ထွန်းရီ
From Wikipedia, the free encyclopedia
Remove ads
ထွန်းရီ သည် မြန်မာ့တပ်မတော် ဒုတိယကာကွယ်ရေးဦးစီးချုပ်ဟောင်းနှင့် နိုင်ငံရေးသမားဖြစ်သည်။
ဤ ဆောင်းပါးသည် မည်သည့် ကျမ်းညွှန်း (သို့) အကိုးအကား ကိုမှ ရည်ညွှန်းထားခြင်းမရှိပေ။ |
ငယ်ဘဝနှင့် ပညာရေး
၁၉၂၆ခု၊ စက်တင်ဘာလ ၁၁ ရက်နေ့တွင် မြင်းမူမြို့နယ်၊ ဝမ်းပြည့်ရွာ၌ မွေးသည်။ မိဘများမှာ ဗိုလ်မှူးကြီးထွန်းလူနှင့် ဒေါ်တင်မေတို့ဖြစ်ကြသည်။
မြင်းမူနှင့်မန္တလေးမြို့များ၌ ပညာသင်ကြားပြီး မန္တလေး၌ အထက်တန်းအောင်သည်။
စစ်မှုထမ်းဘဝ
၁၉၄၃ ခုတွင် ဂျပန်အားတိုက်ရန် ဗမာ့ကာကွယ်ရေးတပ်မတော်သို့ ဝင်သည်။ ၁၉၄၃ ခုတွင် မှော်ဘီ စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အပတ်စဉ် (၃) သို့ တက်သည်။ ၁၉၄၅ ခု၊ ဇန်နဝါရီလ ၅ ရက်တွင် သင်တန်းဆင်းသည်နောက် ဒုတိယဗိုလ်အဆင့်ဖြင့် ဗမာ့လက်နက်ကိုင်တပ်ရင်း (၄) ၌ တာဝန်ကျသည်။
ဖက်ဆစ်တော်လှန်ရေး၌ တိုင်း (၁)၊ တပ်ရင်း (၁၀၆) လက်အောက်ခံအဖြစ် ပါဝင်ခဲ့သည်။
လွတ်လပ်ရေးရသည်နောက် ဗိုလ်ကြီးအဆင့်ဖြင့် ဗထူး၌ တပ်ခွဲမှူးသင်တန်းတက်ရောက်သည်။ ထိုကာလ၌ အစ္စရေးနိုင်ငံ ကာကွယ်ရေးဝန်ကြီး မိုရှေးဒါယန်းက အရှေ့တောင်အာရှရှိ စစ်ကျောင်းများကို လေ့လာရေးလာ၍ ဗထူးသို့ ရောက်လာသည်။ မိုရှေးဒါယန်းက သင်တန်းသား ထွန်းရီနှင့် မြေပုံစစ်ထိုးတမ်းကစားရာ ညနေ ၆ နာရီမှ မနက် ၄ နာရီခန့်အထိ ကြာမြင့်ပြီးနောက် ထွန်းရီက နိုင်သည်။ မိုရှေးဒါယန်းက စစ်ဗိုလ်ချုပ်ဖြစ်နိုင်ကြောင်း အားပေးချီးကျူးခဲ့သည်။
၁၉၆၆ ခုတွင် ကယားလက်နက်ကိုင်တပ်ရင်း (၁) ၌ ဗိုလ်မှူးအဆင့်ဖြင့် တပ်ရင်းမှူး၊ ၁၉၆၉ ခု၌ ဗမာ့လက်နက်ကိုင်တပ်ရင်း (၅) တွင် ဒုတိယဗိုလ်မှူးကြီးအဆင့်ဖြင့် တပ်ရင်းမှူး၊ ၁၉၇၀ ပြည့်တွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၌ ဗိုလ်မှူးကြီးအဆင့်ဖြင့် ဒုတိယတိုင်းမှူး ဖြစ်ခဲ့သည်။ ဒုတိုင်းမှူးဖြစ်သည့်အတွက် လမ်းစဉ်ပါတီ၏ ဗဟိုကော်မတီဝင်လည်း ဖြစ်လာသည်။ ၁၉၇၁ ခု၌ နာမည်ကျော် ကွမ်းလုံ ရက် (၄၀) တိုက်ပွဲကို ကြီးကြပ်ခဲ့သည်။
၁၉၇၆ ခုတွင် ဗိုလ်မှူးချုပ်၊ ၁၉၇၈ ခုတွင် ကြည်းစစ်ဆင်းရေးအထူးအဖွဲ့မှူး၊ ၁၉၇၉ ခုတွင် ဗိုလ်ချုပ်၊ ၁၉၈၀ ပြည့် ဩဂုတ်လ ၆ ရက်တွင် ဒုတိယကာကွယ်ရေးဦးစီးချုပ်၊ ၁၉၈၂ ခုတွင် ဒုတိယဗိုလ်ချုပ်ကြီး၊ ၁၉၈၃ ခုတွင် နိုင်ငံတော်ကောင်စီဝင်အဖြစ် ရာထူးနေရာများ အဆင့်ဆင့်တိုးတက်ခဲ့ပြီးနောက် ၁၉၈၅ ခုတွင် အငြိမ်းစားယူသည်။
Remove ads
နိုင်ငံရေးလမ်းကြောင်း
၁၉၈၅ တွင် လမ်းစဉ်ပါတီ၏ ဗဟိုကော်မတီဝင်အဖြစ် ဆက်နေရသည်။ ၁၉၈၈ ခုတွင် အထွေထွေအတွင်းရေးမှူးဖြစ်လာသည်။
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) ဖွဲ့သည်နောက် ဗဟိုကော်မတီဝင်အဖြစ် ပါခွင့်ရသည်။
၁၉၉၃-၂၀၀၇ ကာလ၌ အမျိုးသားညီလာခံ အခြေခံဥပဒေရေးဆွဲရာ၌ တစညကိုယ်စားလှယ်အဖြစ် ပါဝင်သည်။
၂၀၁၀ ပြည့်မှသည် ကွယ်လွန်သည်အထိ တစညပါတီဥက္ကဋ္ဌဖြစ်သည်။
မိသားစုဘဝ
ဇနီးဖြစ်သူ ဒေါ်နန်းခမ်းဆိုင်နှင့် သားသမီး ၄ ယောက်ထွန်းကားသည်။
ဘဝနိဂုံး
၂၀၁၄ ခု၊ ဧပြီလ ၄ ရက်တွင် ရွှေဂုံတိုင်အထူးကုဆေးခန်း၌ လူကြီးရောဂါနှင့် လွန်သည်။
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads