ထားဝယ်ပညာရေးကောလိပ်
From Wikipedia, the free encyclopedia
Remove ads
ထားဝယ်ပညာရေးဒီဂရီကောလိပ်(အင်္ဂလိပ်: Dawei Education Degree College; DEC)သည် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ရှမ္မလည်ဆွဲရပ်ရှိ ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန လက်အောက်ခံ ပညာရေးကောလိပ်ကျောင်း ဖြစ်သည်။[၁] ကျောင်းသားသမဂ္ဂ ရှိသည်။
၂၀၁၉ ဒီဇင်ဘာမှ စပြီး၊ နိုင်ငံတဝန်း ပညာရေးကောလိပ် ၂၅ ကျောင်းကို ပညာရေးဒီဂရီကောလိပ်အဖြစ် အဆင့်တိုးမြှင့်ရာ ထားဝယ်ပညာရေးကောလိပ်လည်း ပါဝင်သည်။ ယခင် ၂ နှစ်တက် ဒီပလိုမာရသော သင်တန်းမှ ၄ နှစ်သင်တန်းသို့ ပြောင်းလဲခဲ့သည်။[၂]
Remove ads
ဆင့်ကဲဖွံ့ဖြိုးတိုးတက်
နှစ်ပေါင်း (၉၇)နှစ်အတွင်း ဆင့်ကဲပြောင်းလဲမှုများမှာ အောက်ပါအတိုင်းဖြစ်သည်။
-၁၉၂၅ခု နှစ်မှ ၁၉၆၄ ခုနှစ်အထိ ခရစ်ယာန်သာသနာပြုကျောင်း အဖြစ်လည်းကောင်း /မော်ရိုးကရင် အထက်တန်းကျောင်း အဖြစ်လည်းကောင်း
-၁၉၆၄ ခုနှစ်မှ ၁၉၇၆ ခုနှစ်အထိ အထက(၄) ထားဝယ် အဖြစ်လည်းကောင်း
-၁၉၇၇ ခုနှစ် မေလ(၂၃)ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကောလိပ် အဖြစ်လည်းကောင်း
-၁၉၈၀ပြည့်နှစ် ဧပြီလ (၁)ရက်နေ့တွင် ထားဝယ်ကောလိပ် အဖြစ်လည်းကောင်း
-၁၉၉၉ ခုနှစ် ဧပြီလ (၆)ရက်နေ့တွင် ထားဝယ်ဒီဂရီကောလိပ် အဖြစ်လည်းကောင်း
-၂၀၀၀ပြည့်နှစ် ဖေဖော်ဝါရီလ (၂၂)ရက်နေ့တွင် ထားဝယ်တက္ကသိုလ် အဖြစ်လည်းကောင်း
-၂၀၀၂ ခုနှစ် ဒီဇင်ဘာလ (၁၂)ရက်နေ့တွင် ထားဝယ်ပညာရေးကောလိပ် အဖြစ်လည်းကောင်း
-၂၀၂၀ပြည့်နှစ် ဩဂုတ်လ (၃၁)ရက်နေ့တွင် ထားဝယ်ပညာရေးဒီဂရီကောလိပ် အဖြစ်လည်းကောင်းဆင့်ကဲပြောင်းလဲခဲ့ပါသည်။ [၃]
Remove ads
အဆောင်များ
- နီလာဆောင် (ပထမနှစ်များ)(ယခု ဖြိုဖျက်ပြီး)
- ပုလဲဆောင် (ဒုတိယနှစ်များ)(ယခု ပုလဲဆောင် ၁)
- ပုလဲဆောင် ၂
- သန္တာဆောင်
- တိုးချဲ့ဆောင်
- အဏ္ဏဝါဆောင်
- ပိတောက်ဆောင်
- ဗထူးဆောင်
သင်တန်း
ပညာရေးဒီဂရီကောလိပ် တခုတွင် လုပ်ငန်းခွင်အကြို ဆရာအတတ်သင် ဒီပလိုမာပညာသင်တန်းတက် ကျောင်းသားဦးရေ အနည်းဆုံး ၁၀၀၀ မှ အများဆုံး ၂၀၀၀ ထိ ပညာသင်ယူနိုင်သည်။
၂၀၁၉ ပညာသင်နှစ်တွင် ထားဝယ်ပညာရေးကောလိပ်၌ ဦးရေ ၅၀၀ ဝန်းကျင်သာ ရှိသည်။ [၂]
လှုပ်ရှားမှု
၂၀၂၀ ဇန်နဝါရီတွင် အခြေခံပညာကျောင်းများဝယ် အတန်းငယ်များကို ဆယ်တန်းစာမေးပွဲ ပြီးစီးသည့် မတ်လ နှောင်းပိုင်းမှ ဖြေဆိုခိုင်းမည့် အစီအစဉ်ကို ကန့်ကွက်သည့် အနေဖြင့် ဖဲကြိုးစိမ်းလှုပ်ရှားမှုကို ပြုလုပ်၍ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။[၄]
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads