ဒန္တကဋ္ဌသုတ်
From Wikipedia, the free encyclopedia
Remove ads
[၁] ဒန်ပူစားခြင်း၏ အကျိုးငါးပါးနှင့် ဒန်ပူမစားခြင်း၏ အပြစ်ငါးပါးတို့ကို ကဏှပက္ခ, သုက္ကပက္ခအားဖြင့် ဘုရားရှင်, ရဟန်းတို့အား ဟောတော်မူသည့်သုတ်။ [၂]
ဒန္တကဋ္ဌသုတ် သည် မြတ်စွာဘုရား ဟောကြားတော်မူခဲ့သည့် သုတ္တန်တစ်ခု ဖြစ်သည်။ ဤသုတ္တန်တွင် မြတ်စွာဘုရားသည် တံပူမစားခြင်း၏ အပြစ်ငါးမျိုးနှင့် တံပူစားခြင်း၏ အာနိသင်ငါးမျိုးကို ဟောကြားတော်မူခဲ့သည်။[၃]
ဒန္တကဋ္ဌသုတ်
ရဟန်းတို့ တံပူမစားခြင်း၌ အပြစ်တို့သည် ဤငါးမျိုးတို့တည်း။ အဘယ်ငါးမျိုးနည်း ဟူမူ -
- မျက်စိ မကြည်လင်။
- ခံတွင်း အနံ့ မကောင်း။
- အရသာကို ဆောင်တတ်သော အကြောတို့ မစင်ကြယ်ကုန်။
- သည်းခြေ သလိပ်သည် အစာကို မြှေးယှက်ကုန်၏။
- ထို (တံပူမစား) သူအား ထမင်းမမြိန်။ [၃]
ရဟန်းတို့ တံပူမစားခြင်း၌ အပြစ်တို့သည် ဤငါးမျိုးတို့တည်း။[၃]
ရဟန်းတို့ တံပူစားခြင်း၌ အာနိသင်တို့သည် ဤငါးမျိုးတို့တည်း။ အဘယ်ငါးမျိုးနည်းဟူမူ - [၃]
- မျက်စိ ကြည်လင်၏။
- ခံတွင်း အနံ့ ကောင်း၏။
- အရသာကို ဆောင်တတ်သော အကြောတို့ စင်ကြယ်ကုန်၏။
- သည်းခြေ သလိပ်သည် အစာကို မမြှေးယှက်။
- ထို (တံပူစား) သူအား ထမင်းမြိန်၏။ [၃]
ရဟန်းတို့ တံပူစားခြင်း၌ အာနိသင်တို့သည် ဤငါးမျိုးတို့တည်း ဟု (မိန့်တော်မူ၏)။[၃]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads