တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်)

From Wikipedia, the free encyclopedia

တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်)
Remove ads

တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်) ကို နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုဖြင့် တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် ခေတ်မီတိရစ္ဆာန်ဥယျာဉ်တစ်ခု ပေါ်ထွန်းလာရေး ဆောင်ရွက်ခဲ့သည်။ တိရစ္ဆာန်ဥယျာဉ်တည်ဆောက်ရာတွင် အောက်ပါအခြေခံမူ ၅ ချက်ကို လက်ခံကျင့်သုံးကာ ပုံဖော်ခဲ့သည်-

  • လှောင်အိမ်စနစ် (Cage type)
  • ကျုံးအတားအဆီးစနစ် (Moat type)
  • စင်္ကြန်အမြင့်လျှောက်လမ်းစနစ် (Walk type)
  • စည်းရိုးအတားအဆီးစနစ် (Fence type)
  • ငှက်လှောင်ရုံ (Aviary)
Thumb
တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်)
Thumb
တိရစ္ဆာန် ဥယျာဉ် (နေပြည်တော်) ရှိ သစ်ကုလားအုပ်ခြံ

တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်) ကို ၂၀၀၇ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး၊ ၂၀၀၈ ခုနှစ် မတ်လ ၂၆ ရက်နေ့တွင် ဖွင့်ပွဲပြုလုပ်ကာ ဧပြီလ ၁ ရက်နေ့မှစ၍ အခကြေးငွေဖြင့် အများပြည်သူအား ဖွင့်လှစ်ပြသခဲ့သည်။

Remove ads

တည်နေရာနှင့် အချက်အလက်များ

တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်) သည် ရန်ကုန်-မန္တလေး ကားလမ်း၏ အရှေ့ဘက်၊ ရေဆင်းဆည်အနီးတွင် တည်ရှိသည်။ နေပြည်တော်-ပျဉ်းမနားနှင့် နေပြည်တော်-တပ်ကုန်း ကားလမ်းဘေး မိုင်တိုင်အမှတ် (၂၅၆/၂) နှင့် (၂၅၇/၀) အကြား၊ ခန့်မှန်းမြေပုံအညွှန်း (Q-724096) ဝန်းကျင်၊ ဇေယျာသီရိမြို့နယ်တွင် တည်ရှိသည်။ စုစုပေါင်း မြေဧရိယာ ၄၁၆.၈၉ ဧက ကျယ်ဝန်းသည်။

လက်ရှိတွင် တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်) တွင် အောက်ပါတိရစ္ဆာန်များကို မွေးမြူထိန်းသိမ်းပြသထားသည်-

  • နို့တိုက်သတ္တဝါ ၃၄ မျိုး (ကောင်ရေ ၃၀၄ ကောင်)
  • ကျေးငှက် ၄၄ မျိုး (ကောင်ရေ ၂၆၅ ကောင်)
  • တွားသွားသတ္တဝါ ၁၁ မျိုး (ကောင်ရေ ၆၅ ကောင်)
  • စုစုပေါင်း တိရစ္ဆာန် ၈၉ မျိုး (ကောင်ရေ ၆၃၄ ကောင်)
Remove ads

အခြားအဆောက်အအုံများနှင့် ရည်ရွယ်ချက်များ

တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်) အတွင်း ငါးပြတိုက် (Aquarium) တစ်ခုလည်း တည်ဆောက်ထားရှိသည်။ ငါးပြတိုက်တွင် ပြည်ပငါး ၂၆ မျိုး (ကောင်ရေ ၁,၁၀၀) နှင့် ပြည်တွင်းငါး ၁၈ မျိုး (ကောင်ရေ ၃,၀၀၀)၊ စုစုပေါင်း ငါး ၄၄ မျိုး (ကောင်ရေ ၄,၁၀၀) တို့ကို ငါးကန် ၅၁ ကန်ဖြင့် ပြသထားသည်။ ထို့အပြင် ကလေးကစားကွင်းတွင် ပြည်ပမှ ကလေးကစားကွင်းပစ္စည်းအသစ် ၃ မျိုးကို မှာယူတည်ဆောက်ထားသည်။

တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်) ကို အောက်ပါရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ပြသခဲ့သည်-

  • ပြည်သူများ အပန်းဖြေအနားယူရန်နှင့် ဗဟုသုတရှာမှီးနိုင်ရန်။
  • ကျောင်းသား/ကျောင်းသူများ သတ္တဗေဒနှင့် ရုက္ခဗေဒဆိုင်ရာ ပညာရှာမှီးရာတွင် အထောက်အကူဖြစ်စေရန်။
  • တောရိုင်းတိရစ္ဆာန်နှင့် ကျေးငှက်များ ထိန်းသိမ်းကာကွယ်ရေးအတွက် ပြည်သူလူထုအား စည်းရုံးပညာပေးရန်။
  • သုတေသနလုပ်ငန်းများ ဆောင်ရွက်ရန်။
  • ရှားပါးသော တိရစ္ဆာန်နှင့် ကျေးငှက်များအား မျိုးဆက်ထိန်းသိမ်းရန်အတွက် သားပေါက်မျိုးပွားရန်။


Remove ads
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads