ဒဏ္ဍဟတ္ထ
From Wikipedia, the free encyclopedia
Remove ads
ဂဇဟတ္ထပုံနှင့် ဆင်တူဖြစ်သည်။

လက်ဝဲလက်သည် ရှေ့သို့ဆန့်တန်း၍ဖြစ်စေ, ကိုယ်ခန္ဓာကို ကန့်လန့်ဖြတ်၍ဖြစ်စေ ထားသောဟန် ဖြစ်သည်။ တောင်ဝှေးသဏ္ဌာန် လက်ဟန်ထားခြင်းဖြစ်၍ ဒဏ္ဍဟတ္ထဟုခေါ်သည်။
တန်ခိုးကြီးမားပုံ အင်အားဗလကြီးမားပုံကို သရုပ်ဆောင်ထားခြင်းဖြစ်သည်။
တပေါစ မင်္ဂလာ, ဓမ္မေသု အပ္ပမာဒမင်္ဂလာများကို ရရှိကြစေရန် တိုက်တွန်းခြင်း အနက်သဘော ဖြစ်သည်။
ဝီရရသ, အဗ္ဘုတရသများကို ပေါ်လျှင်စေသည်။
ဝီရိယပါရမီ, အဓိဋ္ဌာနပါရမီစခန်းများသို့ ညွှန်ပြလျက်ရှိပေသည်။
ပြယုဂ်ပုံစံအားဖြင့် နဋရာဇပုံများတွင် အများဆုံးတွေ့ရှိရသည်။ ရသေ့ပုံများ ပုဏ္ဏားများ၏ ရုပ်တုတို့တွင် တခါတရံ ဤဟတ္ထပုံဖြင့် တွေ့ရသည်။
ဒဏ္ဍဟတ္ထဖြင့် ရုပ်ပွားဆင်းတုများ ထုလုပ်စီရင် ကိုးကွယ်သူသည် ခိုင်ခံ့တည်ကြည်ခြင်း, စည်းစိမ်ခိုင်မြဲ တည်တံ့ခြင်း, ရဲရင့်ခြင်း, မကောင်းဆိုးဝါး အစိမ်းသားရဲ့ သင်းကွဲပြိတ္တာ နတ်မိစ္ဆာတို့က မနှောင့်ယှက် နိုင်ခြင်း, ရန်သူတကာကိုအောင်နိုင်ခြင်း စသော အကျိုးထူးများကို ရနိုင်သည်ဟု ကျမ်းဂန်ဟောင်း များ၌ ဖွင့်ဆိုမိန့်မြွက်ထားပါသည်။
အချို့ပညာရှိများကမူ ဗျာဒိတ်တော်ညွှန်းပုံပင် ဖြစ်သည်ဟူ၍ မှတ်ချက်ပေးကြပါသည်။ [၁]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads