ထွန်းကော်မာရှယ်ဘဏ်

From Wikipedia, the free encyclopedia

ထွန်းကော်မာရှယ်ဘဏ်

ထွန်းကော်မာရှယ်ဘဏ်သည် ပုဂ္ဂလိကဘဏ်တစ်ခုဖြစ်ပြီး ယခင်က ထွန်းဖောင်ဒေးရှင်းဘဏ် နာမည်ဖြင့် ၈ ဇွန်လ ၁၉၉၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။ ဘဏ်၏ အမြတ်အစွန်းအားလုံးသည် နွမ်းပါးချို့တဲ့သော မိသာစုများမှ ကလေးငယ်များ၏ ပညာတော်သင်ဆု စကောလားရှစ်အဖြစ် အသုံးပြု လှူဒါန်းသည်။

အချက်တိုများ အမျိုးအစား, လုပ်ငန်း ...
ထွန်းကော်မာရှယ်ဘဏ်လီမိတက်
Tun Commercial Bank (TCB)
အမျိုးအစားပုဂ္ဂလိကဘဏ်
လုပ်ငန်းဘဏ်
တည်ထောင်သည့်နှစ်၈ ဇွန် ၁၉၉၄
ဌာနချုပ်ရန်ကုန် မြန်မာ
အရေးပါ ပုဂ္ဂိုလ်များဦးသိန်းထွန်း (ဥက္ကဋ္ဌ)
အလုပ်သမားဦးရေ၄၅၀[] (၂၀၁၄)
ဝက်ဘ်ဆိုက်tunfoundationbankmyanmar.com/eng/
ပိတ်ရန်

ဘဏ်သမိုင်းကြောင်း

ထွန်းဖောင်ဒေရှင်းဘဏ်ကို MGS Group of companies မှ ဥက္ကဋ္ဌဖြစ်သူ ဦးသိန်းထွန်းမှ ၁၉၉၄ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ ဘဏ်ရုံးချုပ်မှာ အမှတ်(၂၃၀)၊ မဟာဗန္ဓုလလမ်းနှင့် ဗိုလ်မြတ်ထွန်းလမ်းထောင့်၊ ဗိုလ်တထောင်မြို့နယ်ရန်ကုန်မြို့တွင် တည်ရှိပြီး မန္တလေး၊ နေပြည်တော် စသည့်မြို့ကြီးများမှစ၍ တိုးချဲ့ခဲ့ရာ ယနေ့အချိန်တွင် ဘဏ်ခွဲ ၂၀ ခုကို တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့သည်။ ၂၀၀၃ ခုနှစ်တွင် ငွေကြေးအကျပ်အတည်းကြောင့် ပြည်တွင်းဘဏ်အချို့ ပိတ်သိမ်းခဲ့ရသော အခြေအနေမှ ကျန်ရှိနေခဲ့သော ဘဏ်လည်း ဖြစ်သည်။ ပုဂ္ဂလိကဘဏ်တစ်ခုသာ ဖြစ်ပြီး တိကျသော စီးပွားရေးမူဝါဒများဖြင့် လည်ပတ်လျက်ရှိသည်။ ဘဏ်၏ ရှယ်ယာဝင်များသည် ရရှိလာသော အမြတ်အစွန်း ကို ပရဟိတလုပ်ငန်းများတွင် အဓိကအသုံးပြုကြသည်။[]

၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်နေ့မှစတင်ကာ ထွန်းဖောင်ဒေးရှင်းဘဏ် အမည်မှ ထွန်းကော်မာရှယ်ဘဏ် အမည်သို့ ပြောင်းလဲခဲ့သည်။

ပရဟိတလုပ်ငန်းများ

၁၉၉၄ ခုနှစ် ဘဏ်စတင်တည်ထောင်ချိန်မှ စ၍ အခွန်ဆောင်ပြီး ကျန်ရှိသော ငွေကြေးများကို လှူဒါန်းမှုများတွင် အသုံးပြုသည်။ အမှုဆောင်အဖွဲ့မှ ဦးစီးတည်ထောင်ထားသော ကျောင်းများနှင့် ဆေရုံများအပါအဝင် လှူဒါန်းမှုများမှာ အဓိကမှာဖြင့် ပညာရေးနှင့် ကျန်းမာရေးတွင် အသုံးပြုသည်။

ဆုတံဆိပ်များ

ထွန်းဖောင်ဒေးရှင်းဘဏ်မှာ ဦးစီး၍ ချီးမြှင့်သော ဆုတံဆိပ်များဖြစ်သည်။

Best Painting of the Year

မြန်မာပန်းချီပညာရှင်များစွာ ပေါ်ပေါက်လာစေရန် ရည်သန်၍ ၂၀၀၇ ခုနှစ်မှစ၍ ထွန်းဖောင်ဒေးရှင်းဘဏ်မှ ဦးစီးဦးရွတ်ပြု၍ Best Painting of the Year ဆု ချီးမြှင့်ပွဲကို ကျင်းပခဲ့သည်။ နိုင်ငံတကာ စံချိန်စံနှုန်များနှင့်အညီ Myanmar Traditional Artists and Artisans Association မှ အကဲဖြတ်ဒိုင်များအဖြစ်ကြီးမှူးပြီး အာဆီယံနှင့် တရုတ်နိုင်ငံများမှာ လည်း ဒိုင်များအဖြစ်ပါဝင်ကာ အကဲဖြတ်ပေးကြသည်။ ၁၈ ဒီဇင်ဘာ ၂၀၀၈ ခုနှစ်တွင် ဆုပေးပွဲကို ဘဏ်လုပ်ငန်းရှင်များအသင်းရုံးချုပ် ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့တွင် ကျင်းပခဲ့သည်။ ပထမဆုကို ဆီမီးခွက်အကပန်းချီကားဖြင့် နီပိုဦးမှ ပထမဆုဆွတ်ခူးပြီး ငွေကျပ် ၃ သန်း ကိုချီးမြှင့်ခဲ့သည်။ Best Paintings of the Year 2010 ပြပွဲနှင့် ပြိုင်ပွဲကို မြန်မာ့ဘဏ်လုပ်ငန်းရှင်များအသင်း အဆောက်အအုံတွင် ၁၁-၁၅ ဒီဇင်ဘာ ၂၀၁၀ ထိကျင်းပခဲ့ပြီး ပန်းချီပညာရှင် ၂၅၀ ၏ ပန်းချီကား ၃၀၀ ရွေးချယ်ခံခဲ့ရသည်။ အဆိုပါ ပန်းချီကားများကို ဝယ်ယူနိုင်ရန်အလိုငှာ Gallery 65 တွင်လည်း ၁၈-၃၁ ဒီဇင်ဘာ ၂၀၁၀ ထိ ပြသထားခဲ့သည်။

ထွန်းဖောင်ဒေးရှင်းစာပေဆု

မြန်မာ့စာပေကို မြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် ၂၀၀၆ ခုနှစ်မှ စတင်၍ ထွန်းဖောင်ဒေးရှင်းစာပေဆုကို ချီးမြှင့်ခဲ့သည်။ စာပေရွေးချယ်စိစစ်ရေးကော်မတီမှ စာအုပ်(၇)အုပ်၊ စာမူ(၇)နှင့် အင်္ဂလိပ်ဘာသာဖြင့် ရေးသားသော စာအုပ် (၂)အုပ်ကို ရွေးချယ်ခဲ့သည်။ ထိုနှစ် ၂၀၀၆ ခုနှစ်တွင် ဆုရရှိသူများမှာ ခင်ခင်ထူး၊ မိုးမိုးတာရောစန်၊ ဂျူနီယာဝင်းဝင်းမောင်ဒေါက်တာစိုးလွင်ဒေါက်တာတိုးလှမောင်ဝံသတို့ ဖြစ်ကြသည်။

၂ ဧပရယ် ၂၀၁၁ ခုနှစ်တွင် ပဉ္စမအကြိမ်မြောက် ထွန်းဖောင်ဒေးရှင်းစာပေဆုကို မြန်မာ့ဘဏ်လုပ်ငန်းရှင်များအစည်းအရုံးအဆောက်အဦးတွင် ကျင်းပခဲ့သည်။ အဆိုပါပွဲကို ပြန်ကြားရေးဝန်ကြီးဌာနနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန မှ ဝန်ကြီး ဦးကျော်ဆန်း နှင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ တက်ရောက်ခဲ့သည်။ ထိုနှစ်တွင် ထွန်းဖောင်းရှင်းတစ်သက်တာစာပေဆုကို ဦးလှမြိုင်(ကိုဆောင်း) ကို ချီးမြှင့်ခဲ့သည်။ ထိုနှစ်အတွက်စာပေဆုကို ထွန်းဦးတင်မှ ဆွတ်ခူးရရှိခဲ့သည်။

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.