တာတာလူမျိုး
From Wikipedia, the free encyclopedia
Remove ads
၅ ရာစုနှစ်လောက်တွင် ဂိုဗီ သဲကန္တာရ၏ အရှေ့မြောက် ဘက်ဒေသ၌ နေထိုင်ကြသော မွန်ဂိုအဆက်အနွယ်တို့ကို တာတာလူမျိုးဟု ခေါ်သည်။ နောင်သောအခါ တာတာလူမျိုး တို့ကို ခီတန်လူမျိုးတို့က တိုက်ခိုက်နှင်ထုတ်လိုက်ရာ၊ တာတာ တို့သည် တောင်ဘက်ဒေသတို့သို့ ရွေ့ပြောင်းနေထိုင်ခဲ့ရသည်။ ၉ ရာစုနှစ်သို့ ရောက်သောအခါ တာတာတို့သည် မွန်ဂိုအင်ပါယာနိုင်ငံကို တည်ထောင်ကြလေရာ၊ မွန်ဂိုလူမျိုးဟု တွင်လာကြ သည်။
၁၃ ရာစုနှစ်၌ ထိုမွန်ဂိုလူမျိုးတို့သည် တူရကီ၊ ရုရှအရှေ့ပိုင်း၊ ဖင်းလန်စသော တိုင်းပြည်များသို့ ချင်းနင်းဝင်ရောက်ကြ လေသည်။ အနောက်ဥရောပအထိ မွန်ဂိုအင်ပိုင်ယာကို ချဲ့ထွင်ခဲ့သော ဂျင်ဂစ်ခန်နှင့် သူ၏အဆက်အနွယ်တို့ မှာ ကမ္ဘာ့သမိုင်းတွင် ထင်ရှားခဲ့သောမင်းများ ဖြစ်သည်။
Remove ads
ကိုးကား
မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads