တောင်မင်းကြီးဘုရား

From Wikipedia, the free encyclopedia

တောင်မင်းကြီးဘုရား
Remove ads

တောင်မင်းကြီးဘုရားသည် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့ တောင်သမန်အင်းအနီးတွင် တည်ရှိသည်။ သက္ကရာဇ် ၁၁၈၉-ခုနှစ်တွင် တည်ထားသော တင်ပြင်ပလ္လင်ခွေ ရုပ်ပွားတော်ကြီးဖြစ်ပြီး တောင်ကြီးပမာ ကြီးမားလှသဖြင့် ဘွဲ့အမည်တော်ကို တောင်မင်းကြီးဘုရား ဟု ကြသည်။

Thumb
ဘုရားတန်ဆောင်း
Thumb
တောင်မင်းကြီး ရုပ်ပွားတော်

ထိုရုပ်ပွားတော်ကြီး၏ ပထမလှူဒါန်းထားသော တန်ဆောင်းကြီးမှာ မိုးဒဏ်လေဒဏ်တို့ကြောင့် ပျက်ဆီး၍ ရုပ်ပွားတော်ကြီးမှာ ကြီးမားလှသဖြင့် တန်ဆောင်းအသစ် ထပ်မံမလုပ်နိုင်သောကြောင့် မိုးရွာနေပူ ထည်းထည်း၌ သီတင်းသုံးတော်မူသည်ကို အစွဲပြု၍ နေပူခံကိုယ်တော်ကြီးဟုလည်း ခေါ်ကြသည်။ ယခုအခါ အများပြည်သူကောင်းမှုဖြင့် ဆောက်လုပ်လှူဒါန်းထားသည်မှာ ခန့်ညားလှသည်။ အမရပူရမြို့ရှိ ကြီးလေးဆူတို့တွင် တောင်မင်းကြီးဘုရားသည် တစ်ဆူအပါအဝင် ဖြစ်သည်။[]


Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads