တြိပဋကဟတ္ထ
From Wikipedia, the free encyclopedia
Remove ads
တိပတကဟတ္ထ (တြိပဋကဟတ္ထ)

သုံးချောင်းထောင် ကြက်လျှာချွန် လက်ဟန်ဖြစ်သည်။
လက်သူကြွယ်ကို လက်မဖြင့်ဖိထားကာ လက်သန်းလက်ခလယ်နှင့် လက်ညှိုးကို သုံးချောင်းကို ထောင်၍ ရွှေ့အပြင်ဘက်သို့ လှန်ပြထားသော လက်ပုံမျိုးဖြစ်သည်။
တခါတရံ သုတေသီများက ဤပုံကို ဝိတက္ကမုဒြာနှင့် ရောနှော၍ ပြတတ်သည်။ ဤတိပတကဟတ္ထပုံကို နစ္စမုတ္တိပုံများတွင် အကဟန်တမျိုးအဖြစ် ပြတတ်သည်။ တြိပဋာကာ ကဟန် ဟုလည်း ခေါ်သည်။ လက်ကိုပခုံးလောက် မြှင့်တင်ထားလေ့ရှိသည်။
အချို့ ရုပ်တုများတွင် လက်ညှိုးနှင့် လက်ခလယ်ကြားတွင် အဆောင်အယောင် တခုခုကို ညှပ်ပြီး ကိုင်ထားတတ်သည်။
အပ္ပမာဒမင်္ဂလာကို သရုပ်ဖော်သဏ္ဌာန် ဆောင်သည်ဟု ဆိုသည်။
အဗ္ဘုတရသကို ပေါ်လွင်စေသည်။
မေတ္တာပါရမီ, ပညာပါရမီဘို့ကို သဘောတရားအားဖြင့် ညွှန်ပြလျက်ရှိသည်။
ပုံစံအားဖြင့် ဗိဿနိုး နတ်ရုပ်များတွင်၎င်း, ကချေသည်များ၏ ပုံတွင်၎င်း ဤဟတ္ထပုံကို တွေ့ရှိ ရသည်။
တြိဂုဏခေါ် ဗိဿနိုးနတ် ဗြဟ္မာကြီး ထာဝရနတ်ကြီးများ၏ ဂုဏ်သုံးပါးကို ဖော်ဆောင်ညွှန်ပြသော မုဒြ မျိုးဖြစ်သည်ဟု ပညာရှင်အချို့က ယူဆကြသည်။ ဂုဏ်သုံးပါးအပေါင်းကို ဖော်ပြကိုးကွယ်ခြင်းကြောင့် နတ်ဗြဟ္မာများ၏ ချစ်ခင်လေးစားမှုကို ခံယူရခြင်း, ဝိဇ္ဇာဉာဏ်ပေါက် အလင်းရောက်ခြင်း, တတိယစက္ခုခေါ် ဝိဇ္ဇာ ဉာဏ်မျက်စိကိုရခြင်းစသော ကြီးကျယ်မြင့်မြတ်သည့် အကျိုးထူးများကို ရနိုင်သည်ဟူ၍ တန္တရာယာနကျမ်းဂန်များက ညွှန်ပြထားပါသည်။[၁][၂] [၂]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads