ဒါနန့်မြို့

From Wikipedia, the free encyclopedia

ဒါနန့်မြို့
Remove ads

ဒါနန်မြို့သည် ဗီယက်နမ်နိုင်ငံ အလယ်ပိုင်း၏ တောင်ဘက်အခြမ်းတွင် တည်ရှိသော အဓိက ဆိပ်ကမ်းမြို့ တစ်မြို့ ဖြစ်သည်။ တောင်တရုတ်ပင်လယ်ကမ်းရိုးတန်းပေါ်တွင် တည်ရှိပြီး ဟန်မြစ်ဝတွင် တည်ရှိသည်။ ဗီယက်နမ်နိုင်ငံ အလယ်ပိုင်း၏ ကုန်သွယ်ရေး နှင့် ပညာရေး အချက်အချာမြို့ ဖြစ်သည်။ ကောင်းမွန်စွာ တည်ဆောက်ထားပြီး အလွယ်တကူ သွားလာနိုင်သော ဆိပ်ကမ်းနှင့် အဝေးပြေးလမ်းမများ အနီးတွင် တည်ရှိခြင်းကြောင့် သယ်ယူပို့ဆောင်ရေး ဗဟို အချက်အချာ နေရာ အဖြစ် တည်ရှိသည်။ ဟူးနန်းမြို့တော်ဟွိုင်အင်းမြို့ဟောင်း နှင့် မိုင်ဆွန်အပျက်အစီးများ စသည့် ယူနက်စကို ကမ္ဘာ့အမွေခံ နေရာ အချို့နှင့် ၁၀၀ ကီလိုမီတာ ပတ်လည်တွင် တည်ရှိသည်။ အစောပိုင်း ဒိုင်းဗီယက်တို့ အခြေချ နေထိုင်စဉ် အခါက ကွာဟန်မြို့ဟု ခေါ်ခဲ့ပြီး ပြင်သစ်ကိုလိုနီ ခေတ်အခါက တိုရိန်းမြို့ဟု ခေါ်ဆိုခဲ့ကြသည်။

Thumb
ဒါနန်မြို့ မြင်ကွင်း
Remove ads

အုပ်ချုပ်ရေး

နောက်ထပ် အချက်အလက်များ အမည်, အမည် (ဗီယက်နမ်) ...
Remove ads
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads