ဒဏ္ဍပါဏိသိက္ခာပုဒ်

From Wikipedia, the free encyclopedia

ဒဏ္ဍပါဏိသိက္ခာပုဒ်
Remove ads

ဒဏ္ဍ, သတ္ထ, အာဝုဓပါဏိသိက္ခာဒ်များ (သုရုသုရုဝဂ်)

တုတ်, ဓါးစသော လက်နက်, လေး

၄-တောင်ရှိသော တုတ်ကိုသာ “ဒဏ္ဍ”ဟုခေါ်၏။ ဓါး, သန်လျက် စသော လက်နက်ကို “သတ္တ” ဟု ခေါ်၏။ လေးမြှားကို “အာဝုဓ”ဟု ခေါ်၏။ ဆဗ္ဗဂ္ဂီရဟန်းတို့သည် လက်၌ တုတ်စသည် ရှိသူတို့အား တရားဟောကြသောကြောင့် ရဟန်းတို့က ကဲ့ရဲ့ကြသဖြင့် “မဟောရ” ဟု တားမြစ်တော်မူပြီးလျှင် ဂိလာန ဖြစ်သူတို့အား မဟောကြသောအခါ လူတို့က ကဲ့ရဲ့ကြပြန်သောကြောင့်-[]

“န ဒဏ္ဍပါဏိဿ...၊

န သတ္ထပါဏိဿ...၊

န အာဝုဓပါဏိဿ အဂိလာနဿ ဓမ္မံ ဒေသေဿာမီတိ သိက္ခာ ကရဏီယာ”။ ဟု ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

Remove ads

မြန်မာပြန်

“ဂိလာန မဟုတ်ဘဲ လက်၌တုတ်(တောင်ဝှေး)ကိုင်ထားသူ, ဓါးစသော လက်နက်တစုံတရာ ကိုင်ထားသူ, လေးမြှားကိုင် ထားသူအား တရားမဟောအံ့”ဟု အလေ့အကျင့်ကို ပြုရမည်၊ ဂိလာန ဖြစ်နေလျှင်ကား ထိုပုဂ္ဂိုလ်များအား တရားဟောကောင်း၏။

သုရုသုရုဝဂ် ပြီး၏။

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads