ဒမားစကပ်မြို့

ဆီးရီးယားနိုင်ငံ၏ မြို့တော် From Wikipedia, the free encyclopedia

ဒမားစကပ်မြို့
Remove ads

ဒမားစကပ်မြို့သည် ဆီးရီးယားနိုင်ငံ၏ မြို့တော်ဖြစ်သည်။ ကမ္ဘာ့သမိုင်းတွင် ရှေးအကျဆုံးသော မြို့ကြီးတမြို့ဖြစ်၍ လွန်ခဲ့သော အနှစ် ၄၀၀၀ ကျော်ကစ၍ တည်ရှိခဲ့ကြောင်း အထောက်အထားများ တွေ့ရသည်။ ကမ္ဘာအရပ်ရပ်မှ ထောင်ပေါင်းများစွာသော မွတ်စလင်ဘုရားဖူးတို့သည် မက္ကာမြို့သို့ ဘုရားဖူးရန်အလို့ငှာ ဤမြို့တွင် စုရုံးလေ့ရှိ၏။ ထိုမြို့တွင် ဗလီပေါင်း ၂၅၀ ခန့်မျှရှိ၍ ထိုဗလီများအနက် အွမ်မီအက်ဘုရင်တို့၏ ဗလီကြီးသည် ကျောက်ဖြူများ၊ မှန်စီကွက်များဖြင့် ဆောက်လုပ်ထားသောကြောင့် အထူးပင် ထင်ရှား၏။ ဒမားစကပ်မြို့သည် ရဒါမြစ်ပေါ်တွင် တည်ရှိသည်။ ထိုမြစ်၏ မြစ်ဝှမ်းတလျှောက်တွင် ရှောက်၊ လိမ္မော်၊ သစ်တော့၊ သဖန်း၊ ပန်းသီး၊ သလဲသီး၊ ဖရဲသီး စသောအသီးမျိုးစုံထွက်ရာ ဥယျာဉ်များရှိသည်။ ဆီးရီးယားသဲကန္တာရကြီး၏ အစွန်းဖြစ်သော စိမ်းလဲ့သည့် လွင်ပြင်တွင် လှပစွာ တည်ရှိသည့်အလျောက် သဲကန္တာရအတွင်း ဖြတ်သန်းလာကြရသော အာရပ်လူမျိုးခရီးသည်တို့အတွက် ထိုမြို့သည် လောကနိဗ္ဗာန်ဟုပင် အောက်မေ့ထင်မှတ်ကြရ၏။ ထိုကြောင့် ထိုမြို့ကို ‘ကန္တာရ၏ပုလဲ’ ဟု အမည်ပေးထားကြသည်။ ရှေးနှစ်ပေါင်း ၄၀၀၀ ခန့်ကစ၍ တည်ခဲ့သော်လည်း ဒမားစကပ်မြို့၏ အခြေအနေမှာ ယနေ့တိုင်ထူးခြားပြောင်းလဲခြင်းမရှိသေးပေ။ ယက်ကန်းစင်များမှာ ရှေးခေတ်အတိုင်းပင် ရက်လုပ်လျက်ရှိသည်။ ဤလက်ယက်ကန်းစင် များမှာ ကမ္ဘာကျော်ရောင်စုံ ပိုးထည်များ ရရှိခဲ့လေသည်။ ဘီစီ ၁၂၀၀ ပြည့်နှစ်ခန့်က အာရပ်နိုင်ငံများတွင် ဒမားစကပ်မြို့သည် အထင်ရှားဆုံးဖြစ်ခဲ့၏။ သို့ရာတွင် ထိုမြို့သည် ဘီစီ ၃၃၃ ခု၌ မဟာအလက်ဇန္ဒားဘုရင်ကြီး လက်အောက်သို့ ကျရောက်ခဲ့၍ အေဒီ ၆၃ ခုနှစ်တွင် ရောမအင်ပိုင်ယာကြီး၏ လက်အောက်သို့ တဖန်ရောက်ခဲ့ပြန်သည်။ ထို့နောက် အေဒီ ၆၃၅ ခုနှစ်ကစ၍ ပထမကမ္ဘာစစ်ကြီးဖြစ်သည့်တိုင်အောင် အာရပ်နှင့် တူရကီတို့ပိုင်ဖြစ်ခဲ့သော်လည်း ပထမကမ္ဘာစစ်ကြီးပြီးသောအခါ၌မူ ပြင်သစ်တို့သည် ဒမားစကပ်နယ်ကို ဆီးရီးယားပြည်နှင့် အတူပေါင်း၍ အုပ်ချုပ်ခဲ့လေသည်။ ထိုအချိန်အတွင်း၌ တော်လှန်ရေးတိုက်ပွဲများကြောင့် မြို့မှာအတော်ပင် ပျက်စီးခဲ့ရသည်။

အချက်တိုများ ဒမားစကပ်မြို့ Damascusدمشق(အာရပ်), နိုင်ငံ ...
အချက်တိုများ ဒမားစကပ်ရှေးဟောင်းမြို့*, UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ ...

ဒုတိယကမ္ဘာစစ်တွင် ပြင်သစ်တပ်မတော်နှင့် မဟာမိတ်တပ်များက သိမ်းပိုက်၍ လွတ်လပ်သော ဆီးရီယားနိုင်ငံ၏ မြို့တော်အဖြစ် ကျေညာခဲ့၏။ အလွန်ရှေးကျသော မြို့ကြီးဖြစ်သည့်အလျောက် လမ်းများသည် အချို့နေရာ၌ ကျဉ်းမြောင်း၍ ညစ်ညမ်းလှ၏။ သို့ရာတွင် တမန်တော်စိန်ပေါ ဖြတ်သွားခဲ့ဘူးသည်ဟု ဆိုသော လမ်းမကြီးကား အလွန်ရှည်လျား ဖြောင့်တန်းပြီးလျှင် ဆိုင်ကနားများဖြင့် ပြည့်နှက်လျက်ရှိသည်။ ထိုလမ်းတွင် ပိုးထည်၊ စောင်နှင့် သတ္တုကုန်ပစ္စည်းများကို ရောင်းချကြသည်။ ဒမားစကပ်မြို့ကြီးကား ရှေးအခါမှစ၍ ယခုတိုင်အောင် ကူးသန်းရောင်းဝယ်ရေးတွင် ဗဟိုအချက်အချာမြို့ကြီး ဖြစ်လေသည်။


[]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads