တိုးကြောင်ကလေး
From Wikipedia, the free encyclopedia
Remove ads
တိုးကြောင်ကလေး သည် ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ဒဂုံနှင့် မြောက်ဒဂုံအတွင်းတွင် တည်ရှိသည်။ တိုးကြောင်ကလေးဘူတာ တည်ရှိသည်။ ထိုဘူတာမှတဆင့် ရန်ကုန်မြို့ အပြင်ဘက်ရှိ မီးရထားလိုင်းများသို့ သွားရောက်နိုင်သည်။ ထိုဘူတာမှတဆင့် ပဲခူးမြို့သို့ သွားနိုင်ပေသည်။
တိုးကြောင်ကလေးသည် မြောက်ဒဂုံနှင့် တောင်ဒဂုံကြား (သို့) အရှေ့ဒဂုံနှင့် တောင်ဒဂုံ စသည့်မြို့နယ်များ နယ်နိမိတ်ပေါ်တွင် တည်ရှိသည်။ တောင်ဒဂုံမြို့နယ်၏ တောင်ဘက်တွင် တည်ရှိသည်။
တိုးကြောင်ကလေးဘူတာသည် ရန်ကုန်မြို့ပတ်ရထားလမ်းနှင့် ဆက်သွယ်ထားသည်။ သို့သော် ရန်ကုန်မြို့ပတ် ရထားလမ်းပိုင်း၏ ဘူတာမဟုတ်ပေ။ ၎င်းသည် ဘုရား၊ ဘုန်းကြီးကျောင်း၊ မြန်မာနိုင်ငံ လက်ရွေးစင်များအတွက် အမျိုးသားရေကူးကန်၊ ဘက်(စ်)ကားဂိတ်စသည်တို့နှင့်လည်း နီးကပ်စွာ တည်ရှိသည်။
Remove ads
ပို့ဆောင်ဆက်သွယ်ရေး
ရန်ကုန် - မန္တလေး မြန်မာ့မီးရထားလမ်းပိုင်း၏ အစိတ်အပိုင်း ဘူတာတခု ဖြစ်သည်။
ကိုးကား
http://www.linernotes.com/o/1/m.03g_fqp
![]() | ဤ ရန်ကုန်တိုင်းဒေသကြီး ပထဝီဝင်တည်နေရာ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads