ဒီပါဝလီ

ဒီဝါလီ သို့ ဒီပါ၀လီ From Wikipedia, the free encyclopedia

ဒီပါဝလီ
Remove ads

ဒီဝါလီ သို့မဟုတ် ဒီပါ၀လီ သည် ဟိန္ဒူဘာသာဝင်တို့၏ မီးထွန်းပွဲတော် ဖြစ်သည်။ နှစ်စဉ်နှစ်တိုင်း ဆောင်းဦးအချိန်တွင် ကျင်းပသည်။ ဒီပါ၀လီပွဲတော်သည် ဟိန္ဒူဘာသာဝင်တို့၏ ပွဲတော်များထဲမှ အကျော်ကြားဆုံးတစ်ခု ဖြစ်သည်။[][][][][] ပွဲတော်ကျင်းပသည့် ကာလတွင် ဘုရားကျောင်းများ၊ လူနေအိမ်များ၊ ဈေးဆိုင်များနှင့် အများပြည်သူနှင့်ဆိုင်သည့် အဆောက်အအုံများတွင် မီးတို့ကို လှပစွာ ထွန်းကြသည်။[] ပွဲတော်သည် ငါးရက်ကြာမြင့်သည်။ ဂရီဂိုးရီးယန်းပြက္ခဒိန်အရ ပွဲတော်သည် အောက်တိုဘာလလယ်နှင့် နိုဝင်ဘာလလယ်တို့တွင် ကျင်းပလေ့ ရှိသည်။ များသောအားဖြင့်သီတင်းကျွတ်လကွယ်နေ့တွင် ကျင်းပလေ့ရှိသည်။[]

အချက်တိုများ ဒီဝါလီ သို့မဟုတ် ဒီပါ၀လီ, အခြားအမည်များ ...


ပွဲတော်အတွက် မိမိတို့၏ နေအိမ်များ၊ အလုပ်နေရာများကို အလှဆင်ခြင်း၊ သန့်ရှင်းရေးပြုလုပ်ခြင်းများ ပြုလုပ်ကြသည်။ ထို့နောက်တွင် အကောင်းမွန်ဆုံး အဝတ်အစားတို့ကို ဝတ်ဆင်ကြသည်။ အိမ်အတွင်းအပြင်တွင် ဖယောင်းတိုင်များ၊ ဆီမီးအိမ်များ စသည်တို့ကို အလှဆင်ကြပြီး ပုဂျ နှင့် လက်ရှ်မီးမယ်တော်တို့ကို အရိုအသေပေး ကြသည်။[]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads