တုဝဋ္ဋကသုတ်

From Wikipedia, the free encyclopedia

Remove ads

[] ကာယဝိဝေကအစရှိသော ဆိတ်ငြိမ်မှု “ဝိဝေကကိုဖြစ်စေ၊ ရာဂအစရှိသည်ကို ငြိမ်းအေးရာနိဗ္ဗာန်ကိုဖြစ်စေ၊ အဘယ်ကဲ့သို့ ရှုမြင်လျှင် မိမိသန္တာန်၌ ရာဂအစရှိသော တရားတို့ကို ငြိမ်းအေးစေနိုင်ပါသနည်းဟု နိမ္မိတဘုရားရှင်၏ မေးမြန်းချက်ကို အရဟတ္တဖိုလ်ကို အထွဋ်တပ်၍ ငါးဂါထာဖြင့် ဘုရားရှင်က ဖြေကြားတော်မူပါသည်။

နိမ္မိတဘုရားရှင်၏ မေးလျှောက်ချက်အရ မဂ်ဖိုလ်နိဗ္ဗာန်နှင့် လျော်သော ကျင့်စဉ်၊ ပါတိမောက္ခသံဝရသီလ၊ သမာဓိတို့ကို မေးလျှောက်သဖြင့် “စက္ကူဟိ” အစရှိသော ဂါထာတို့ဖြင့် ဖြေကြားတော်မူပါသည်။ ဤတုဝဋ္ဋကသုတ်တော်သည် သဒ္ဓါ အားကောင်းသော နတ်ဗြဟ္မာများအား ဟောကြားတော်မူသည့်သုတ်။

အဋ္ဌကထာ၌ ဖွင့်ဆိုသင့်သောပုဒ်တို့ကို ဖွင့်ဆိုပြီးအဆုံး၌ ဆိုလိုရင်းအကျဉ်းချုပ်ကို ပြဆိုထားပါသည်။ ဤသုတ္တန်၏အဆုံး၌ နတ်ဗြဟ္မာ ကုဋေတစ်သိန်း ရဟန္တာ ဖြစ်ကြောင်း ပြဆိုထားပါသည်။

ဤတုဝဋ္ဋကသုတ်တော်ကို အရှင်သာရိပုတ္တရာထေရ်က (မဟာနိဒ္ဒေသ၊၂၆၃-၃၁၅)အထိလည်းကောင်း၊ အရှင်ဥပသေနမထေရ်က မဟာနိ၊ဋ္ဌ၊၃၂၆-၃၅၃ အထိလည်းကောင်း ဖွင့်ဆိုတော်မူကြပါသည်။[]

Remove ads
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads