ထိုင်းအထက်လွှတ်တော်
From Wikipedia, the free encyclopedia
Remove ads
ထိုင်းအထက်လွှတ်တော် (ထိုင်း: วุฒิสภาไทย, ဝုတ္တိစဖာထိုင်း, Senate of Thailand) သည် ယခင်က ဖရွတ်တာစဖာ (พฤฒสภา) ဟု အမည်တွင်ခဲ့ပြီး ထိုင်းနိုင်ငံ၏ အထက်လွှတ်တော် ဖြစ်သည်။ အောက်လွှတ်တော် နှင့်အတူ ထိုင်းနိုင်ငံ၏ ဥပဒေပြုရေးအဖွဲ့အစည်းအဖြစ် တည်ရှိသည်။ ၂၀၁၇ ခုနှစ် ထိုင်းဘုရင့်နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ အထက်လွှတ်တော်၏ သက်တမ်းသည် ငါးနှစ် ဖြစ်သည်။ အထက်လွှတ်တော်သည် ဘန်ကောက်မြို့၊ ဒူဆစ်ခရိုင်ရှိ လွှတ်တော်အဆောက်အအုံအတွင်းရှိ အထက်လွှတ်တော်အစည်းအဝေးခန်းမ (ဘုရားစန္ဒြာခန်းမ) တွင် အစည်းအဝေးကျင်းပသည်။
Remove ads
ဖွဲ့စည်းပုံ
၂၀၁၇ ခုနှစ် ထိုင်းဘုရင့်နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပုဒ်မ ၁၀၇ အရ ထိုင်းအထက်လွှတ်တော် (Senate) သည် အဖွဲ့ဝင် ၂၀၀ ဦး ဖြင့် ဖွဲ့စည်းထားသည်။ ၎င်းအဖွဲ့ဝင်များကို သက်ဆိုင်ရာ အသိပညာ၊ ကျွမ်းကျင်မှု၊ ပညာရပ်ဆိုင်ရာ အတွေ့အကြုံ၊ သွင်ပြင်လက္ခဏာ သို့မဟုတ် တူညီသော အကျိုးစီးပွားများရှိသည့် ပုဂ္ဂိုလ်များ အချင်းချင်း ရွေးချယ်တင်မြှောက်သည့်စနစ် (self-nomination) ဖြင့် ရရှိသည်။
ပုဒ်မ ၁၀၉ အရ အထက်လွှတ်တော်၏ သက်တမ်းသည် ရွေးကောက်ပွဲရလဒ် ထုတ်ပြန်ကြေညာသည့်နေ့မှစ၍ ငါးနှစ် ဖြစ်သည်။ အထက်လွှတ်တော်အမတ်များ၏ အဖွဲ့ဝင်အဖြစ် ရပ်တည်မှုသည် ရွေးကောက်ပွဲကော်မရှင် (Election Commission) က ရွေးကောက်ပွဲရလဒ်ကို ကြေညာသည့်နေ့မှစ၍ စတင်သည်။
Remove ads
ဖတ်ပါ
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads