တိမ်တိုက် ကွန်ပျူတာ
From Wikipedia, the free encyclopedia
Remove ads
တိမ်တိုက် ကွန်ပျူတာ (အင်္ဂလိပ်: cloud computing) ဆိုသည်မှာ သိုလှောင်မှု၊ တွက်ချက်မှု နှင့် အသုံးချမှု စွမ်းအား ကွန်ပျူတာ အရင်းအမြစ် (အင်္ဂလိပ်: system resources) များကို လူကိုယ်တိုင် တိုက်ရိုက် စီမံခန့်ခွဲရန် မလိုအပ်ဘဲ လိုအပ်လျှင် လိုအပ်သလို အလိုအလျှောက် ပေးစွမ်းနိုင်သော ကွန်ပျူတာစနစ် ဖြစ်သည်။ အင်တာနက် ပေါ်မှ လူအများသုံး နိုင်သော အချက်အလက် သိုမှီးရာ ဗဟို ဌာနကြီးများကို ရည်ညွန်းရာ တွင် တိမ်တိုက် ကွန်ပျူတာ ဟု ရည်ညွန်း သုံးနှုံးလေ့ရှိသည်။[၁][၂]

အလွန်ကြီးမားသော တိမ်တိုက် ကွန်ပျူတာ စနစ်ကြီးများကို ကမ္ဘာ့ နေရာအနှံ့ တွင် ဗဟိုဌာနများ ဖြန့်ခွဲ ထားရှိလေ့ရှိသည်။[၂]
Remove ads
တိမ်တိုက်စနစ်များ
လုပ်ငန်းဌာန တစ်ခုအတွက် ကန့်သတ် တည်ထောင်ထားသော တိမ်တိုက် ကွန်ပျူတာ စနစ် ကို လုပ်ငန်းသုံးတိမ်တိုက် (အင်္ဂလိပ်: enterprise cloud)၊ လုပ်ငန်းဌာန အများအပြား အသုံးပြု နိုင်သော တိမ်တိုက် ကွန်ပျူတာ စနစ် ကို လူထုတိမ်တိုက် (အင်္ဂလိပ်: public cloud) ဟု ခေါ်ဆိုကြသည်။ ထို တိမ်တိုက်စနစ် နှစ်မျိုး စလုံး အသုံးချနိုင်သော စနစ်ကို ပေါင်းစပ်တိမ်တိုက် (အင်္ဂလိပ်: hybrid cloud) ဟု ခေါ်ဆိုသည်။
ကမ္ဘာ့ အကြီးမားဆုံး တိမ်တိုက် ကွန်ပျူတာ စနစ်မှာ အမေဇုံ ၏ Amazon AWS ဖြစ်သည်။ [၃]
Remove ads
အားသာချက်
တိမ်တိုက် ကွန်ပျူတာစနစ်၏ အဓိက အားသာချက် များမှာ
- အသုံးပြုသူများ အတွက် စနစ်တစ်ခုစတင် တည်ထောင်ရန် ကုန်ကျစရိတ်နည်းခြင်း
- စနစ်ကို ပေါ့ပါး သွက်လက်စွာ ပြောင်းလဲနိုင်ခြင်း
- စနစ်ကြီးမားပါက ပို၍ စရိတ် သက်သာခြင်း
- ထိန်းသိမ်း စရိတ် သက်သာခြင်း
- ကွန်ပျူတာ အရင်းအမြစ် လိုအပ်ချက် များကို ကြိုတင်ခန့်မှန်းရန် မလိုခြင်း နှင့်
- ကွန်ပျူတာစနစ် တစ်ခုကို ကမ္ဘာအနှံ့ အလွန်လျင်မြန်စွာ ဖြန့်ကျက်ချထားနိုင်ခြင်း
တို့ ဖြစ်သည်။
ကျမ်းကိုး
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads
