တိဿဗြဟ္မာသုတ်

From Wikipedia, the free encyclopedia

Remove ads

[] ဘုရားရှင် မဂဓနိုင်ငံ ရာဇဂြိုဟ်မြို့တော်အနီး ဂိကူဋတောင်၌ သီတင်းသုံးတော်မူစဉ် သန်းခေါင်ယာမ်ညဉ့်အခါ၌ နတ်သားနှစ်ယောက် ဘုရားရှင်ထံ ရောက်လာပြီး “ဧတာ ဘန္တေ ဘိက္ခုနိယော သုဝိမုတ္တာ”ဟု နတ်သားတစ်ယောက်က လျှောက်ထားပါသည်။ အခြားနတ်သားတစ်ယောက်က “ဧတော ဘန္တေ ဘိက္ခုနိယော အနုပါဒိသေသာ သုဝိမုတ္တာ”ဟု လျှောက်ထားကြပြီး ဘုရားရှင် လက်ခံတော်မူခြင်းကို သိကြသဖြင့် ပြန်သွားကြပါသည်။

ဘုရားရှင်က ထိုအကြောင်းကို နံနက်မိုးလင်းသောအခါ ရဟန်းတော်တို့အား မိန့်ကြားတော်မူပါသည်။ ထိုအခါ အရှင်မောဂ္ဂလ္လာန်ထေရ်က ထိုသို့လျှောက်ထားနိုင်သော ဒေဝတာကို စဉ်းစားဆင်ခြင်သည့်အခါ မကြာခင်က ပျံလွန်ပြီး ဗြဟ္မာပြည်၌ ဖြစ်နေသော တိဿဗြဟ္မာကို သိမြင်ခြင်းကြောင့် ဗြဟ္မာပြည်သို့ လိုက်ကြွတော်မူပြီး မေးမြန်းတော်မူပါသည်။ တိဿဗြဟ္မာက ဗြဟ္မာ့အာယု၊ ဝဏ္ဏ၊ သုခ၊ ယသ၊ အာဓိပတေယျဖြင့် တင်းတိမ်အားရ ကျေနပ်နေသောဗြဟ္မာသည် ဥတ္တရိနိဿရဏကို အမှန်အားဖြင့် မသိနိုင်သောကြောင့် သဥပါဒိသေသ အနုပါဒိသေသကို မသိနိုင်ပါ။ ဗြဟ္မာ့အာယု၊ ဝဏ္ဏအစရှိသည်တို့နှင့်သာ တင်းမတိမ် မကျေနပ်ကြသော ဗြဟ္မာတို့သည် ဥတ္တရိနိဿရဏကို မှန်ကန်စွာ သိကြကုန်၏။ ထိုဗြဟ္မာတို့သည် သဥပါဒိသေသ အနုပါဒိသေသကို သိကြကုန်၏။

အရှင်ဘုရားမောဂ္ဂလ္လာန် ဥဘတောဘာဂဝိမုတ္တရဟန်း၊ ပညာဝိမုတ္တရဟန်းကို ဤအရှင်သည် ကိုယ်ခန္ဓာရှိနေသရွေ့ နတ်လူဖူးမြင်ကြရမည်။ ကိုယ်ခန္ဓာပျက်စီး သွားသည့်အခါ မဖူးမြော်နိုင်ကြတော့ဟုလည်းကောင်း၊ ကာယသက္ခီ ဒိဋ္ဌိပ္ပတ္တ သဒ္ဓါဝိမုတ္တိ ဓမ္မနုသာရီရဟန်းတော်တို့ကို ဤအရှင်သည် အနုလောမိက သေနာသနတို့ကို မှီဝဲပြီး ကလျာဏမိတ္တတို့ကို ဆည်းကပ်လျက် သဒ္ဓါအစရှိသော ဝိပဿနာဣန္ဒြေတို့ကို အညီအမျှဆောင်နိုင်ပါမူ မျက်မှောက်ဘဝ၌ပင် အရဟတ္တဖိုလ်ကို ကိုယ်တိုင်မျက်မှောက်ပြု၍ နေနိုင်ရာ၏ဟု သိနိုင်ပါသည်ဟု လျှောက်ထားပါသည်။

အရှင်မောဂ္ဂလ္လာန်ထေရ်သည် ဗြဟ္မာဘုံမှ ပြန်လာပြီး တိဿဗြဟ္မာနှင့် မိမိတို့ ဆွေးနွေးခဲ့သောဤအကြောင်းအရာကို ဘုရားရှင်အားလျှောက်ထားပါသည်။ ဘုရားရှင်က “မောဂ္ဂလ္လာန် တိဿဗြဟ္မာသည် ခုနစ်ယောက်မြောက် အနိမိတ္တဝိဟာရီ ပုဂ္ဂိုလ်ကို မဟောပြောလိုက်ပါတကား”ဟု မိန့်ကြားတော်မူရာ ဘုရားရှင်က အနိမိတ္တ ဝိဟာရီပုဂ္ဂိုလ်အကြောင်းကို အပြည့်အစုံ မိန့်ကြားတော်မူသည့်သုတ်။

အဋ္ဌကထာ, ဋီကာတို့၌ မှတ်သားဖွယ် ဖွင့်ဆိုချက်များရှိပါသည်။ []

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads