ဒသုတ္တရသုတ်

From Wikipedia, the free encyclopedia

Remove ads

[] ဘုရားရှင် အင်္ဂနိုင်ငံ စမ္ပာမြို့တော် ဂဂ္ဂရာရေကန် ကမ်းနား၌ သီတင်းသုံးနေတော်စဉ် အရှင်သာရိပုတ္တရာထေရ်က ရဟန်းတော်တို့အား ဧကကဓမ္မမှစ၍ ဒသဓမ္မ အထိ တစ်မျိုးတစ်မျိုးလျှင် ဆယ်ပါးစီသောဓမ္မတို့ကို ဟောတော်မူသည့်သုတ်။

ဤသုတ်တော်၏အဆုံး၌ ရဟန်းတော် (၅၀၀)တို့ ပဋိသမ္ဘိဒါဉာဏ် လေးတန်နှင့်တကွ အရဟတ္တဖိုလ်ကို ရရှိပုံကို အဋ္ဌကထာ၌ ပြဆိုထားပါသည်။

အဋ္ဌကထာ၌ ဘုရားရှင်လက်ထက်တော်၌ ဘိက္ခုသန္နိပါတ တစ်နှစ်လျှင် (၂)ကြိမ်ရှိပုံ၊ အလုပ်ပေးကမ္မဋ္ဌာန်း ပေးတော်မူပုံ၊ အခါအားလျော်စွာ အဂ္ဂသာဝက နှစ်ပါးထံ ရဟန်းများကို ဘုရားရှင် စေလွှတ်တော်မူပုံ၊ ဝေနေယျပုဂ္ဂိုလ်များကို ပြဆိုပြီး ပါဠိတော်လာပုဒ်တို့ကို ဖွင့်ဆိုထားပါသည်။ ဋီကာ၌လည်း ဖွင့်သင့်သမျှ ဖွင့်ပြချက် များရှိပါသည်။ []


ဤသုတ်ကား ဓမ္မအချက်စုများကို ဖော်ပြသောသုတ်ဖြစ်သည်။ ဥပမာ-

  • ဗဟကာရတပါး = အပ္ပမာဒ၊
  • ဗဟုကာရနှစ်ပါး= သတိ၊ သမ္ပဇည၊
  • ဗဟုကာရသုံးပါး= သပ္ပုရိသသံသေဝ၊ သဒ္ဓမ္မသဝန၊ ဓမ္မာနုဓမ္မပဋိပတ္တိ၊ စသည်တို့ဖြစ်သည်။[]
Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads