တရားသူကြီး
From Wikipedia, the free encyclopedia
Remove ads
တရားသူကြီးဆိုသည်မှာ တစ်ကိုယ်တော်ဖြစ်စေ၊ တရာသူကြီး အဖွဲ့နှင့် ဖြစ်စေ တရားစီရင်မှု ပြုရာတွင် တွင် အကြီးအမှူးဖြစ်သည်။ တရားသူကြီး၏ အခွင့်အာဏာ၊ လုပ်ငန်းဆောင်တာ၊ ခန့်အပ်ပုံ၊ စည်းမျဉ်းစည်းကမ်း နှင့် လေ့ကျင့်သင်ကြားမှုတို့မှာ တရားစီရင်ရေး စနစ်ရှိရာ နေရာ ဌာနပေါ်တွင် မူတည်၍ ကွဲပြားခြားနားသည်။ တရားသူကြီးသည် တရားခွင်ကို အများပြည်သူတို့၏ မျက်ကွယ်တွင် ဖြစ်စေ ရှေ့မှောက်တွင် ဖြစ်စေ ပြုလုပ်လေ့ ရှိသည်။ တရားသူကြီးတို့သည် သက်သေတို့၏ ထွက်ဆိုချက်များကို နားထောင်ခြင်း၊ တရားလို နှင့် တရားခံ သို့ တရားပြိုင်တို့မှ တင်ပြသော သက်သေ အထောက်အထားများကို လေ့လာခြင်း၊ ထိုသက်သေ အထောက်အထားများ၏ ယုတ္တိတန်မတန် ကို လေ့လာခြင်းတို့ကို ပြုလုပ်ပြီးသည့်နောက်တွင် တရားစီရင်ချက်ကို တရားဥပဒေ၏ ဖွင့်ဆိုချက်ပေါ်တွင် မူတည်ကာ သူ သို့မဟုတ် သူမ၏ ကိုယ်ပိုင် ဆုံးဖြတ်ချက်နှင့် ပေါင်းစပ်၍ ချမှတ်လေ့ ရှိသည်။ အချို့သော တရားစီရင်ရေး စနစ်များတွင် တရားသူကြီး၏ အခွင့်အာဏာကို ဂျူရီလူကြီးများနှင့် ဝေမျှရသည်။
Remove ads
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads