစ် ဇွန်လ ၈ ရက်နေ့တွင် အက်တမ် (Advancing Telecommunications of Myanmar) ဟု အမည်ပြောင်းလဲခဲ့သည်။

အချက်တိုများ အမျိုးအစား, လုပ်ငန်း ...
Remove ads

သမိုင်းကြောင်း

၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလတွင် ဆက်သွယ်ရေးလိုင်စင်သစ်အတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။[] ၂၀၁၃ ခုနှစ် ဇွန်လ ၂၇ ရက်နေ့တွင် မြန်မာနိုင်ငံတွင်း ၁၅ နှစ်သက်တမ်းရှိ တယ်လီကွန်းလုပ်ကိုင်ခွင့်ကို အိုရီဒူးနှင့် အတူ တယ်လီနောက ရရှိခဲ့သည်။[]

၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်နေ့တွင် အစိုးရထံမှ တရားဝင် လိုင်စင်ရရှိခဲ့သည်။ ၂၀၁၄ ခုနှစ် မတ်လ ၃ ရက်နေ့တွင် ရန်ကုန်မြို့ရန်ကင်းမြို့နယ်တွင် တယ်လီနော မြန်မာ ရုံးချုပ်ကို ဖွင့်လှစ်ခဲ့သည်။ ၂၀၁၄ ခုနှစ် ဧပြီလ ၇ ရက်နေ့တွင် တယ်လီနော မြန်မာ ကိုယ်ပိုင်ကွန်ရက်ပေါ်မှ အသံနှင့် ဗီဒီယိုဖုန်း ခေါ်ဆိုမှု စမ်းသပ်အောင်မြင်ခဲ့သည်။ ၂၀၁၄ ခုနှစ် စက်တင်ဘာ ၂၇ ရက်တွင် မန္တလေးမြို့တွင် ဝန်ဆောင်မှုစတင်ခဲ့သည်။ ၂၀၁၄ ခနှစ် အောက်တိုဘာ ၄ ရက်တွင် နေပြည်တော်တွင် ဝန်ဆောင်မှုစတင်ခဲ့ပြီး ၂၀၁၄ ခုနှစ် အောက်တိုဘာ ၂၆ ရက်တွင် ရန်ကုန်မြို့တွင် ဝန်ဆောင်မှုစတင်ခဲ့ကာ တစ်နိုင်ငံလုံး လွှမ်းခြုံခဲ့သည်။ အသံနှင့် အင်တာနက်ဝန်ဆောင်မှုများကို 2G နှင့် 3G နည်းပညာများဖြင့် စတင်ခဲ့ကာ ဝန်ဆောင်မှုစတင်ပြီး ၅ နှစ်အတွင်း မြန်မာနိုင်ငံ၏ ထင်ရှားသော နေရာဒေသ ၉၀% အား LTE ကွန်ယက်လွှမ်းခြုံနိုင်ရန် ရည်ရွယ်ခဲ့သည်။

၂၀၁၄ ခုနှစ် ဇွန်လတွင် မြန်မာဝီကီပီးဒီးယား၏ ပထမဆုံး အလုပ်ရုံဆွေးနွေးပွဲတွင် အဓိက ပါဝင်ပံ့ပိုးပေးခဲ့သည်။[] မြန်မာဝီကီပီးဒီးယား ဆွေးနွေးပွဲကို ၂၀၁၄ ခုနှစ် ဇူလိုင်လတွင် ဒဂုံတက္ကသိုလ်၌ ကျင်းပခဲ့ရာ ကျောင်းသားကျောင်းသူများအပါအဝင် တက်ရောက်သူ ၂၀၀၀ ကျော်ခန့်ရှိခဲ့သည်။[]

၂၀၁၄ ခုနှစ် နိုဝင်ဘာလတွင် တယ်လီနောနှင့် ရိုးမဘဏ်တို့ ပူးပေါင်းလုပ်ဆောင်သော မိုဘိုင်းဘဏ်စနစ်တစ်ခုကို ကြေညာခဲ့သည်။[] အဆိုပါ ပူးပေါင်းမှုက ဘဏ်အကောင့်မရှိသူများအား ငွေကြေးဝန်ဆောင်မှုပေးရန် ရည်ရွယ်သည်။[] ၂၀၁၉ ခုနှစ် ဇွန်လ စာရင်းများအရ အဆိုပါ မိုဘိုင်းဘဏ်စနစ်ကို သုံးစွဲသူ ၁၉ သန်းကျော် ရှိခဲ့သည်။

အတင်းအကြပ် လုပ်ဆောင်စေရန် ခိုင်းစေမှုများ

စစ်ကောင်စီထိန်းချုပ်သော ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနက ပြီးခဲ့သော ၁၂ လအတွင်းတွင် ဖုန်းခေါ်ဆိုမှု အသံဖမ်းယူမှုများ၊ ခေါ်ဆိုမှု တည်နေရာများနှင့် ဖုန်းနံပါတ်တစ်ခု၏ နောက်ဆုံး တည်နေရာများ အပါအဝင် သတင်းအချက်အလက်များ ပေးရန်တယ်လီနောအား အနည်းဆုံး အကြိမ် ၂၀၀ ခန့် တောင်းဆိုခဲ့ကြောင်း အတွင်းရင်းမြစ်တစ်ခုက Myanmar Now ကို ပြောဆိုခဲ့သည်။

အချို့သော မိုဘိုင်းဖုန်းနံပတ်များ ပိတ်ပင်ရန် ညွှန်ကြားချက်များအပါအဝင် အဆိုပါ တောင်းဆိုမှုများအား တယ်လီနောမြန်မာအနေဖြင့် လိုက်နာသည်ဟု အဆိုပါရင်းမြစ်က ဆိုသည်။ လပေါင်းများစွာ ကြာပြီးနောက် ၂၀၁၉ ခုနှစ် စက်တင်ဘာလတွင် မောင်တောမြို့နယ်ဘူးသီးတောင်မြို့နယ်နှင့် မြေပုံမြို့နယ်တို့တွင် မိုဘိုင်းဝန်ဆောင်မှုများ ပိတ်ရန် ညွှန်ကြားခံခဲ့ရသည်။[] ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလတွင် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့ရှိ မြို့နယ် ငါးမြို့နယ်တွင် ဝန်ဆောင်မှုများ ပိတ်သိမ်းရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနက တယ်လီနောမြန်မာအား ညွှန်ကြားခဲ့သည်။[]

အခြားသော မိုဘိုင်းအော်ပရေတာများနှင့် အင်တာနက်ဝန်ဆောင်မှုပေးသော ကုမ္ပဏီများအား အလားတူ အချက်အလက်တောင်းခံမှုများနှင့် ဝန်ဆောင်မှုပိတ်သိမ်းရန် ညွှန်ကြားချက်များ ရှိခဲ့သော်လည်း မည်သည့်ကုမ္ပဏီကမှ ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ပေ။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းခြင်း

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုအပြီးတွင် "ကြားဖြတ် ဖမ်းယူစက်များ တပ်ဆင်ခြင်းကို နော်ဝေနှင့် နိုင်ငံတကာတွင် ပိတ်ဆို့ထားသည့် အတွက် တယ်လီနော အနေဖြင့် လက်ခံနိုင်စရာမရှိကြောင်း" တယ်လီနောက ဆိုသည်။[၁၀] In May 2021, Telenor was forced to write off USD$780 million[၁၁] ၂၀၂၁ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့တွင် တယ်လီနောမြန်မာ၏ လုပ်ငန်းများကို လက်ဘနွန်အခြေစိုက် M1 အုပ်စုအား အမေရိကန်ဒေါ်လာ ၁၀၅ သန်းဖြင့် ရောင်းချကြောင်း တယ်လီနောက ကြေညာသည်။[၁၂] အဆိုပါ ရောင်းချမှုကို ၂၀၂၂ ခုနှစ် မတ်လ ၁၈ ရက်နေ့တွင် မြန်မာအာဏာပိုင်များနှင့် မြန်မာရင်းနှီးမြှုပ်နှံမှုကော်မရှင်တို့က ခွင့်ပြုခဲ့သည်။ အစုရှယ်ယာများ လွှဲပြောင်းရောင်းချခြင်းကို ၂၀၂၂ ခုနှစ် မတ်လ ၂၅ ရက်နေ့တွင် ပြီးမြောက်ခဲ့ပြီး လုပ်ငန်းအား ပိုင်ရှင်သစ်ထံ လွှဲပြောင်းခဲ့သည်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ရွှေဗျိုင်းဖြူအုပ်စုက တယ်လီနောမြန်မာ၏ ရှယ်ယာ ၈၀% ကို ပိုင်ဆိုင်မည်ဖြစ်ကြောင်း အစီရင်ခံစာတစ်ခုက ဆိုသည်။[၁၃] တယ်လီနောမြန်မာလုပ်ငန်းအား လွှဲပြောင်းရယူရန် ရွှေဗျိုင်းဖြူနှင့် M1 အုပ်စုတို့က ပူးတွဲကုမ္ပဏီ Investcom ကို တည်ထောင်ခဲ့သည်။[၁၄] ရွှေဗျိုင်းဖြူအုပ်စု၏ စစ်တပ်နှင့် ဆက်နွယ်မှု၊ အသုံးပြုသူများ၏ ကိုယ်ရေးအချက်အလက် လုံခြုံမှုများအပေါ် စိုးရိမ်မှုများကြောင့် ဤရောင်းချမှုသည် မြန်မာပြည်သူများ အသိုင်းအဝိုင်းတွင် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ခဲ့သည်။[၁၄] ဥပဒေရေးရာကျွမ်းကျင်သူများနှင့် တက်ကြွလှုပ်ရှားသူများက သုံးစွဲသူများ၏ အချက်အလက်များကို ကာကွယ်နိုင်ရန် တယ်လီနော၏ ရောင်းချမှုကို ရပ်တန့်ထားရန် သို့မဟုတ် ရောင်းချခြင်း မတိုင်မီ အချက်အလက်များ ဖျက်ပစ်ရန် တောင်းဆိုခဲ့ကြသည်။[၁၄] ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ၏ ယာယီသမ္မတဖြစ်သူ ဒူဝါလရှီးလက တယ်လီနောရောင်းချမှုကို တားမြစ်ရန် နော်ဝေသမ္မတထံ တောင်းဆိုခဲ့သည်။[၁၅]

၂၀၂၂ ခုနှစ် မတ်လ ၁၈ ရက်နေ့တွင် တယ်လီနောမြန်မာအား အမ်ဝမ်းအုပ်စုသို့ ရောင်းချခြင်းကို မြန်မာအာဏာပိုင်များက ခွင့်ပြုချက်ပေးခဲ့ကာ မတ်လ ၂၅ ရက်နေ့တွင် ပိုင်ဆိုင်သူအသစ်သို့ လွှဲပြောင်းပေးခဲ့သည်။ ဇွန်လ ၈ ရက်နေ့တွင် အမည်အား အက်တမ် (Advancing Telecommunications of Myanmar) ဟု ပြောင်းလဲခဲ့သည်။


Remove ads

ကိုးကား

ပြင်ပလင့်ခ်များ

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads