ဒဏ္ဍသုတ်

From Wikipedia, the free encyclopedia

Remove ads

(၃)သုတ် ရှိပါသည်။

[] ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် ကောင်းကင်သို့ ပစ်လွှတ်လိုက်သောဒုတ်သည် အရင်းဖြင့်ကျလိုက်၊ အလယ်ဖြင့်ကျလိုက်၊ အဆုံးဖြင့်ကျလိုက်ဖြစ်သကဲ့သို့၊ အဝိဇ္ဇာဖြင့် ဖုံးအုပ်, တဏှာဖြင့် နှောင်ဖွဲ့ထားသော သတ္တဝါတို့သည် ဘဝတစ်ခုမှ ဘဝတစ်ခုသို့ ပြေးသွား ပြောင်း ရွှေကြကုန်လျက် ဤဘဝမှ ထိုဘဝသို့ ထိုဘဝမှ ဤဘဝသို့ လာရောက်ကြရကုန်၏။ ဘဝသံသရာ အစမရှိခြင်းကြောင့်ပေတည်း။ ထို့ကြောင့် အလုံးစုံသော သင်္ခါရဓမ္မတို့၌ ငြီးငွေ့ခြင်း, တပ်မက်မှုကင်းခြင်းမှ လွတ်မြောက်ခြင်းငှါ, အားထုတ်လိုက်တော့သည် သာဟု ရဟန်းတို့အား ဘုရားရှင် ဟောကြားတော်မူသည့်သုတ်။

ဋီကာ၌ ဖွင့်ဆိုချက်များရှိပါသည်။


[] ဘုရားရှင် ဝံသနိုင်ငံ ကောသမ္ဗီမြို့တော်အနီး သီသပါဝန၌ သီတင်းသုံးနေတော်မူစဉ် အထက်ပါသုတ်အတိုင်း သစ္စာလေးပါးကို မသိခြင်းကြောင့် သံသရာ၌ ပြောင်းရွှေ့ကျင်လည်ရပုံကို မိန့်ကြားတော်မူပြီး သစ္စာသိမြင် ကျွတ်တမ်းဝင်အောင် အားထုတ်ကြရမည်ဟု ဘုရားရှင်က ရဟန်းတော်တို့အား ဟောကြားတော်မူသည့်သုတ်။


[] ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် သာဝတ္ထိမြို့တော်နှင့် ဇေတဝန်ကျောင်းတော်အကြား၌ မြွေကို ဒုတ်ဖြင့် ရိုက်နှက်သတ်ဖြတ်နေကြသော သူငယ်တို့ကို တွေ့မြင်၍ “သုခကာမာနိ” အစရှိသော (၂)ဂါထာဖြင့် ဥဒါန်းကျူးရင့်တော်မူသည့်သုတ်။

အဋ္ဌကထာ၌ အတ္ထုပ္ပတ္တိနှင့်တကွ အကျယ်ကို ဖွင့်ဆိုထားပါသည်။ []

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads