တရုတ် ပြည်တွင်းစစ်ပွဲ

From Wikipedia, the free encyclopedia

တရုတ် ပြည်တွင်းစစ်ပွဲ
Remove ads

တရုတ်ပြည်တွင်းစစ်ပွဲ (國共內戰) သည် ထိုစဉ်က တရုတ်နိုင်ငံရေး ပါတီနှစ်ခု ဖြစ်သည့် အာဏာရ ကွန်မင်တန်ပါတီနှင့် အတိုက်အခံ ကွန်မြူနစ်ပါတီတို့အကြား ဖြစ်ပွားသည့် စစ်ပွဲဖြစ်သည်။[] ယင်းစစ်ပွဲသည် ၁၉၂၇ ခုနှစ် ဧပြီလတွင် စတင်ခဲ့သည်။[] ယင်းစစ်ပွဲသည်လည်း အနောက်တိုင်းမှ ထောက်ခံသည့် ကွန်မင်တန်နှင့် ဆိုဗီယက်တို့က အားပေးသည့် ကွန်မြူနစ်တို့အကြား ခံယူချက် သဘောတရား၊ အယူအဆနှင့် နိုင်ငံရေးမူဝါဒ ရည်မှန်းချက် ကွဲပြားလျက်ရှိကြောင်း ထင်ဟပ်ပြနေသည်။ ကွန်မြူနစ်၏ သမိုင်းတွင် ယင်းစစ်ပွဲကို (အရင်းရှင်စနစ်၊ မြေရှင်စနစ် လက်အောက်မှ) လွတ်မြောက်ရေး စစ်ပွဲ (解放戰爭) ဟု မှတ်တမ်းတင်ထားသည်။

အချက်တိုများ Chinese Civil War, ရက်စွဲ ...

တရုတ်ပြည်တွင်းစစ်ပွဲမှာ ဒုတိယ တရုတ် ဂျပန် စစ်ပွဲ (ဂျပန်တော်လှန်ရေးစစ်ပွဲ) ဖြစ်ပွားချိန်အထိ ကြိုးကြားကြိုးကြား ဖြစ်ပွားခဲ့သည်။ ဂျပန်တော်လှန်ရေး စစ်ပွဲတွင် ကော်မင်တန်နှင့် ကွန်မြူနစ်တို့ ဒုတိယအကြိမ် လက်တွဲကာ ကျူးကျော်ရေးသမားများကို ရင်ဆိုင်ခဲ့သည်။ တရုတ်ပြည်တွင်း ဝရုန်းသုန်းကား အခြေအနေသည် ဂျပန်တို့အဖို့ တရုတ်ကို ကျူးကျော်တိုက်ခိုက်ကာ တရုတ်အရှေ့ပိုင်း ဒေသများအား သိမ်းပိုက်နိုင်ရန် အခွင့်ကောင်းဖြစ်ခဲ့သည်။ ၁၉၄၅ ခုနှစ် ဒုတိယ ကမ္ဘာစစ်အပြီး ဂျပန်တို့စစ်ရှုံးခဲ့သည့်အလျောက် ကျူးကျော်တိုက်ခိုက်မှုများ အဆုံးသတ်သွားသည်။ ၁၉၄၆ ခုနှစ်တွင် တရုတ်၌ စကေးပြည့် ပြည်တွင်းစစ်ပွဲ ထပ်မံဖြစ်ပွားပြန်သည်။

၁၉၄၉ ခုနှစ်တွင် ကော်မင်တန် အမျိုးသားတပ်များ ထိုင်ဝမ်သို့ တိမ်းရှောင်ခဲ့ပြီး ကွန်မြူနစ်တို့က တရုတ်ပြည်မကြီးကို ဆက်လက်ထိန်းချုပ်ကာ တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ထူထောင်ခဲ့သည်။ ထိုအချိန်မှစ၍ နှစ်ဖက်အကြား ကြီးမားသည့် တိုက်ပွဲများ ရပ်နားခဲ့သည်မှာ ယနေ့အထိ ဖြစ်သည်။ သို့သော်လည်း နှစ်ဖက်အကြား အပစ်အခတ်ရပ်စဲရေး သို့မဟုတ် ငြိမ်းချမ်းရေး သဘောတူညီချက်များ ရေးထိုးခဲ့ခြင်း မရှိသောကြောင့် တရုတ်ပြည်တွင်းစစ် တရားဝင် အဆုံးသတ်သွားပြီလားဆိုသည်ကို အငြင်းပွားမှုများ ရှိနေသေးသည်။[] ယနေ့တွင် ထိုင်ဝမ်ရေလက်ကြား နှစ်ဖက်ကမ်းအကြား စီးပွားရေး၊ လူမှုရေး၊ ပညာရေးနှင့် ယဉ်ကျေးမှု အပိုင်းမှ နီးနီးကပ်ကပ် ကူးလူးဆက်ဆံမှုများ တနေ့တခြား များပြားလာပြီ ဖြစ်သည်။[]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads