ထုက္ကံသိမ် ပုထိုးတော်ကြီး

From Wikipedia, the free encyclopedia

ထုက္ကံသိမ် ပုထိုးတော်ကြီးmap
Remove ads

ထုက္ကံသိမ် ပုထိုးတော်ကြီးသည် ရခိုင်ပြည်နယ်မြောက်ဦးမြို့တွင် တည်ရှိသည့် ရှေးဟောင်းပုထိုးတော်ကြီးတစ်ခု ဖြစ်သည်။ သျှစ်သောင်းပုထိုးတော်ကြီး၏ အနားတွင် တည်ရှိသည်။ တောင်မြောက် ပေ ၁၁၀၊ အရှေ့အနောက် ပေ ၁၃၇ ပေ ရှည်ပြီး ပေနှစ်ဆယ်ခန့်မြင့်သော တောင်ကုန်း၌ ကျောက်တုံးများဖြင့် တည်ဆောက်ထားသည်။ ပုထိုး၏ အနောက်တောင်ထောင့်တွင် ဘုရင့်ဥပုသ်ဆောင်တော် ရှိသည်။ ပုထိုးတော်ကြီးသည် အောက်ခံကျောင်းပေါ်ရှိ အလယ်စေတီကို စေတီလေးဆူ ရံထားပုံဖြစ်သည်။ စေတီပုံစံမှာ သပိတ်မှောက်အပေါ်၌ ကုဗပုံဓာတုဂမ္ဘ ဆင့်ထားဟန် ဖြစ်သည်။ အောက်ခံကျောင်း၌ ဝင်လမ်းတခုတည်းရှိပြီး ခရုပတ် ပုံစံလိုဏ်နှစ်ခုရှိသည်။ လိုဏ်လမ်းအဆုံး၌ ဂန္ဓကုဋီတိုက်ရှိသည်။ လိုဏ်လမ်းတလျှောက်၌ ဂူကျောင်း ၁၄၆ ကျောင်းရှိပြီး ဆင်းတုတော်များ ရှိသည်။ ဂူကျောင်းအဝတွင်ကျောက်ဆစ်ရုပ်ကြွများရှိပြီး စုစုပေါင်း ၃၃၀ ကျော်ရှိသည်။ မြောက်ဦးခေတ်လယ်ပိုင်း ဝတ်စားဆင်ယင်မှုကို တွေ့ရှိနိုင်သည်။ ရုပ်ကြွများကို ရာထူးအဆင့်အတန်းအလိုက် ဆင်ယင်မှုကွဲပြားအောင် ထုလုပ်ထားသည်။ ပုထိုးတော်ကို ကျောက်ပြားခင်း၊ ကျောက်ပြားမိုး သပ်စီပေါင်းခုံးစနစ်ဖြင့် တည်ဆောက်ထားသည်။ ဘုရင်မင်းဖလောင်းသည် ၁၅၇၁ ခုနှစ်တွင် တည်ထားခဲ့သည်။ ထုထည်ကြီးမား၍ ခရုခွေပုံစံ လိုဏ်ပတ်ကြောင့် ခံတပ်ဟုပင် ထင်ရလောက်သည်။

အချက်တိုများ ထုက္ကံသိမ် ပုထိုးတော်ကြီး, အချက်အလက်များ ...
Remove ads

ရုပ်ပုံများ

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads