ဒုက္ကဋ်အာပတ်

From Wikipedia, the free encyclopedia

ဒုက္ကဋ်အာပတ်
Remove ads

မကောင်းသဖြင့် (ချွတ်ယွင်း-ချော် လွှဲ-စေ၍) ပြုအပ်သော အမှု၊ မကောင်းမှု။ []

  • (၂) စက်ဆုပ်အပ်စွာ ပြုအပ်သော အမှု။ []
  • (၃) (က) မတင့်တယ်သော-ပြုခြင်း-အမူရာ။
  • (ခ) မကောင်းသော ပြုခြင်း-အမူအရာ။ []
  • (ဂ) ဖောက်ပြန်သော-ပြုခြင်း–အမူအရာ၊ ဒုက္ကဋ် အာပတ်။ []
  • (၄) မကောင်းသဖြင့်-ပြုကျင့်-အပ်သော၊ အပြစ်ရှိသော (အမှု-စသည်)။ [] []

ဒုက္ကဋ်အာပတ် ၈-မျိုး

ယင်း-ဒုက္ကဋ်အာပတ်သည်-

  1. မခိုးမီ ရှေးအဖို့၌ဖြစ်သော ပယောဂကြောင့် သင့်ရောက်သော (ပုဗ္ဗပယောဂ) ဒုက္ကဋ်,
  2. ခိုးခြင်းနှင့် တကွဖြစ်သော ပယောဂကြောင့် သင့်ရောက်သော (သဟပယောဂ) ဒုက္ကဋ်,
  3. မသုံးသပ်ကောင်း မကိုင်ကောင်းသော ဝတ္ထုကို သုံးသပ်ခြင်း, ကိုင်ခြင်းကြောင့် သင့်ရောက်သော (အနာမာသ) ဒုက္ကဋ်,
  4. မကောင်းသဖြင့် ကျင့်ခြင်းကြောင့် သင့် ရောက်သော (ဒုရုပစိဏ္ဏ) ဒုက္ကဋ်,
  5. ဝိနည်း ပါဠိတော်၌ ပညတ်ထားအပ်သော (ဝိနယ) ဒုက္ကဋ်,
  6. “သံဃာကွဲပြားအောင် အားထုတ်နေ၏”ဟု ကြားသိလျက် မပြောဆိုခြင်းကြောင့် သင့်ရောက်သော (ဉာတ) ဒုက္ကဋ်
  7. ဉတ် (သံဃာတော်ကို သိစေခြင်း) ကြောင့် သင့်ရောက်သော (ဉတ္တိ) ဒုက္ကဋ်,
  8. ဝန်ခံမှု၏ ပျက်ကွက်ခြင်းကြောင့် သင့် ရောက်သော (ပဋိဿဝ) ဒုက္ကဋ် အာပတ်-ဟူ၍ ၈-မျိုးရှိ၏ [] []

ထို့ပြင် - ၉။ ဝတ္တဘေဒဒုက္ကဋ်၊ ၁၀။ သဒ္ဓါဒေယျဝိနိပါတဒုက္ကဋ်၊ ၁၁။ ဥဂ္ဂဟိတဒုက္ကဋ်၊ ၁၂။ အန္တောဝုတ္ထဒုက္ကဋ်၊ ၁၃။ အန္တောပက္ကဒုက္ကဋ်၊ ၁၄။ သာမံပက္ကဒုက္ကဋ်၊ ၁၅။ ပုနပက္ကဒုက္ကဋ်၊ ၁၆။ ဗီဇဂါမပါတဗျဒုက္ကဋ်၊ ၁၇။ သေခိယဒုက္ကဋ် စသည်ဖြင့် ဒုက္ကဋ်အာပတ်များလည်း ရှိသေး၏၊[]

ဝတ္တဘေဒဒုက္ကဋ်

မဟာဝါ စူဠဝါ ဝတ္တခန္ဓက၌ ပညတ်တော်မူအပ်သော ဝတ်ကြီး (၁၄)ပါး၊ ဝတ်ငယ် (၂၂)ပါးအတိုင်း မကျင့်လျှင် ဝတ္တဘေဒဒုက္ကဋ်အာပတ် သင့်၏၊[]

သဒ္ဓါဒေယျဝိနိပါတဒုက္ကဋ်

အလှူရှင်တို့သည် သဒ္ဓါတရား ရှေ့ထား၍ လှူထားသော ပစ္စည်းများကို လှူသော ဒါယကာ, ဒါယိကာမများ၏ သဒ္ဓါတရားပျက်စီးအောင် မကောင်းသဖြင့် သုံးစွဲလျှင် သဒ္ဓါဒေယျဝိနိပါတဒုက္ကဋ်အာပတ် သင့်၏၊[]

ဥဂ္ဂဟိတဒုက္ကဋ်

ဒုရူပစိဏ္ဏဒုက္ကဋ်၌ ပြဆိုထားသော ခဲဖွယ် ဘောဇဉ်နှင့် ကာလိကလေးပါး၊ စားသောက်ဖွယ်ရာများကို ကိုင်ရုံ ထိရုံမကဘဲ နေရာမှ ရွေ့လောက်အောင် မြှောက်ချီဆွဲမလျှင် ဥဂ္ဂဟိတဒုက္ကဋ်အာပတ် သင့်၏၊ ဒုရူပစိဏ္ဏဖြစ်သော အစားအစာကို ကိုင်သော ထိသော ရဟန်းတစ်ပါးသာ မစားကောင်း မသောက်ကောင်း၊ အခြားရဟန်းများကား စားကောင်းသေး၏၊ အကပ်မခံရသေးသော အစားအစာကို မြှောက်ချီမ, မိလျှင် ထိုဥဂ္ဂဟိတဖြစ်သော အစားအစာကိုကား ရဟန်းအားလုံးပင် မစားသောက်ကောင်းတော့ပြီ။ ထို့ကြောင့် ရဟန်းတော်များသည် အကပ်မခံရသေးသော အစားအစာများကို ထိခြင်း, ရွေ့ခြင်း, မခြင်း, ကိုင်မြှောက်ခြင်း မပြုမိစေရန် အရေးကြီးလှသည်။[]

အန္တောဝုတ္ထဒုက္ကဋ်

အကပ္ပိယကုဋိ (= မအပ်သောကျောင်း)တို့၌ သဟသေယျလောက်သော အမိုးအကာအရံအတွင်း၌ ယာဝကာလိက၊ ယာမကာလိက နှစ်မျိုးတို့ကို အရုဏ်တက်သည့်တိုင်အောင် သိုမှီးသိမ်းဆည်း၍ ညသိပ်ထားခြင်းကို အလျင်း မပြုရ။ ညဉ့်သိပ်ထားခြင်းကို ပြုခဲ့သော် ထိုဝတ္ထုသည် အန္တောဝုတ္ထ ဖြစ်၏၊ ထိုဝတ္ထုကို အကပ်ခံစားသောက်သော ရဟန်းအား အန္တောဝုတ္ထဒုက္ကဋ်အာပတ် သင့်၏၊[]

အန္တောပက္ကဒုက္ကဋ်

ထို အကပ္ပိယကုဋီကျောင်းအတွင်း၌ ထိုကာလိကနှစ်မျိုးတို့ကို လူ, သာမဏေတို့ ချက်ပြုတ်ကြော်လှော်ခဲ့သည်ရှိသော် ထိုဝတ္ထုတို့သည် အန္တောပက္က ဖြစ်ကုန်၏၊ ထိုဝတ္ထုတို့ကို စားသောက်သော ရဟန်းအား အန္တောပက္ကဒုက္ကဋ် အာပတ် သင့်၏၊ အကပ္ပိယကုဋီကျောင်းနှင့် စပ်၍ သေနာသနကျောင်းအခန်း၌ ပြဆိုမည် ဖြစ်ပါသည်။[]

သာမံပက္ကဒုက္ကဋ်

ရဟန်းကိုယ်တိုင် ရှေးကာလိကနှစ်မျိုးတို့ကို ကပ္ပိယကျောင်း၊ အကပ္ပိယကျောင်း အခြားနေရာတို့၌ ကြော်လှော် ချက်ပြုတ် ဖုတ်ကင် ပေါင်းခြင်းတို့ကို မပြုရာ၊ မပြုကောင်းပေ။ ထိုသို့ ပြုခဲ့သော် ထိုဝတ္ထုအားလုံးသည် သာမံပက္က ဖြစ်တော့၏၊ ထိုသာမံပက္ကဝတ္ထုကို စားသောက်သော ရဟန်းအားလုံး သာမံပက္ကဒုက္ကဋ်အာပတ် သင့်၏၊[]

ပုနပက္ကဒုက္ကဋ်

လူ, သာမဏေတို့ ချက်၍ ကျက်ပြီးသော ကာလိကနှစ်မျိုးတို့ကို တစ်ဖန် ပြန်ချက်မှု, ပြန်နွှေးမှုသည် ပုနပက္ကမည်၏၊ ရဟန်းကိုယ်တိုင် ပြုလုပ်နိုင်၏၊ အပြစ် မရှိ၊ ကျက်ပြီးသော ထမင်းအေး ဟင်းအေးတို့ကို ရဟန်းကိုယ်တိုင် မီး၌ နွှေးအပ်၏၊ ကျက်ပြီးသော ထမင်းကို ယမန်း (ဆန်ပြုတ်)ဖြစ်အောင် ကျိုနိုင်၏၊ ကျိုကောင်း၏၊ ရဟန်းကိုယ်တိုင် ကျိုသော, နွှေးသော ဝတ္ထုကိုမူကား ရှေ့ကာလိကဝတ္ထုနှစ်မျိုးတို့နှင့် မရောမယှက်စေဘဲ သက်သက်သီးခြား စားသောက် ဘုဉ်းပေးအပ်၏၊ ရောနှော၍ စားသောက်ခဲ့သော် ပုနပက္ကဒုက္ကဋ် အာပတ်သင့်၏၊ အန္တောဝုတ္ထ၊ အန္တောပက္က၊ သာမံပက္က၊ ပုနပက္က ဤလေးချက်တို့ကို ကွဲကွဲပြားပြားသိအောင် လေ့လာ မှတ်သားသင့်၏၊

(ဆောင်) အန္တောဝုတ္ထ, အန္တောပက္က, သာမံပက္က, ဤသုံးဝ၊ ယာဝ ယာမမှာ။ ကျက်ပြီးကိုလျက်၊ တစ်ဖန်ချက်၊ သက်သက်အပ်သည်သာ။ ရှေ့ကာလိနှစ်၊ ရောပြန်လစ်၊ အပြစ် ရှိပြန်လာ။[]

ဒုက္ကဋ် (၃) မျိုး သင့်နိုင်

နောက်ကာလိကနှစ်မျိုး သတ္တာဟကာလိကယာဝဇီဝိကနှစ်မျိုးတို့ကား ရဟန်းကိုယ်တိုင် ကြော်လှော် ချက်ပြုတ်သော်လည်း အန္တောဝုတ္ထ၊ အန္တောပက္က၊ သာမံပက္က ဖြစ်စေကာမူ ဒုက္ကဋ် (၃)မျိုးမှ လွတ်ကင်းနိုင်သည်။ သို့သော် ရှေး ကာလိကဖြစ်သော ယာဝကာလိက (= ခဲဖွယ် ဘောဇဉ်)၊ ယာမကာလိက (= အဖျော်ယမကာ)တို့နှင့် မရောမယှက် သက်သက်စားသောက်မှသာ အာပတ်သုံးမျိုးမှ လွတ်ကင်းနိုင်၏၊ ထိုရှေ့ကာလိကနှစ်ပါးနှင့် ရောနှော၍ မစားကောင်း၊ စားသောက်ခဲ့သော် အန္တောဝုတ္ထ၊ အန္တောပက္က၊ သာမံပက္ကဒုက္ကဋ် အာပတ်သုံးမျိုးတို့ သင့်ရောက်နိုင်သည်။[]

ဗီဇဂါမပါတဗျဒုက္ကဋ်

မျိုးစေ့အပေါင်းကို ဗီဇဂါမ်ဟု ခေါ်သည်။ မူလ = အမြစ်၊ ခန္ဓ = ပင်စည်၊ ဖလု = အဆစ်၊ အဂ္ဂ = အညွန့်၊ ဗီဇ = အစေ့၊ ဤ ဗီဇဂါမ်ငါးမျိုးကို ဖျက်ဆီးလျှင် ဗီဇဂါမပါတဗျဒုက္ကဋ်အာပတ် သင့်၏၊ ထို့ကြောင့် ရဟန်းတော်များသည် ထို မျိုးစေ့ဖြစ်သော ငါးမျိုးတို့ကို စားသောက်လိုလျှင် လူ, သာမဏေတို့ကို ကပ္ပိစေခြင်း ပြုပြီးမှသာလျှင် စားကောင်း ဘုဉ်းပေးကောင်းသည်။[]

သေခိယဒုက္ကဋ်

သေခိယသိက္ခာပုဒ်များ လွန်ကျူးလျှင် ဒုက္ကဋ်အာပတ်သင့်၏၊ ထိုသေခိယသိက္ခာပုဒ်များကို စာရိတ္တဝိနည်းဖြစ်ခြင်းကို ပြဆိုတော်မူလိုသောကြောင့် အာပတ်အမည်တပ်၍ ပညတ်တော်မမူချေ။ ထိုသေခိယကျင့်ဝတ်တို့ကို မသိ၍ဖြစ်စေ, သတိမေ့လျော့၍ဖြစ်စေ, လွန်ကျူးလိုသော စေတနာမရှိ၍ ဖြစ်စေ မကျင့်မိ မလိုက်နာမိလျှင် အပြစ်မရှိ, အာပတ်မသင့်သော်လည်း သိလျက်နှင့် မရိုမသေပြုပြီး သိလျက်နှင့် မကျင့်သော်ကား သေခိယဒုက္ကဋ် အာပတ် သင့်၏၊ သိ၍ ကျင့်လျှင်ကား အကျိုးရသည်။ ဂါရဝကုသိုလ် ဖြစ်သည်။[]

အခြား အမည်များ

(၁) ရဟန်း ယောကျ်ားတို့၏ ဒုက္ကဋ်, (၂) ရဟန်းမတို့၏ ဒုက္ကဋ်ဟူ၍ ၂-မျိုးရှိ၏ []

  • မာတိကာ၌လာသော အာပတ် ၅-မျိုးတို့တွင် ၅-ခု မြောက်အာပတ်[၁၀]
  • ဝိဘင်း၌လာသော အာပတ် မျိုးတို့တွင် ၆-ခုမြောက်အာပတ် [၁၁]
  • အာစာရ, သီလ ဝိပတ္တိ ၂-မျိုးတို့တွင် အာစာရဝိပတ္တိ [၁၂]
  • မာတိကာ ဝိဘင်း၌လာသော အာပတ် ၂-မျိုးတို့တွင် မာတိကာ၌လာသော အာပတ် [၁၃],
  • ဂရုက, လဟုက အာပတ် ၂-မျိုးတို့တွင် လဟုက
  • သာဝသေသ, အနဝသေသ အာပတ် ၂-မျိုးတို့တွင် သာဝသေသ
  • သပ္ပဋိကမ္မ, အပ္ပဋိကမ္မ အာပတ် ၂-မျိုးတို့တွင် သပ္ပဋိကမ္မ
  • ဒေသနာဂါမိနီ, အဒေသနာဂါမိနီ အာပတ်၂-မျိုးတို့တွင် ဒေသနာဂါမိနီအာပတ် [၁၄]၌ ပါဝင်၏။[]
Remove ads

ရဟန်းနှင့် မလျော်သော အမှုဟူသမျှပြုခြင်းသည် ဒုက္ကဋ်

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads