တိလောကဝိဇယမုဒြာ
From Wikipedia, the free encyclopedia
Remove ads
ဘူတဒါမရမုဒြာနှင့် ဆင်တူဖြစ်သည်။

လက်နှစ်ဖက်ကို ရင်ပတ်ရှေ့တည့်တည့်လောက်တွင် ယှက်ထားပြီးလျှင် လက်ဝါးများကို ပြင်ဘက်သို့ လှန်ပြထားသော လက်ဟန်မျိုးဖြစ်သည်။
လူနတ်ဗြဟ္မာတည်းဟူသော လောကသုံးပါးကို၎င်း, ကာမ-ရူပ-အရူပတည်းဟူသော လောကသုံးပါးကို၎င်း, သတ္တလောက သင်္ခါရလောက ဩကာသလောကတည်းဟူသော လောက သုံးရပ်ကို၎င်း အကြွင်းမဲ့ အောင်မြင်တော်မူဟန်ပုံသဏ္ဌာန် ဆောင်ထားခြင်းဖြစ်ပေသည်။
အနှစ်သာရအားဖြင့် သဗ္ဗတ္ထအပရာဇိတမင်္ဂလာအကျိုးကို ပုံဆောင်ပြထားခြင်း ဖြစ်ပေသည်။
အဗ္ဘုတရသ, ဝီရရသများကို ပေါ်လွင်စေသည်။
ပညာပါရမီ, သစ္စာပါရမီ, အဓိဋ္ဌာန်ပါရမီ, ဝီရိယပါရမီစခန်းများသို့ ရည်ညွှန်းပြထားပေသည်။
ပုံစံအားဖြင့် ဘုရားအဖြစ်သို့ ရောက်တော်မူခန်း, မာရ်နတ်ပလ္လင်လုခန်း ဆေးရေးပန်းချီများ ရုပ်လုံးရုပ်ကြွများ၌ ဤမုဒြာမျိုးကို တွေ့ရတတ်သည်။
ရန်ပြေမာန်ပြေ ဘုရားဆင်းတုတော်များကို စီရင်ရာ၌ ဤတိလာက ဝိဇယမုဒြာကို အသုံးပြတတ်ကြသည်၊ သူတပါးပြုစား စီရင်ထားသမျှ ပယောဂလုံ့လ အမှုတို့ကို လွှမ်းမိုး ကျော်လွှာ နိုင်စေရန် ဤမုဒြာပါသော ရုပ်ပွားဆင်းတုတော်များကို ကိုးကွယ်ကြသည်။ ရန်သူစစ်သည်အပေါင်းကို အောင်မြင် နှိမ်နင်းနိုင်သော အကျိုးသတ္တိကို ရရှိစေနိုင်သည်ဟု တန္တရာယာန ကျမ်းများက ဖွင့်ဆိုထားလေသည်။ စစ်ထွက်ခါနီး အဆောင်အယောင် ခါးလှည့်လက်ဖွဲ့များကို သိဒ္ဓိတင်သောအခါဤမုဒြာပါသောရုပ်ပွားတော်ရွှေမှောက်၌ စီရင်လေ့ရှိကြသည်။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads