တိုနီတန်း

စင်္ကာပူ သမ္မတနိုင်ငံ ၏ ၇ ကြိမ်မြောက် သမ္မတ From Wikipedia, the free encyclopedia

Remove ads

ဒေါက်တာ တိုနီတန်းမှာ စင်ကာပူသမ္မတနိုင်ငံ၏ သတ္တမမြောက် သမ္မတဖြစ်သည်။ ၂၀၁၁ စင်ကာပူသမ္မတရွေးကောက်ပွဲအပြီး ၂၀၁၁ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ အာဏာရ ပီအေပီပါတီဝင်ဖြစ်ပြီး ယခင်က ဘဏ္ဍာရေး၊ ကာကွယ်ရေး၊ ပညာရေးတို့အတွက် ဝန်ကြီး၊ လုံခြုံရေးနှင့်ကာကွယ်ရေး ညှိနှိုင်းဝန်ကြီး၊ ဒုတိယဝန်ကြီးချုပ် စသည့်တာဝန်များ ထမ်းဆောင်ခဲ့သူဖြစ်သည်။ ၁၉၈၈ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ ဆင်ဘာဝမ်ဂျီအာစီ (Sembawang Group Representation Constituency)ဒေသ၊ ၁၉၇၉ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ ဆင်ဘာဝမ် အက်စ်အမ်စီ (Sembawang Single Member Constituency) ကိုယ်စားပြု ပါလီမန်အမတ်အဖြစ် ဆောင်ရွက်ခဲ့သည်။ လက်ရှိတွင် စင်ကာပူနိုင်ငံ၏ တစ်ဦးတည်းသော သက်ရှိထင်ရှားသမ္မတဟောင်း ဖြစ်သည်။

Remove ads

ပညာရေးနှင့်ဘဝအစ

စိန့်ပက်ထရစ်ကျောင်းနှင့် စိန့်ဂျိုးဇက် တက္ကသိုလ်တို့တွင် ပညာသင်ခဲ့သည်။ နိုင်ငံတော်ပညာသင်ဆု ရရှိသူဖြစ်သည့်အလျောက် စင်ကာပူတက္ကသိုလ်မှ ရူပဗေဒဘွဲ့ကို ပထမအဆင့်ဖြင့် ဘွဲ့ရခဲ့သည်။ အာရှဖောင်ဒေးရှင်း၏ ပညာသင်ဆုရသူအဖြစ် အမေရိကန်နိုင်ငံ၊ မက်ဆာချူးဆက် စက်မှုတက္ကသိုလ် (MIT)သို့ တက်ရောက်ခဲ့ပြန်သည်။ တောင်ဩစ‌တြေးလျပြည်နယ်ရှိ အက်သလိတ်တက္ကသိုလ်မှ Ph.D ဘွဲ့ ရရှိသည်။ ထို့နောက် စင်ကာပူတက္ကသိုလ်တွင် လုပ်ကိုင်ခဲ့သည်။[]

၁၉၆၉ ခုနှစ်တွင် စင်ကာပူတက္ကသိုလ်မှ ထွက်ကာ ဘဏ်လုပ်ငန်းတွင် လုပ်ကိုင်ရန် Overseas-Chinese Banking Corporation (OCBC)တွင် လုပ်ကိုင်ခဲ့ပြီး အထွေထွေမန်နေဂျာအထိ ဖြစ်လာခဲ့သည်။ ၁၉၇၉ တွင် နိုင်ငံရေးလောကသို့ ဝင်ရောက်ခဲ့သည်။

People's Action Party (PAP)အဖွဲ့ဝင်အဖြစ် ၂၀၁၁ မတိုင်မီအထိ ရှိခဲ့သည်။ ၁၉၇၉ တွင် ပါလီမန်အမတ်ဖြစ်လာသည်။[]

Remove ads

ပညာရေးဝန်ကြီး (၁၉၈၀-၁၉၈၁ & ၁၉၈၅-၁၉၉၁)

သူသည် ၁၉၈၀ တွင်ဝန်ကြီးအဖွဲ့တွင် ပညာရေးဝန်ကြီးအဖြစ် ဝင်ရောက်ခဲ့သည်။

ပညာရေးဝန်ကြီးအနေဖြင့် စင်ကာပူနိုင်ငံ၏ ပညာတတ်မိခင်များ၏ ကလေးများက ပညာနည်းသောမိခင်များ၏ ကလေးများထက် မျက်နှာသာပေးခံရသော ဥပဒေကို ဖျက်သိမ်းခဲ့သည်။ ထိုဥပဒေမှာ ပြည်သူများအကြား ထင်ရှားသော မကျေနပ်မှုဖြစ်ကာ အများဆုံးဝေဖန်ခံရသည်။ ထို့အပြင် ၁၉၈၄ အထွေထွေရွေးကောက်ပွဲတွင် ပီအေပီပါတီကို ထောက်ခံမှုကျဆင်းစေသည်။ ထို့အပြင် လွတ်လပ်သောကျောင်းများစနစ်ကိုလည်း စတင်ခဲ့သည်။ စင်္ကာပူတွင်တည်ထောင်ထားသောပညာရေးအဖွဲ့အစည်းများသည် ၎င်းတို့၏အခကြေးငွေများကောက်ခံခွင့်၊ အုပ်ချုပ်မှုနှင့်သင်ကြားရေး ဝန်ထမ်းများကိုထိန်းချုပ်နိုင်ခွင့်ပြုခဲ့သည်။

Remove ads

ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီး (၁၉၈၁-၁၉၈၆)

ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးအဖြစ် ၁၉၈၁ ခုနှစ်မှ ၁၉၈၆ ခုနှစ်အထိ ဆောင်ရွက်ခဲ့သည်။ ထို့အပြင် ဘဏ္ဍရေးဝန်ကြီးအဖြစ် ၁၉၈၃ မှ ၁၉၈၅၊ ကျန်းမာရေးဝန်ကြီးအဖြစ် ၁၉၈၅ မှ ၁၉၈၆ အထိလည်း ခန့်အပ်ခံခဲ့ရသည်။

ဘဏ် (၁၉၉၂-၁၉၉၅)

၁၉၉၁ ဒီဇင်ဘာတွင် အစိုးရအဖွဲ့မှထွက်ကာ ကိုယ်ပိုင်လုပ်ငန်းအဖြစ် OCBCဘဏ်သို့ ပြန်လည်သွားရောက် လုပ်ကိုင်ခဲ့သည်။ ထိုဘဏ်တွင် ၁၉၉၂ ခုနှစ်မှ ၁၉၉၅ အထိ ဥက္ကဋ္ဌနှင့် ဗဟိုအုပ်ချုပ်ရေးအရာရှိအဖြစ် ဆောင်ရွက်ခဲ့သည်။

ဒုတိယဝန်ကြီးချုပ်

အွန်တန်ချောင်းနှင့် လီရှန်လွန်းတို့၏ ကျန်းမာရေးကြောင့် တိုနီတန်းအား အစိုးရအဖွဲ့တွင် ဒုတိယဝန်ကြီးချုပ် (၁၉၉၅-၂၀၀၅)၊ ကာကွယ်ရေးဝန်ကြီး (၁၉၉၅-၂၀၀၃) အထိ မြင်တွေ့ခဲ့ရသည်။

၂၀၀၃ ခုနှစ် ဩဂုတ်လတွင် လုံခြုံရေးနှင့်ကာကွယ်ရေး ညှိနှိုင်းဝန်ကြီးပါ ဖြစ်လာသည်။

၂၀၁၁ သမ္မတရွေးကောက်ပွဲ

Thumb
ရွေးကောက်ပွဲပိုစတာ
Thumb
သူ၏ ရွေးကောက်ပွဲအထိမ်းအမှတ်တံဆိပ်

၂၀၁၀ ဒီဇင်ဘာတွင် စင်ကာပူသမ္မတအဖြစ် အရွေးခံရန် ပြင်ဆင်ခဲ့သည်။

သမ္မတ (၂၀၁၁-၂၀၁၇)

Thumb
၂၀၁၂ ခုနှစ်က တိုနီတန်း

စင်ကာပူနိုင်ငံ၏ သတ္တမမြောက်သမ္မတအဖြစ် ၂၀၁၁ ခုနှစ် စက်တင်ဘာ ၁ ရက်မှ ၂၀၁၇ နှစ် ဩဂုတ်လ ၃၀ ရက်နေ့အထိ တာဝန်ထမ်းဆောင်ခဲ့သည်။

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads