တရုတ်ပြေးဘုရားကြီး

From Wikipedia, the free encyclopedia

Remove ads

တရုတ်ပြေးဘုရားကြီးသည် မြန်မာနိုင်ငံမန္တလေးတိုင်းဒေသကြီးပုဂံတွင် တည်ရှိသည့် စေတီဖြစ်သည်။ တရုတ်ပြေးဘုရားကြီးသည် ကွမ်းတောင် ပေါက် လိုဏ်နှစ်ဆင့် ဂူဘုရားဖြစ်ပြီး ဂူဘုရား အတွင်းနံရံ ကမ္ဗည်းစာများအရ ခရစ်(၁၃)ရာစုတွင် ကျစွာမင်းလက်ထက် အမတ်ကြီးကင်္ကဖြစ် ဆောက်လုပ်ခဲ့ပြီး ဘုရားအပြီးမသတ်၍ နရသီဟပတေ့မင်းက ဆက်လက် တည်ခဲ့သည်ဟု ယူဆကြသည်။ ဂူဘုရားအတွင်းရှိ နံရံဆေးရေး ပန်းချီများမှာ အစိမ်းရောင်မှ တစ်ပါး အခြားဆေးရောင်များ မှေးမှိန်နေပြီဖြစ်သည်။ သို့သော် ပုဂံခေတ် နံရံဆေးရေးပန်းချီကွက်ကြီးများကို ကမ္ပည်းစာနှင့်တကွ တွေ့မြင်နိုင်သေးသည်။

  • စေတီပုထိုးအမှတ် = ၅၃၉/၂၉၅−က

ဂူဘုရားအပေါ်ထပ် အဝင်ခန်းမ ပေါင်းကူးမျက်နှာကြက်နှင့် နံရံတွင် ဗုဒ္ဓရုပ်ပွားပုံအတန်းများ သစ်ရွက်ပုံ၊ ပန်းတန်းများ ရှိသည်။ ဖြတ်ကူးလမ်းနှင့် အာရုံခံခန်းမ ပေါင်းကူး မျက်နှာကြက်တွင် ဗုဒ္ဓရုပ်ပွားပုံအတန်းများ၊ နံရံတွင် ပန်းဆွဲများ၊ ဗုဒ္ဓဝင်ဇာတ်ကွက်များရှိသည်။ စင်္ကြံလမ်း ပေါင်းကူးမျက်နှာကြက်တွင် ထောင့်ဘောင်ပန်းများ၊ ဗုဒ္ဓရုပ်ပွားပုံအတန်းများ၊ နံရံတွင် ပန်းဆွဲများနှင့် ဗုဒ္ဓဝင်ဇာတ်ကွက်များရှိသည်။

ဂူဘုရားမြေညီထပ် အဝင်ခန်းမတွင် ဗုဒ္ဓခြေတော်ရာပုံနှင့် ဗုဒ္ဓရုပ်ပွားပုံများ၊ နံရံတွင် ဗုဒ္ဓဝင်ဇာတ်လမ်းများနှင့် အဆောက်အဦးပုံ ရှိသည်။ စင်္ကြံလမ်း ပေါင်းကူးမျက်နှာကြက်တွင် ဗုဒ္ဓရုပ်ပွားပုံပါသော စက်ဝိုင်းကွက်များ၊ နံရံတွင် သစ်ရွက်ပုံပန်းတန်းများ၊ နှစ်ကျိပ်ရှစ်ဆူ ဘုရားပုံနှင့် အမည်များရှိသည်။ ဂူဘုရား အလယ်မဏ္ဍိုင်၏ နံရံတွင် ဗောဓိညောင်ပင်ပုံများ ရှိသည်။ အလယ်မဏ္ဍိုင်ရှိ ဗုဒ္ဓရုပ်ပွားဆင်းတု၏ ပေါင်းကူးမျက်နှာကြက်တွင် ဗုဒ္ဓရုပ်ပွားပုံ ပါရှိသည့် ရှစ်မြှောင့်အကွက်များ၊ စက်ဝိုင်းအတွင်းမှ ဗုဒ္ဓရုပ်ပွားပုံနှင့် ပန်းကွက်အလှများ၊ နံရံတွင် ပန်းဆွဲများ၊ ဗုဒ္ဓဝင်ဇာတ်ကွက်များရှိသည်။

တရုတ်ပြေးဂူဘုရား အပေါ်ဆင့် စိန်တန်းများတွင် စဉ့်ကွက်များရှိသည်။ ဂူဘုရား အပေါ်ထပ် ​ထောင့်စေတီများရှိ အင်္ဂတေ ပန်းတော့လက်ရာများ၊ အရှေ့ဘက်အဝင်မုခ်မှ အင်္ဂတေ ပန်းတော့လက်ရာများနှင့် ဂူဘုရားအပြင် နံရံပတ်လည်ရှိ တိုင်ဖုံးပန်းများ၊ ပန်းဆွဲများ၊ တိရစ္ဆာန် ရုပ်ပုံများကို လေ့လာနိုင်သည်။[]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads