ဒန်မမ်မြို့
From Wikipedia, the free encyclopedia
Remove ads
ဒန်မမ်မြို့သည် ဆော်ဒီအာရေဗျနိုင်ငံ အရှေ့ပိုင်းပြည်နယ်၏ မြို့တော် ဖြစ်သည်။ ပြည်နယ်၏ အုပ်ချုပ်ရေး နှင့် တရားစီရင်ရေး ရုံးချုပ်များနှင့် အခြားသော အစိုးရရုံးများ တည်ရှိရာ မြို့ ဖြစ်သည်။ ဒန်မမ်မြို့သည် အရှေ့ပိုင်းပြည်နယ်တွင် အကြီးဆုံးမြို့ဖြစ်ပြီး ဆော်ဒီအာရေဗျနိုင်ငံတွင် ရီယာ့ဒ်၊ ဂျဒါး၊ မက္ကာ နှင့် မယ်ဒီနာတို့ပြီးလျှင် ပဉ္စမမြောက် အကြီးဆုံး မြို့ ဖြစ်သည်။ ဒန်မမ် မြို့ကြီးဒေသ၏ အလယ်ဗဟိုတွင် ရှိပြီး ဆော်ဒီအာရေဗျ၏ တတိယမြောက် အကြီးဆုံး မြို့ကြီးဒေသဖြစ်ကာ ၂၀၁၂ ခုနှစ်တွင် ခန့်မှန်းခြေ လူဦးရေ ၄,၁၀၀,၀၀၀ ဦးမျှ ရှိသည်။ ဒန်မမ် မြို့ကြီးဒေသ သို့မဟုတ် ဂရိတ်တား ဒန်မမ်သည် အက်ဒန်မမ်မြို့နှင့် ၎င်း၏ ဆင်ခြေဖုံးဒေသများနှင့် ဆက်စပ်တည်ရှိနေပြီး ထိုဒေသများသည် မြို့တော်နှင့် လူမှုရေး၊ စီးပွားရေး နှင့် ယဉ်ကျေးမှုတို့ အရ ဆက်နွယ်လျက် ရှိသည်။
Remove ads
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads