ထရူးဒို့စ်ဒေသရှိ ပန်းချီဆွဲထားသော ဘုရားရှိခိုးကျောင်းများ

From Wikipedia, the free encyclopedia

ထရူးဒို့စ်ဒေသရှိ ပန်းချီဆွဲထားသော ဘုရားရှိခိုးကျောင်းများ
Remove ads

ထရူးဒို့စ်ဒေသရှိ ပန်းချီဆွဲထားသော ဘုရားရှိခိုးကျောင်းများ သည် ဆိုက်ပရပ်စ်နိုင်ငံ အလယ်ပိုင်း ထရူးဒို့စ်တောင်တန်းများတွင် တည်ရှိသော ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာ တစ်ခုဖြစ်သည်။ ထိုအဆောက်အဦး အစုအဝေးတွင် ဘိုင်ဇန်တိုင်းခေတ် နှင့် ဘိုင်ဇန်တိုင်းခေတ်လွန် မှန်စီရွှေချများဖြင့် မွမ်းမံထားသည့် ဘိုင်ဇန်တိုင်း ဘုရားကျောင်း နှင့် ဘုန်းကြီးကျောင်း ၁၀ ခုပါဝင်သည်။ ထို အဆောက်အဦးတို့မှာ အောက်ပါအတိုင်း ဖြစ်သည်။

  1. ရုဖ်မှ စိန့်နီကိုလပ်စ်၏ ဘုရားကျောင်း၊​ကာကိုပက်ထရီးယား
  2. အာဂျီယို့စ် အိုင်အိုယန်နစ် ( စိန့်ဂျွန်) လမ်ပါဒစ်စတစ် ဘုန်းကြီးကျောင်း၊ ကာလိုပါနာဂျီအိုတစ်
  3. ပါနာဂီးယား (အပျိုစင်) ဖော်ဗွီယိုတစ်ဆာ (အာစီနိုး) ဘုရားကျောင်း၊ နီကီထရိုင်
  4. ပါနာဂီးယား (အပျိုစင်) တိုး အာရာကိုး ဘုရားကျောင်း၊ လန်ဂေါဒီးယား
  5. ပါနာဂီးယား (အပျိုစင်) ဘုရားကျောင်း၊ မော်တိုးလပ်စ်
  6. အာ့ချ်အန်ဂျလို မိုက်ကယ် (အာ့ချ်အန်ဂျယ် မိုက်ကယ်) ဘုရားကျောင်း၊ပီဒိုးလပ်စ်
  7. တီမီယို့စ် စထရာဗို့စ် (မြင့်မြတ်သော လက်ဝါးကပ်တိုင်)​ဘုရားကျောင်း၊​ ပီလန်ဒရီ
  8. ပါနာဂီးယား (အပျိုစင်)​ပိုဒီသိုး၊ ဂါလာတာ
  9. စထရာဗရော့စ် ( မြင့်မြတ်သော လက်ဝါးကပ်တိုင်) ဘုရားကျောင်း၊ ပလက်တာနစ်တာစာ
  10. အာဂီယာ ဆိုတီယာ (ကယ်တင်ရှင်၏ ပုံပြောင်းလဲခြင်း) တိုး ဆိုတီရော့စ် ဘုရားကျောင်း၊ ပါလိုင်ချိုရီ အိုရိန်းနစ်
အချက်တိုများ ထရူးဒို့စ်ဒေသရှိ ပန်းချီဆွဲထားသော ဘုရားရှိခိုးကျောင်းများ*, UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ ...

အစပိုင်း ၁၉၈၅ က ယူနက်စကိုမှ ဘုရားကျောင်း ၉ ခုကိုသာ ထည့်သွင်းခဲ့သော်လည်း ၂၀၀၁ ခုနှစ်တွင် ပလိုင်ချိုရီ ဘုရားကျောင်း ပါဝင်လာခဲ့သည်။[] ပါနာဂီးယား ခရိုင်ဆိုကော်ဒါလီယိုတစ်ဆာ ဘုရားကျောင်၊​ဆပီးလီးယားကို ၂၀၀၂ တွင် ထပ်မံတိုးချဲ့ရန် အတွက် စာရင်းသွင်းခဲ့သော်လည်း လက်ရှိတွင် ယာယီစာရင်း၌သာ ပါဝင်နေသေးသည်။[]


Thumb
ကွန်စတန်တင်း နှင့် ဟယ်လင်၊​ အာ့ချ်အန်ဂျယ် မိုက်ကယ် ဘုရားကျောင်း၊ ပီဒိုးလပ်စ်
Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads