တာဟန်းရပ်ကွက် (ကလေးမြို့)

From Wikipedia, the free encyclopedia

Remove ads

တာဟန်းရပ်ကွက်သည် စစ်ကိုင်းတိုင်းဒေသကြီးကလေးခရိုင်ကလေးမြို့နယ်တွင် တည်ရှိသော မီဇိုးတိုင်းရင်းသား Mizo (Chin) များ၏ မြို့တော်ဖြစ်သည်။ ၂၀၀၇ မှတ်တမ်းအရ တားဟန်ရပ်ကွက်တွင် လူဦးရေ ၃သောင်းခန့် နေထိုင်ပြီး၊ အများစုမှာ ခရစ်ယာန် ချင်းတိုင်းရင်းသားများဖြစ်ကာ ဗမာလူမျိုး၊ တရုတ်လူမျိုး နှင့် ကုလားလူမျိုး အနည်းစုလည်း တွေ့ရသည်။ ရပ်ကွက်ထဲတွင် လှပသော ခရစ်ယာန်ဘုရားကျောင်းများလည်း တွေ့ရသည်။

တာဟန်းရပ်ကွက်၏ ထူးခြားချက်တစ်ခုမှာ ရပ်ကွက်ထဲတွင် တွေ့မြင်ရသော ကောင်းမွန်လှပသည့် လူနေမှု ရိုးရာကျင့်ဝတ်ပင် ဖြစ်သည်။ ဤလူမှုဝန်းကျင်၏ ကိုယ်ကျင့်တရားနှင့် သီလသည် တလောမ်(ဂ)ငိုက်နာ "Tlawmngaihna" ဟု မီဇိုးဘာသာဖြင့် ခေါ်ဆိုသည့် လူမှုဘ၀ပုံစံမှ ပေါက်ဖွားလာပြီး ယခုတိုင် လွမ်းမိုးလျက်ရှိသည်။

လွန်ခဲ့သောဆယ်စုနှစ် နှစ်စုလောက်မှစ၍ စီးပွားရေးဘက်တွင် အစဉ်တစိုက်တိုးတက်နေခြင်းကြောင့်လည်း လူသိများပါသည်။ တာဟန်းသည် ပတ်ဝန်းကျင်ဒေသများနှင့် နယ်စပ်ဒေသများမှ ကုန်စည်များဝင်ရောက်ရာ အချက်အချာဒေသတွင် တည်ရှိခြင်းသည် စီးပွားရေးကောင်းမွန်းခြင်း၏ အဓိက အကြာင်းရင်းဖြစ်သည်။

Remove ads
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads