တောင်သမန် စစ်ဆင်ရေး

From Wikipedia, the free encyclopedia

တောင်သမန် စစ်ဆင်ရေး
Remove ads
Remove ads

တောင်သမန် စစ်ဆင်ရေးသည် မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် တအောင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်တို့ မတ္တရာမြို့နယ်တွင် ပြုလုပ်လျက်ရှိသော စစ်ဆင်ရေးတစ်ခု ဖြစ်သည်။[][][]

နောက်ထပ် အချက်အလက်များ တောင်သမန် စစ်ဆင်ရေး, ရက်စွဲ ...
Remove ads

နောက်ခံ

ပြည်သူ့ခုခံတော်လှန်စစ်တွင် ညီနောင်မဟာမိတ်သုံးဖွဲ့က ပြုလုပ်လျက်ရှိသော ၁၀၂၇ စစ်ဆင်ရေးအား ထောက်ခံသည့်အနေဖြင့် မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်မတော်က တောင်သမန်စစ်ဆင်ရေးကို ဆင်နွဲမည်ဟု အောက်တိုဘာလ ၂၈ ရက်နေ့တွင် ကြေညာခဲ့သည်။[]

အချိန်မှတ်တမ်း

၁၀၂၇ စစ်ဆင်ရေးအား ထောက်ခံကာ ရှမ်းပြည်နယ် နောင်ချိုမြို့နယ်နှင့် ကျောက်မဲမြို့နယ်များတွင် တိုက်ပွဲများဖြင့် တောင်သမန်စစ်ဆင်ရေးကို အောက်တိုဘာလနှောင်းပိုင်းတွင် စတင်ခဲ့သည်။[][]

နိုဝင်ဘာလ ၁၃ ရက်နေ့က မတ္တရာမြို့နယ် အရှေ့ပိုင်းတွင် TNKL ၏ ထိုးစစ်တစ်ခု စတင်ခဲ့သည်။ ထိုနေ့မှာပင် စစ်ကောင်စီက ကင်းရွာကို လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်။ နိုဝင်ဘာ ၁၆-၁၇ တွင် ရွာအား စစ်ကောင်စီတပ်များက မီးရှို့ခဲ့ရာ အိမ်ခြေ ၇၀၀ ကျော် လောင်ကျွမ်းခဲ့သည်။ မတ္တရာမြို့နယ်အတွင်း စစ်ဘေးရှောင်လူဦးရေမှာ ၈,၀၀၀ ခန့် ရှိခဲ့သည်။[][]

နိုဝင်ဘာလ ၁၆ ရက်နေ့တွင် မတ္တရာနှင့် စဉ့်ကူးမြို့နယ်အကြားရှိ စစ်ကောင်စီ၏ စစ်ဆေးရေးစခန်းတစ်ခုကို TNLA က ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ ဖမ်းဆီးခံထားရသော စစ်ကောင်စီတပ်သားများအား ကယ်တင်ရန်ကြိုးပမ်းသည့် လေကြောင်းတိုက်ခိုက်မှုတစ်ခုကြောင့် အနီးနားရှိ လက်ဘက်ရည်ဆိုင်ထိုင်နေသော အရပ်သား ၁၁ ဦး သေဆုံးခဲ့သည်။[]

နိုဝင်ဘာလ ၂၈ ရက်နေ့တွင် မတ္တရာမြို့နယ်တွင်းရှိ စစ်ကောင်စီစခန်းတစ်ခုကို PDF နှင့် TNLA တို့ ဝင်ရောက် သိမ်းပိုက်ခဲ့သည်ဟု ဆိုသည်။[]

Remove ads

အခြားကြည့်ရန်

ကိုးကား

Loading content...
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads