ဒက္ခိဏာဝိသုဒ္ဓိ

From Wikipedia, the free encyclopedia

ဒက္ခိဏာဝိသုဒ္ဓိ
Remove ads

(၁) အလှူ၏–စင်ကြယ်–အကျိုးကြီး-ခြင်း။[][] (၂) အလှူစင်ကြယ်ခြင်း၏ အကြောင်း၊

စင်ကြယ်ခြင်း ၂-မျိုး

(က) ပေးလှူလိုသော ဒါနစေတနာ၏ စင်ကြယ်ကြောင်း။[] (ခ) ပေးလှူအပ်သော ဒါတဗ္ဗဝတ္ထု၏ စင်ကြယ်ကြောင်း။ [](ယင်း-အကြောင်းတို့သည် အလှူရှင်နှင့် အလှူခံ ပုဂ္ဂိုလ်တို့၏ သီလ-စသော ဂုဏ်များပင် ဖြစ်၏။ ထိုဂုဏ်များကိုစွဲ၍ ဒက္ခိဏာဝိသုဒ္ဓိ ၄-မျိုး ဖြစ်၏။

ဒက္ခိဏာဝိသုဒ္ဓိ ၄-မျိုး

  • (၁) အလှူရှင်သာ စင်ကြယ်၍ အလှူခံ မစင်ကြယ်သော ဒါန, “ဝေဿန္တရာမင်းဇူဇကာပုဏ္ဏားအား ပေးလှူသော ဒါနမျိုး”
  • (၂) အလှူခံသာစင်ကြယ်၍ အလှူရှင် မစင်ကြယ်သော ဒါန, “ကလျာဏီမြစ်ကမ်းနေ တံငါသည်၏ ဒီဃသောမထေရ်အား ပေး လှူသော ဒါနမျိုး”
  • (၃) ၂-ဦးစုံ မစင်ကြယ်သော ဒါန, “ဒုဿီလရဟန်းအား ဝဍ္ဎမာန တောနေ မုဆိုး၏ ဆွေမျိုးပြိတ္တာကို ရည်မှတ်၍ ပေးလှူ သော ဒါနမျိုး”
  • (၄) ၂-ဦးစုံ စင်ကြယ်သောဒါန ကောသလမင်းကြီး၏ အသဒိသဒါနမျိုး”ဟူ၍ ၄-ပါးရှိ၏။ []
Remove ads
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads