တာလပုဋသုတ်

From Wikipedia, the free encyclopedia

Remove ads

[] ဘုရားရှင် မဂဓနိုင်ငံ ရာဇဂြိုဟ်မြို့ ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် တာလပုဋဇာတ်ဆရာကြီးက ရှေးဇာတ်ဆရာကြီးများ မိန့်ကြားခဲ့သောစကားတို့ကို ဘုရားရှင်အားလျှောက်ထားရာ ဘုရားရှင်က ထိုစကားများကို မလျှောက်ထားရန် သုံးကြိမ်တိုင်တိုင် တားမြစ်တော်မူသော်လည်း တာလပုဋဇာတ်ဆရာကြီးက မေး လျှောက်မြဲ မေးလျှောက်ပါသည်။

ဘုရားရှင်က ဇာတ်သမားများ ရောက်ရာဂတိသည် ပဟာသနတ်ပြည်မဟုတ်၊ ပဟာသငရဲဖြစ်ကြောင်း၊ ငရဲရောက်ခြင်း၏အကြောင်းတို့ကို ရှင်းလင်းမိန့်ကြားတော် မူပါသည်။ တာလပုဋဇာတ်ဆရာကြီး ပြင်းထံစွာငိုကြွေးပြီး ရှေးဆရာကြီးများ၏ လှည့်ပတ် ဖျားယောင်းမှုခံရသည်ကို ဝမ်းနည်း၍ ငိုမိပါကြောင်း လျှောက်ထားပြီး ဘုရားရှင်အထံတော်၌ ဥပါသကာအဖြစ်ခံယူပြီး ရဟန်းပြုလိုကြောင်း လျှောက်ထားပါသည်။ ရဟန်း ပြု၍ မကြာမီ အာသဝေါကင်းကွာ ရဟန္တာဖြစ်ပုံကို ဘုရားရှင်ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ၌ တာလပုဋဆရာကြီး၏အကြောင်းကို အကျယ်တဝင့် ဖွင့်ဆို ထားပါသည်။

ဋီကာ၌လည်း ဖွင့်သင့်သောပုဒ်များကို ဖွင့်ဆိုထားပါသည်။ []

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads