တောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ်-မန္တလေး
From Wikipedia, the free encyclopedia
တောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ်လီမိတက်-မန္တလေး (အင်္ဂလိပ်: Farmers Development Bank – Mandalay; အတိုကောက် FDB Bank)[၁] သည် မြန်မာနိုင်ငံရှိ ပုဂ္ဂလိကဘဏ်တစ်ခုဖြစ်သည်။
အမျိုးအစား | အများနှင့်သက်ဆိုင်သော |
---|---|
လုပ်ငန်း | ဘဏ် |
တည်ထောင်သည့်နှစ် | ၁၉ ဖေဖော်ဝါရီ ၂၀၂၀ |
ဌာနချုပ် | ရန်ကုန်၊ မြန်မာ |
အရေးပါ ပုဂ္ဂိုလ်များ | ဦးစိုင်းမျိုးဝင်း (ဥက္ကဋ္ဌ) |
ဝက်ဘ်ဆိုက် | fdbbank.com |

သမိုင်းကြောင်း
တောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ်လီမိတက်-မန္တလေး ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်နေ့တွင် ဘဏ်လုပ်ငန်းလိုင်စင်ခွင့်ပြုခဲ့သည်။ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် ကူးသန်းရောင်းဝယ်ရေးဘဏ် အဖြစ် စတင်လည်ပတ်ခဲ့သည်။ EXCELLENT FORTUNE DEVELOPMENT GROUP COMPANY LIMITED ( EFD GROUP ) ကတည်ထောင်ထားသော ဘဏ်တစ်ခုလည်းဖြစ်သည်။[၂] ဘဏ် ဥက္ကဋ္ဌ ဖြစ်သူမှာ ဦးစိုင်းမျိုးဝင်း ဖြစ်သည်။ [၃] ဘဏ်ရုံးချုပ်ကို အမှတ်(မ-၂၃(၁)/ခ)၊ (၆၆)လမ်း နှင့် (၆၇)လမ်းကြား၊ သိပ္ပံလမ်း၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့၊ မန္တလေးတိုင်း ဒေသကြီး တွင် ဖွင့်လှစ်ထားသည်။ ရုံးချုပ်ဘဏ်ခွဲကို မန္တလေးမြို့၊ အမှတ်(၇၀)၊ ၈၄ လမ်း၊ ၂၈ လမ်းနှင့် ၂၉ လမ်းကြား၊ ချမ်းအေးသာဇံမြို့နယ်တွင် လည်းကောင်း၊ ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် ရန်ကုန်မြို့၏ ပထမဆုံးသော ဘဏ်ခွဲတစ်ခုကို အမှတ် (၃၈၇) ၊ အခန်း K-1 ၊ ရွှေဘုံသာလမ်း ၊ (အထက်ဘလောက်) ပန်းပဲတန်းမြို့နယ် ၊ ရန်ကုန်မြို့ တွင်လည်းကောင်း အသီးသီး ဖွင့်လှစ်ထားသည်။
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.