ထေယျသံဝါသက

From Wikipedia, the free encyclopedia

ထေယျသံဝါသက
Remove ads

ထေယျသံဝါသကနှင့် စပ်၍ ထေနက (၃) မျိုး

အသွင်ကို ခိုးသော လိင်္ဂထေနက, ပေါင်းဖော်ခြင်းကို ခိုးသော သံဝါသထေနက, အသွင်နှင့် အပေါင်းအဖော် နှစ်ပါးစလုံးကို ခိုးသော ဥဘယထေနကဟု ထေနက (၃)မျိုးတို့ကို ပိုင်းခြား မှတ်သားသင့်သည်။[]

၁။ လိင်္ဂထေနက = ဆရာဥပဇ္ဈယ် မရှိဘဲ မိမိအလိုလို ကိုယ့်ဘာသာ သင်္ကန်းဝတ်၍ ရဟန်းဝါ ရှင်ဝါကိုလည်း မရေတွက်၊ ရဟန်း သာမဏေတို့၏ ရှိခိုးခြင်းကိုလည်း မသာယာ၊ ကံကြီး ကံငယ်ပြုရာ၌လည်း မပါဝင်သော သူသည် မစင်ကြယ်သော စိတ်ရှိသဖြင့် ရဟန်းအသွင် ရှင်အသွင်မျှလောက်ကိုသာ ခိုးခြင်းကြောင့် လိင်္ဂထေနက မည်၏၊[]

(မှတ်ချက်) မင်းဘေး ခိုးသူဘေး သူပုန်ဘေးစသည်တို့ကြောင့် မိမိကိုယ်တိုင် ကိုယ့်ဘာသာ သင်္ကန်းဝတ်၍ ရဟန်းယောင်ဆောင်သော်လည်း ရဟန်းဝါ ရေတွက်ခြင်း စသည်မပြုသော် လိင်္ဂထေနက မဖြစ်။[]

၂။ သံဝါသထေနက = ရှင်သာမဏေဖြစ်ပြီးသူသည် မိမိကို မသိကြသော တခြားအရပ်တစ်ပါးသို့ ရောက်သောအခါ ရဟန်း မဟုတ်ဘဲ ရဟန်းဝါ ရေတွက်ခြင်း, ဝါငယ်သော သာမဏေတို့၏ ရှိခိုးခြင်းကိုသာယာခြင်း, ဥပသမ္ပဒကံ ဥပုသ်ကံ စသည်တို့၌ ပါဝင်ခြင်းစသော အမှုကိုပြုအံ့၊ ထို သာမဏေသည် အပေါင်းအဖော်မျှသာ ခိုးသောကြောင့် သံဝါသထေနက မည်၏၊[]

၃။ ဥဘယထေနက = အကြင်သူသည် ဆရာဥပဇ္ဈာယ် မပါဘဲ မိမိဘာသာ သင်္ကန်းဝတ်၏၊ ရဟန်းဝါ ရေတွက်ခြင်း ကံကြီး ကံငယ်တို့၌ ပါဝင်ခြင်း စသည်ကိုလည်း ပြု၏၊ ထိုသူသည် အသွင်နှင့် ပေါင်းဖော်ခြင်း နှစ်ပါးစုံကို ခိုးခြင်းကြောင့် ဥဘယထေနက မည်၏၊[]

(ဆောင်) လိင်္ဂ, သံဝါသ၊ ဥဘယ၊ သုံးဝ ထေနကာ။ ကိုယ်တိုင်သင်္ကန်း၊ ဝတ်ဆင်မြန်း၍၊ ရဟန်းအသွင်၊ ခိုးတုံလျှင်၊ သူပင် လိင်္ဂသာ။ သာမဏေပင်၊ ရဟန်းဝန်ခံ၊ ပေါင်းဖော်ပြန်၊ ဆိုရန် သံဝါသာ။ နှစ်ပါးစုံ ခိုး၊ ထိုသူမျိုး၊ ခေါ်ရိုး ဥဘယာ။[]

Remove ads

ရှင်သာမဏေများ သတိထားဖွယ်

သာမဏေစစ်စစ် ဖြစ်ပြီးသော သူသည် လူထွက်လို၍(ဓာတ်ပုံ စသည် ရိုက်လို၍) အတွင်း၌ သင်္ကန်းခံထားသည်ဖြစ်စေ, ခံမထားသည်ဖြစ်စေ လူတို့၏ အဝတ်အထည်ကို လူတို့ဝတ်သောနည်းဖြင့် ဝတ်၍ ငါ၏ လူ့အသွင်သည် တင့်တယ်လေသလော, မတင့်တယ်လေသလောဟု စုံစမ်းရုံ စုံစမ်းအံ့၊ လိင်္ဂထေနက မဖြစ်သေး၊ ငါ၏ လူ့အသွင်သည် တင့်တယ်၏ဟု လူအဖြစ်ကို သဘောကျကျေနပ်ပြီးမှ တစ်ဖန် သာမဏေဝတ်နည်းအတိုင်း သင်္ကန်းကို ပြန်ဝတ်အံ့၊ လိင်္ဂထေနက ဖြစ်၏၊ ယခုခေတ် လူဝတ်ဖြင့် ဓာတ်ပုံရိုက်ကြသော သာမဏေတို့ အထူးသတိထားသင့်သည်။[]

Remove ads

လိင်္ဂထေနက နောက်တစ်နည်း

သာမဏေဖြစ်ပြီးသူသည် သင်္ကန်းကို ပြန်ဝတ်ဦးမည်ဟု သင်္ကန်း၌ ငဲ့ကွက်ခြင်းရှိသည် ဖြစ်၍ သင်္ကန်းကို ချွတ်ပယ်ကာ တခြားအဝတ်ကို ဝတ်၍ ဖြစ်စေ မဝတ်ဘဲဖြစ်စေ မေထုန်မှီဝဲပြီးနောက် မိမိဘာသာ သင်္ကန်းပြန်ဝတ်အံ့၊ သင်္ကန်း၌ ငဲ့ကွက်ခြင်း ရှိသည်ဖြစ်၍ ဆရာဥပဇ္ဈာယ်ရဟန်းသည် ပေးအပ်သောအသွင်ကို မစွန့်သောကြောင့် လိင်္ဂထေနက မဖြစ်၊ လိင်ကျသည်။ သီလပြန်ယူ ဥပဇ္ဈယ်ပြန်ယူ ရှင်သာမဏေဖြစ်နိုင်၏၊ သင်္ကန်း၌ ငဲ့ကွက်ခြင်း မရှိဘဲ မေထုန်မှီဝဲပြီးနောက် ယခင်အတိုင်း မိမိဘာသာ သင်္ကန်းပြန်ဝတ်က လိင်္ဂထေနက ဖြစ်၏၊ ရှင်အဖြစ် နေခွင့်မရ၊ ရဟန်းခံခွင့် မရတော့။[]

ရဟန်းကျိုးထက် ရှင်ကျိုးခက်

လိင်္ဂထေနက (= လိင်ခိုးသူ)အား နောင်သာမဏေဖြစ်ခွင့် မရတော့ပေ။ ရှင်ပါရာဇိကဟု ခေါ်သည်။ ရဟန်းများ ပါရာဇိကကျလျှင် ကိုရင်ကြီးဘဝ ရှင်သာမဏေ အဖြစ်နေလျှင် နေခွင့်ရသေး၏၊ ရှင်သာမဏေလိင်္ဂထေနက ဖြစ်က ရှင်သာမဏေအဖြစ်ပင် နေခွင့်မရတော့ချေ။ ထို့ကြောင့် ရှေးဆရာတို့ သည် “ရဟန်းကျိုးထက် ရှင်ကျိုးခက်သည်”ဟု မိန့်ဆိုတော်မူကြသည်။ ရှင်သာမဏေတို့ အထူးသတိထားသင့်သော အချက်ဖြစ်၏၊[]

ထေယျသံဝါသကနှင့် တိတ္ထိယပက္ကန္တက အထူး

သာသနာဝန်ထမ်း ရဟန်းဖြစ်ပါလျက် တိတ္ထိတို့၏ အယူဝါဒကို နှစ်သက်၍ တိတ္ထိဘောင် (တိတ္ထိအဖြစ်)သို့ ပြောင်းရွှေ့ကာ တိတ္ထိတို့၏ အဝတ်ကို ဝတ်နေသူ, တိတ္ထိတို့၏ အဝတ်ကို မဝတ်ဘဲနေသူကို တိတ္ထိယပက္ကန္တကဟု ခေါ်သည်။[]

ထေယျသံဝါသကသည် လူနှင့် သာမဏေများ၌သာ ဖြစ်ခွင့်ရှိ၏၊ တိတ္ထိယပက္ကန္တကား ရဟန်းများ၌သာ ဖြစ်ခွင့်ရှိသည်။ ဤသို့ အထူးကို သိပါ။

တိရစ္ဆာန်နှင့် စပ်၍ ရှေ့၌ ရေးခဲ့ပြီး၊ အပါယ်လေးပါး၌ ပြန်ကြည့်ပါ။ ဤ၌ ရဟန်းမခံဖို့ရန် ပယ်ရှားထားသော လူယောင်ဆောင်တတ်သော နဂါး, ဂဠုန်, နတ်, သိကြားတို့ကိုပါ တိရစ္ဆာန်အရ ယူပါ။[]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads