ဒါရုက္ခန္ဓောပမသုတ်
From Wikipedia, the free encyclopedia
Remove ads
(၂)သုတ် ရှိပါသည်။
[၁] ဘုရားရှင် ဝံသနိုင်ငံ ကောသမ္ဗီမြို့တော်အနီး ဂင်္ဂါမြစ်ကမ်း၌ သီတင်းနေတော်မူစဉ် ဂင်္ဂါမြစ်၌ မျောပါလာသော သစ်တုံးကြီးပမာထား၍ သင်တို့လည်း ဤဘက်ကမ်း ဟိုဘက်ကမ်းမကပ်, အလယ်၌မနစ်မြုတ်, ကြည်းကုန်း၌လည်းမတင်, လူမဆယ်, နတ်, ဘီလူးမဆယ်, ဝဲမစုတ်, အတွင်းမပုပ်ကြပဲ နိဗ္ဗာန်၌ ညွတ်ယိမ်းကိုင်းရှိုင်းကြကုန်လော့၊ သမ္မာဒိဋ္ဌိသည် နိဗ္ဗာန်သို့ ညွတ်ယိမ်းကိုင်းရှိုင်းသော တရားပေတည်း”ဟု မိန့်ကြားတော်မူစဉ် အညတရ ရဟန်းလျှောက်ထားသဖြင့် ယင်းအပြစ်(၈)ပါးကို ရဟန်းတို့အား ဘုရားရှင် အကျယ်ဟောကြားတော်မူသည့်သုတ်။
ဒေသနာတော်အဆုံး၌ နန္ဒနွားကျောင်းသား ရဟန်းအဖြစ်ကို တောင်းပန် လျှောက်ထားပြီး ရဟန်းပြု၍ တရားအားထုတ်ရာ မကြာမီ အာသဝေါကင်းကွာ ရဟန္တာဖြစ်ပုံကို ပြဆိုသည့်သုတ်။
ဤသုတ်၌ သမုဒ္ဒရာသို့ မရောက်နိုင်သောသစ်တုံး၏ အပြစ်ရှစ်ပါးနှင့် သဒ္ဓါပဗ္ဗဇိတကုလပုတ္တ၏နိဗ္ဗာန်သို့ မရောက်နိုင်သော အပြစ်ရှစ်ပါးတို့ကို ဟောတော်မူပါသည်။
အဋ္ဌကထာ၌ အဋ္ဌဒေါသဝိမုတ္တသစ်ပင် (၈)မျိုးနှင့် နိဗ္ဗာန်သို့ မရောက်နိုင်သော ရဟန်း(၈)မျိုးတို့ကို အကျယ်နှိုင်းယှဉ်ပြဆိုချက် ပါဠိတော်လာပုဒ်တို့၏ မှတ်သားဖွယ် ဖွင့်ဆိုချက်တို့ကို ပြည့်ပြည့်စုံစုံ ဖွင့်ပြထားပါသည်။
ဋီကာ၌လည်း လိုအပ်သော ဖွင့်ဆိုချက်များ ပါရှိပါသည်။
[၂] ဘုရားရှင် ပဉ္စာလ(ဒက္ခိဏ) နိုင်ငံ၊ ကိမိလမြို့တော်အနီး ဂင်္ဂါမြစ်ကမ်းဝယ် သီတင်းသုံးနေတော်မူစဉ် ဂင်္ဂါမြစ်၌ မျောလာသော သစ်တုံးကြီးကို အကြောင်းပြု၍ အထက်သုတ်တော်အတိုင်း ရဟန်းတို့အား ဟောတော်မူသည့်သုတ်။
အဋ္ဌကထာ, ဋီကာတို့၌ ဖွင့်ဆိုချက် အနည်းငယ်ရှိပါသည်။ [၃]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads