ဒိဋ္ဌိသုတ်

From Wikipedia, the free encyclopedia

Remove ads

(၂)သုတ် ရှိပါသည်။

[] ကာယဒုစရိုက်, ဝစီဒုစရိုက်, မနောဒုစရိုက်, မိစ္ဆာဒိဋ္ဌိဟူသော တရား (၄)ပါးနှင့်ပြည့်စုံသူသည် ငရဲသို့ရောက်ရ၏။ ကာယသုစရိုက်, ဝစီသုစရိုက်, မနော သုစရိုက်, သမ္မာဒိဋ္ဌိဟူသော တရားသုံးပါးနှင့် ပြည့်စုံသောသူသည် နတ်ပြည်သို့ ရောက်ရ၏ဟု ကဏှပက္ခ, သုက္ကပက္ခ တရားလေးပါးတို့ကို ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ၌ မိစ္ဆာဒိဋ္ဌိသည် မနောဒုစရိုက်တွင်ပါဝင်သော်လည်း အပြစ်ကြီးသောကြောင့် သီးခြားထုတ်၍ ဟောတော်မူကြောင်း ဖွင့်ပြထားပါသည်။


[] အထက်သုတ်ပါ ကဏှပက္ခတရားလေးပါးနှင့်ပြည့်စုံ မိုက်မဲ, မလိမ္မာသော သူယုတ်မာသည် မိမိခန္ဓာကိုယ်ကို တူးဖြိုဖျက်ဆီးလျက် ဆောင်ရွက်၏။ အပြစ် လည်းရှိ၏။ ပညာရှိတို့လည်း ကဲ့ရဲ့အပ်၏။ များစွာသော မကောင်းမှုကို ဖြစ်ပွားစေ၏။ သုက္ကပက္ခတရားလေးပါးတို့နှင့် ပြည့်စုံသောပညာရှိ လိမ္မာသော သူတော်ကောင်းသည် မိမိကိုယ်ခန္ဓာကို မတူးဖြို မဖျက်ဆီးပဲဆောင်၏၊ အပြစ်လည်းမရှိ၊ ပညာရှိတို့သည်လည်း မကဲ့ရဲ့အပ်၊ များစွာသောကောင်းမှုကို ဖြစ်ပွားစေ၏ဟု ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။

[]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads