တောင်အာရှ
From Wikipedia, the free encyclopedia
Remove ads
တောင်အာရှ (အင်္ဂလိပ်: South Asia or Sourthern Asia) သည် ပထဝီ အနေအထားအရ လည်းကောင်း၊ လူမျိုးစုများနှင့် ယဉ်ကျေးမှုဆိုင်ရာအရ လည်းကောင်း အဓိပ္ပာယ် ဖွင့်ဆိုထားသော အာရှတိုက်၏ တောင်ပိုင်းဒေသ ဖြစ်သည်။ ဤဒေသတွင် အာဖဂန်နစ္စတန်နိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘူတန်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ မော်လဒိုက်နိုင်ငံ၊ နီပေါနိုင်ငံ၊ ပါကစ္စတန်နိုင်ငံ နှင့် သီရိလင်္ကာနိုင်ငံတို့ ပါဝင်သည်။[၄]
တောင်အာရှဒေသ ပူးပေါင်းဆောင်ရွက်ရေးအသင်း (SAARC) သည် ၁၉၈၅ ခုနှစ်တွင် တည်ထောင်ခဲ့သော ဒေသတွင်း စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အဖွဲ့အစည်းဖြစ်ပြီး၊ တောင်အာရှရှိ ၈-နိုင်ငံစလုံး ပါဝင်သည်။[၅]
Remove ads
အဓိပ္ပာယ် ဖွင့်ဆိုချက်များ
တောင်အာရှ၏ ခေတ်သစ် အဓိပ္ပာယ်ဖွင့်ဆိုချက်များအရ အာဖဂန်နစ္စတန်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ပါကစ္စတန်နိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ သီရိလင်္ကာနိုင်ငံ၊ နီပေါနိုင်ငံ၊ ဘူတန်နိုင်ငံနှင့် မော်လဒိုက်နိုင်ငံတို့ ပါဝင်သည်။[၇][၈][၉] သို့သော် အချို့က အာဖဂန်နစ္စတန်ကို အာရှအလယ်ပိုင်းနိုင်ငံအဖြစ် သော်လည်းကောင်း၊ အနောက်အာရှနိုင်ငံအဖြစ် သော်လည်းကောင်း၊ အရှေ့အလယ်ပိုင်းနိုင်ငံအဖြစ် သော်လည်းကောင်း သတ်မှတ်ပြန်သည်။[၁၀][၁၁][၁၂][၁၃][၁၄] ဒုတိယ အင်္ဂလိပ် - အာဖဂန်စစ်ပွဲအပြီးတွင် အာဖဂန်နစ္စတန်နိုင်ငံသည် ၁၉၁၉ ခုနှစ်အထိ ဗြိတိန်နိုင်ငံ၏ ကာကွယ်စောင့်ရှောက်ခံနိုင်ငံတစ်ခု ဖြစ်ခဲ့သည်။[၁၅][၇][၉] အခြားတစ်ဖက်မှကြည့်လျှင် ၁၈၈၆ မှ ၁၉၃၇ အတွင်း ဗြိတိသျှအင်ပိုင်ယာ၏ အစိတ်အပိုင်းတစ်ခု (British Raj) အဖြစ် အုပ်ချုပ်ခဲ့သော[၁၆]၊ ယခုအခါ အရှေ့တောင်အာရှ၏ အစိတ်အပိုင်းအဖြစ် အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအဖြစ် အများအားဖြင့် သတ်မှတ်ထားသည့် မြန်မာနိုင်ငံကိုလည်း တစ်ခါတစ်ရံ တောင်အာရှတွင် ထည့်သွင်းထားခဲ့ဖူးသည်။[၁၀][၁၁][၁၇]
Remove ads
မှတ်စုများ
- Among the top 100 urban areas of the world by population.
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads