ထက်ထက်မိုးဦး
ပြိုင်စံမပေါ်နိုင်ငံကျော် ရွှေမင်းသမီးနှင့် ကြော်ငြာဘုရင်မ From Wikipedia, the free encyclopedia
Remove ads
ထက်ထက်မိုးဦးသည် မြန်မာနိုင်ငံရှိ ကြော်ငြာ သရုပ်ဆောင် လောကတွင် နာမည်ကျော်ကြား လူကြိုက်များသော မင်းသမီး တစ်လက်ဖြစ်သည်။ သရုပ်ဆောင်လောကသို့ ဝင်ရောက်ချိန်တွင် မှုံရွှေရည် အမည်နှင့် ဖြစ်ပြီး နောက်ပိုင်းမှ ထက်ထက်မိုးဦးဟု အမည်ပြောင်းလဲလိုက်သည်။
၁၉၇၁ ခုနှစ်၊ မေလ ၈ ရက်နေ့တွင် အဖ ဦးခင်မောင်ကြည်(မြတ်နိုင်-အနုပညာ) နှင့် အမိ ဒေါ်ခင်မျိုးမြင့်တို့မှ မိုးကုတ်မြို့၊ မြို့မရပ်တွင် မွေးဖွားသည်။ မွေးချင်းမောင်နှမသုံးယောက် ရှိသည်။
လက်ဦးဆရာမှာ ဒါရိုက်တာ ကိုစန်းအောင်(ကွယ်လွန်) ဖြစ်သည်။ ထို့နောက် ထက်ထက်မိုးဦးဟု အမည်ပြောင်းလိုက်သည်။ ကြော်ငြာသရုပ်ဆောင် လောကတွင်လည်း သူမတူအောင် သရုပ်ဆောင်နိုင်သူတစ်ဦး ဖြစ်သည်။
၁၉၉၆ ခုနှစ်တွင် ပန်းသခင် ရုပ်ရှင်ဇာတ်ကားဖြင့် လည်းကောင်း၊ ၂၀၀၁ ခုနှစ်တွင် သမီးမိုက် ရုပ်ရှင်ဇာတ်ကားဖြင့် လည်းကောင်း အမျိုးသမီးဇာတ်ဆောင် ထူးချွန်ဆုများ ရရှိခဲ့သည်။
ထက်ထက်မိုးဦးသည် အနဂ္ဂနှင့် ဒုတိယတရား ဝင် အိမ်ထောင်ပြုခဲ့သည်။ ၂၀၀၈-ခုနှစ်၊ အိမ်ထောင်သက်တမ်း လေးနှစ်ခန့်တွင် ကွာရှင်းခဲ့သည် ။[၁]
ဩဂုတ်လ ၁ဝ ရက်နေ့ထုတ် အလင်းတန်းဂျာနယ်တွင် ဗီဒီယို သရုပ်ဆောင်တစ်ဦး ဖြစ်သူ ဇူးမြတ်ထက်နှင့် တရားဝင် လက်ထပ်သည်။ ထိုသတင်း၌ပင် ထက်ထက်မိုးဦးတွင် ကိုယ်ဝန် ဆောင်ထားပြီဖြစ်ကြောင်း ဖော်ပြထားသည်။ သူ၏ မွေးနေ့ရောက်တိုင်း အလှူအတန်း ပြုလုပ်လေ့ ရှိသော်လည်း ထက်ထက်မိုးဦး က သူ၏ အသက်ကို ထုတ်ဖော်ပြောလေ့ မရှိပေ။ သူ၏ အိမ်ထောင်ရေးအကြောင်း ဂျာနယ်များက ရေးသားကြရာတွင် သူပြုခဲ့သည့် အလှူအတန်းများအကြောင်း ထည့်သွင်းခြင်း မရှိသည့်အတွက်လည်း မင်းသမီးက ကန့်ကွက်လိုက်သည်။
ထက်ထက်မိုးဦးသည် ၂၀၁၁-ခု၊ ဇန္နဝါရီလ (၁၁)ရက်တွင် ဇူးမြတ်ထက်နှင့် ရသော စစ်လွန်းဝတီထက် ခေါ် သမီးရတနာ ဖွားမြင်သည်။[၂]
၂၀၂၀ ခုနှစ်တွင် ရတနာဆိုင်ရှင်များအတွက် Facebook Live ဖြင့် ဈေးရောင်းပေးရာတွင် အံ့အားသင့်ဖွယ် စံချိန်တင် ရောင်းချပေးနိုင်ခဲ့သည်။
Remove ads
အကယ်ဒမီ ရရှိမှု
ကိုးကား
ပြင်ပလင့်ခ်များ
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads