တယ်လီဖုန်း

ပြောဆိုဆက်သွယ်ရေးကိရိယာ From Wikipedia, the free encyclopedia

တယ်လီဖုန်း
Remove ads

တယ်လီဖုန်းသည် ကမ္ဘာပေါ်ရှိ တစ်နေရာမှ တစ်နေရာသို့ ဆက်သွယ် စကားပြောရန် နည်းပညာနည်းအရ ပြုလုပ်ထားသော အရာဖြစ်သည်။ တယ်လီဖုန်းကို စကားပြောကြေးနန်း ၊ စကားပြောခွက် ဟူ၍ မြန်မာမှုပြုကြသော်လည်း အသုံးတွင်ကျယ်ခြင်းမရှိပေ။[]

Thumb
အလက်ဇန္ဒား ဂရေဟမ်ဘဲလ်

အခြေခံသဘောတရား

တယ်လီဖုန်း ခေါ် စကားပြောကြေးနန်းတွင် (၁) စကားပြောခွက်၊ (၂) လျှပ်စစ်ဓာတ်နှင့် (၃) နားထောင်ခွက်ဟူ၍ ပစ္စည်းသုံးမျိုး အဓိက ပါဝင်သည်။ စကားပြောခွက်ထဲသို့ စကားပြောလိုက်သောအခါ ပါးစပ်မှ အသံလှိုင်းတို့သည် စကားပြောခွက်တွင် တပ်ဆင် ထားသော ဒိုင်အာဖရမ်ခေါ်ပါးလွှာသည့် သတ္တုချပ်ပြားကို တုန်ခါစေသည်။ ထိုတုန်ခါမှုများက ကြေးနန်းကြိုးတစ်လျှောက်တွင် လျှပ်စစ်ဓာတ်စီးကြောင်းကို အသံနှင့်လိုက်၍ မညီညာသော ပြောင်းလဲမှုများ ဖြစ်ပေါ်စေသည်။ ထိုမှအခြားတစ်ဖက်ရှိ နားထောင်ခွက်တွင်ရှိသော လျှပ်စစ်သံလိုက်၌ အလားတူ မညီညာသည့် အားများကို ဖြစ်ပေါ်စေသည်။ ထိုသံလိုက်က အနီးရှိ သတ္တုချပ်ပြားကို ဆွဲငင်သဖြင့် စကားပြောခွက်တွင်ရှိသော သတ္တုချပ်ပြားအတိုင်း တုန်ခါစေပြန်သည်။ ထိုကဲ့သို့ တုန်ခါမှုကြောင့် စကားပြောသူ၏ စကားသံအတိုင်း နားထောင်ခွက်ထဲမှ ပြန်လည်ကြားရခြင်းဖြစ်ပေသည်။[]

Remove ads

သမိုင်း

၁၈၇၆-ခုနှစ်တွင် အမေရိကန်နိုင်ငံမှ အလက်ဇန္ဒား ဂရေဟမ် ဘဲလ် ‎ ဆိုသူက တီထွင်ခဲ့သည်။ ထိုနှစ်မတိုင်မီ ၁၈၇၅-ခုနှစ်၊ ဇွန်လ ဒုတိယပတ်အတွင်းမှာ ဝါယာကြိုးတစ်ခုတည်းနှင့် တစ်ချိန်တည်း တယ်လီဂရပ် သတင်းများကို ပေးပို့နေရင်း ပေါ်လာသော စိတ်ကူးနှင့် ဘော့စတွန်မြို့၌ လက်တွေ့ စမ်းသပ်ပြုလုပ်ခဲ့သည်။ သံမဏိချောင်းများ ခွေထားသော စပရင်တစ်စုံကို အသုံးပြုခဲ့သည်။ အသံဖမ်းစက် ဆင်ထားသည့် အခန်းမှာ သူက လုပ်ဆောင်နေသည်။ သူ၏ လက်ထောက် သောမတ်စ်ဝပ်ဆင်က အသံပို့စက်ရှိသော နောက်အခန်းတစ်ခုမှာ လုပ်ဆောင်နေသည်။ သံလိုက်ပေါ်မှ အသံများ တုန်ခါနေစဉ် သံမဏိချောင်းများက ဝိုင်ယာကြိုးကို ဖြတ်စီးနေသော စီးကြောင်းအား ပြောင်းလဲနေပုံကို လေ့လာစူးစမ်းကြပြီး တယ်လီဖုန်းကို စတင် တီထွင်ခဲ့လေသည်။ []


Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads